နွေရာသီအပြောင်းအရွှေ့က အောက်တိုဘာလ(၅)ရက်ထဲက ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပေမယ့် အင်္ဂလန်နိုင်ငံအတွင်းမှာတော့ ဒေသတွင်းကလပ်အသင်းများကို အောက်တိုဘာ(၁၆)ရက်နေ့အထိ အပြောင်းအရွှေ့ပြုလုပ်ခွင့်ပေးထားတာကြောင့် မနေ့ကအထိ ကစားသမားအပြောင်းအရွှေ့တွေကို လုပ်ဆောင်နေကြပြီး ဒီအပြောင်းအရွှေ့တွေထဲကမှ Deadline Day ဖြစ်တဲ့ အောက်တိုဘာ(၁၆)ရက်နေ့မှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့တွေကို ဖော်ပြသွားချင်ပါတယ်ခင်ဗျာ။

တယ်ရန့်စ်ကွန်ဂိုလို

ချန်ပီယံရှစ်ကလပ် ဟတ်ဒါဖီးလ်အသင်းရဲ့ အသက်(၂၆)နှစ်အရွှယ် ဗဟိုနောက်ခံကစားသမား ကွန်ဂိုလိုကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ ဖူလ်ဟမ်အသင်းဆီကို ယူရို(၄.၄)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

ဂျက်ဘတ်လန်း

လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တဲ့ စတုတ်စီးတီးဂိုးသမား ဂျက်ဘတ်ဘန်းကတော့ တကယ်တမ်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းကိုပဲ ပြောင်းရွှေ့ကြေး ယူရို(၁.၁)သန်းနဲ့ပဲ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

ဘန်ရာမာ

နွေစျေးကွက်အတွင်းမှာကတည်းက အသင်းများစွာရဲ့ပစ်မှတ်ဖြစ်ခဲ့ရတဲ့ ဘရန်ဖိုဒ့်အသင်းရဲ့ အယ်ဂျီးရီးယားတိုက်စစ်ကစားသမား ဘန်ရာမာကိုတော့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီး အငှားပြည့်ရင်လည်း အပြီးသတ်ခေါ်ယူဖွယ် ရှိနေပါတယ်။

ဂျိုးရိုဒွန်

ဆွမ်ဆီးအသင်းရဲ့ဝေးလ်စ်လက်ရွေးစင် နောက်ခံကစားသမား ဂျိုးရိုဒွန်ကိုတော့ ပရီးမီးယားလိဂ်အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ကြပြီး အသင်းတွေအားလုံးထဲကမှ စပါးအသင်းက လက်ဦးမှု ရယူနိုင်ခဲ့ကာ ယူရို(၁၂)သန်းနဲ့ အပြီးသတ်ခေါ်ယူသွားနိုင်ခဲ့ပါတယ်။