MySport Myanmar

မစ်ဒယ်ဘရော့အသင်းမှာ ဆေးစစ်မှုတွေ ခံယူနေပြီဖြစ်တဲ့ မန်စီးတီးဂိုးသမား စတက်ဖန်

မန်ချက်စတာစီးတီးအသင်းရဲ့ အရန်ဂိုးသမားဖြစ်သူ ဇက်စတက်ဖန်ဟာ မန်စီးတီးမှာ ပင်တိုင်ဂိုးသမား အီဒါဆန်ကို ကျော်ဖြတ်ပြီး ပုံမှန်နေရာ တစ်နေရာကို ရရှိဖို့ မလွယ်ကူတဲ့အပြင် အသင်းကို နောက်ထပ် ဂိုးသမားသစ်တစ်ဦးပါ ထပ်မံရောက်ရှိလာခဲ့တာကြောင့် ပွဲကစားခွင့်က မသေချာတော့တဲ့အတွက် လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၇)နှစ်အရွယ်ရှိ အမေရိကန်လက်ရွေးစင် ဂိုးသမား စတက်ဖန်ဟာ ၂၀၁၉ခုနှစ်မှာ အမေရိကန် မေဂျာလိဂ်ကလပ် ကိုလံဘတ်စ်ခရူးအသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၆.၁)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးက စတက်ဖန်ကို ခေါ်ယူပြီးချင်းမှာပဲ အသင်းမှာ ချက်ချင်းနေရာမပေးသေးပဲ ဂျာမန်ကလပ် ဒူဆယ်ဒေါ့ဖ်လ်အသင်းဆီ တစ်ရာသီ အငှားချခဲ့ပြီး စတက်ဖန်က ဒူဆယ်ဒေါ့ဖ်လ်အတွက် ဘွန်ဒစ်လီဂါ (၁၇)ပွဲအထိ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ စတက်ဖန်က ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှပဲ မန်စီးတီးအသင်းအတွက် စတင် ကစားပေးခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်ထိတော့ (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၁)ပွဲအထိ ပါဝင်ခဲ့ရပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ အသင်းရဲ့ ဂိုးပေါက်မှာ ဘရာဇီးလ် ဂိုးသမား အီဒါဆန်ကိုပဲ ပိုုမိုနေရာပေးသလို အီဒါဆန်ကလည်း အကောင်းဆုံး လက်စွမ်းပြနေတာကြောင့် သူ့ကို ကျော်ဖြတ်ပြီး နေရာရဖို့က အရန်ဂိုးသမား စတက်ဖန်အတွက် အခက်အခဲ ဖြစ်နေရတဲ့အပြင် စတက်ဖန်ကိုယ်တိုင်ကလည်း အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ သူရဲ့ အမှားအယွင်းတွေကြောင့် မန်စီးတီးက ဖိုင်နယ်ထိ တတ်လှမ်းဖို့ အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေတဲ့အပြင် မန်စီးတီးက အာမီးနီးယားအသင်းရဲ့ ဂျာမနီဂိုးသမား အော်တီဂါကိုပါ ခေါ်ယူထားခဲ့တာဖြစ်လို့ စတက်ဖန်ရဲ့ မန်စီးတီးကစားသမားဘဝ အနာဂတ်က မရေမရာ ဖြစ်သွားခဲ့ရပါတယ်။ ဒါ့အပြင် စတက်ဖန်ဟာ ၂၀၂၂ခုနှစ် ကမ္ဘာဖလာ့ပြိုင်ပွဲကို ဆင်နွဲခွင့် ရရှိထားတဲ့ အမေရိကန်အသင်းရဲ့ ဂိုးပေါက်မှာ အာဆင်နယ် ဂိုးသမား မတ်တာနာနဲ့အပြိုင် နေရာတစ်နေရာ အပြိုင်လုရမှာဖြစ်လို့ သူ့အနေနဲ့ ကလပ်အသင်းမှာ ပွဲကစားခွင့်တွေ လိုအပ်နေတဲ့အတွက် နောက်ဆုံးမှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လိုက်တာဖြစ်ပြီး ဆေးစစ်မှုတွေ ခံယူကာ စာချုပ်စာတမ်းတွေလည်း အပြီးသတ်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ စတက်ဖန်ဟာ မန်စီးတီးအသင်းနဲ့ ဘောလုံးရာသီ နှစ်ရာသီ ဖြတ်သန်းထားပြီးနောက် တစ်ရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၁)ပွဲစီသာ ပါဝင်ထားခဲ့ရပါတယ်။

Exit mobile version