ဒီနေ့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ Winter Transfer Market Deadline Day နေ့ဖြစ်တာကြောင့် တစ်နာရီခြားတစ်ခါ အပြောင်းအရွှေ့ပတ်သက်တဲ့ သတင်းထူးတွေကို MySport Myanmar ပရိသတ်တွေအတွက် အဆက်မပြတ် တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။ ဒါကတော့ ဒီနေ့ညနေ ၆နာရီအထိ ရရှိထားတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ပထမဆုံး တင်ဆက်ပေးချင်တာကတော့ အာဆင်နယ်အသင်းသတင်းပါ။ မကြာသေးခင်ကမှ ပါဘလိုမာရီကို ခေါ်ယူနိုင်ခဲဲ့တဲဲ့ အာဆင်နယ်အသင်းဟာ ဆောက်သမ်တန်အသင်းရ့ပေါ်တူဂီနောက်ခံအစွန်လူ စီထရစ်ဆွာရက်စ်ကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဒီ၂၈နှစ်အရွှယ် နောက်ခံလူအတွက် အငှားခေါ်ယူခ ပေါင်၁သန်းပေးချေခဲ့ရကာ အငှားသက်တမ်းကုန်ရင် အပြီးသတ်ခေါ်ယူမယ်လို့ သိရပါတယ်။

နယူးကာဆဲလ်ယူနိုက်တက်အသင်းက အသင်းကြီးတွေများစွာ စိတ်ဝင်စားလို့နေတဲ့ လိုင်လီကွင်းလယ်ကစားသမား ဆိုမာရီကို ပေါင်၃၅သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် အလွန်နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

လက်စတာအသင်းက ဝုလ်ဗ်အသင်းရဲ့ နောက်ခံကစားသမား ရိုင်ယန်ဘန်နန်ကို ခေါ်ယူဖို့အတွက် အသင်းနှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးကို သဘောတူညီနိုင်ခဲ့ရပြီဖြစ်ပြီး လက်စတာနောက်ခံလူ ဘန်ကိုဗစ်ကိုတော့ ဝုလ်ဗ်အသင်းဆီ ပြန်လည်အငှားချဖွယ်ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းနဲဲ့ သတင်းထွက်လို့နေတဲ့ နာပိုလီတိုက်စစ်ကစားသမား ဒရီးစ်မာတန်စ်ဟာ ရာသီကုန်အထိ နာပိုလီမှာပဲ ဆက်လက်ရှိနေနိုင်တာကြောင့် ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ ဖြစ်လာနိုင်ဖွယ်မရှိလို့ သိရပါတယ်။

(Zawgyi)

အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔ရဲ႕ ေနာက္ဆုံးရ အေျပာင္းအေရႊ႕သတင္းမ်ားစုစည္းမႈ

ဒီေန႔က ေဆာင္းရာသီေစ်းကြက္ရဲ႕ ေနာက္ဆုံးေန႔ Winter Transfer Market Deadline Day ေန႔ျဖစ္တာေၾကာင့္ တစ္နာရီျခားတစ္ခါ အေျပာင္းအေရႊ႕ပတ္သက္တဲ႔ သတင္းထူးေတြကုိ MySport Myanmar ပရိသတ္ေတြအတြက္ အဆက္မျပတ္ တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။ ဒါကေတာ့ ဒီေန႔ညေန ၆နာရီအထိ ရရွိထားတဲ႔ သတင္းေတြပဲျဖစ္ပါတယ္။

ပထမဆုံး တင္ဆက္ေပးခ်င္တာကေတာ့ အာဆင္နယ္အသင္းသတင္းပါ။ မၾကာေသးခင္ကမွ ပါဘလုိမာရီကုိ ေခၚယူႏုိင္ခဲဲ႔တဲဲ႔ အာဆင္နယ္အသင္းဟာ ေဆာက္သမ္တန္အသင္းရ႕ေပၚတူဂီေနာက္ခံအစြန္လူ စီထရစ္ဆြာရက္စ္ကုိ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေခၚယူႏုိင္ခဲ႔ၿပီပဲျဖစ္ပါတယ္။ ဒီ၂၈ႏွစ္အရႊယ္ ေနာက္ခံလူအတြက္ အငွားေခၚယူခ ေပါင္၁သန္းေပးေခ်ခဲ႔ရကာ အငွားသက္တမ္းကုန္ရင္ အၿပီးသတ္ေခၚယူမယ္လုိ႔ သိရပါတယ္။

နယူးကာဆဲလ္ယူႏုိက္တက္အသင္းက အသင္းႀကီးေတြမ်ားစြာ စိတ္ဝင္စားလုိ႔ေနတဲ႔ လုိင္လီကြင္းလယ္ကစားသမား ဆုိမာရီကုိ ေပါင္၃၅သန္းနဲ႔ ေခၚယူႏုိင္ဖုိ႔အတြက္ အလြန္နီးစပ္ေနၿပီလုိ႔ သတင္းေတြ ထြက္ေပၚလုိ႔ေနပါတယ္။

လက္စတာအသင္းက ဝုလ္ဗ္အသင္းရဲ႕ ေနာက္ခံကစားသမား ရုိင္ယန္ဘန္နန္ကုိ ေခၚယူဖို႔အတြက္ အသင္းႏွစ္သင္းၾကားမွာ ေျပာင္းေရႊ႕ေၾကးကုိ သေဘာတူညီႏုိင္ခဲ႔ရၿပီျဖစ္ၿပီး လက္စတာေနာက္ခံလူ ဘန္ကုိဗစ္ကုိေတာ့ ဝုလ္ဗ္အသင္းဆီ ျပန္လည္အငွားခ်ဖြယ္ရွိေနပါတယ္။

ခ်ယ္လ္ဆီးအသင္းနဲဲ႔ သတင္းထြက္လုိ႔ေနတဲ႔ နာပုိလီတုိက္စစ္ကစားသမား ဒရီးစ္မာတန္စ္ဟာ ရာသီကုန္အထိ နာပုိလီမွာပဲ ဆက္လက္ရွိေနႏုိင္တာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဆီ ေျပာင္းေရႊ႕ဖုိ႔ ျဖစ္လာႏုိင္ဖြယ္မရွိလုိ႔ သိရပါတယ္။