ေႏြရာသီရဲ႕ အေျပာင္းအေရႊ႔ေစ်းကြက္က ပိတ္သိမ္းသြားခဲ႔တာ  သိပ္မၾကာေသးေပမယ့္လည္း လာမယ့္ေဆာင္းရာသီမွာ အေျပာင္းအေရႊ႔ေစ်းကြက္ ျပန္လည္ဖြင့္လွစ္ေတာ့မွာျဖစ္တာေၾကာင့္ လက္ရွိအခ်ိန္ထိ အေျပာင္းအေရႊ႔သတင္းေတြက ထြက္ေပၚေနဆဲျဖစ္ေနၿပီး ဒီသတင္းေတြထဲကမွ စိတ္ဝင္စားစရာေကာင္းတဲ႔ သတင္းေတြကုိ စုစည္းၿပီး တင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

လီယြန္နယ္မက္ဆီနဲ႔ သတင္းေတြ ထြက္ေပၚလ်က္ရွိေနတဲ႔ ေဒးဗစ္ဘက္ခမ္းရဲ႕ ေမဂ်ာလိဂ္ကလပ္ အင္တာမုိင္ယာမီအသင္းဟာ မၾကာခင္မွာပဲ ၿပိဳင္ပြဲဆင္ႏြဲရေတာ့မွာျဖစ္တာေၾကာင့္မုိ႔ အသင္းရဲ႕ နည္းျပေနရာအတြက္ လက္ရွိ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ နည္းျပျဖစ္သူ ဇီဒန္းကုိ ခန္႔အပ္သြားဖုိ႔ အထူးစိတ္ဝင္စားလ်က္ရွိေနၿပီး နာပုိလီနည္းျပျဖစ္သူ ကားလုိ႔စ္အန္စေလာ့တီနဲ႔လည္း ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ေသးတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

ဘာစီလုိနာအသင္းဟာ နာပုိလီအသင္းရဲ႕ ကြင္းလယ္ကစားသမား ဖာဘီယန္ရုဇ္ကုိ ေခၚယူသြားဖုိ႔အတြက္ စိတ္ဝင္စားလ်က္ရွိေနတယ္လုိ႔ Mundo Deportivo ကေန ေဖာ္ျပလာခဲ႔ပါတယ္။ ဖာဘီယန္ရုဇ္ဟာ မႏွစ္က ေဘာလုံးရာသီ ေႏြေစ်းကြက္အတြင္းကမွ စပိန္လာလီဂါကလပ္ ရီးရဲလ္ဘက္တစ္အသင္းကေန ယူရုိသန္း၃၀နဲ႔ နာပုိလီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး လက္ရွိ အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီးအသင္းအေနနဲ႔ လာမယ့္ေဆာင္းရာသီ အေျပာင္းအေရႊ႔ေစ်းကြက္အတြင္းမွာ လူသစ္ေခၚယူမႈ ပိတ္ပင္ထားခံရတဲ႔ တားျမစ္မႈကေန လြတ္ေျမာက္သြားခဲ႔မယ္ဆုိရင္ ျပင္သစ္လီဂူးကလပ္ ႏုိက္စ္အသင္းရ႕ဲ အယ္ဂ်ီးရီးယားေနာက္ခံကစားသမား ယူဆက္ဖ္အာတယ္ကုိ ေခၚယူသြားဖြယ္ ရွိေနပါတယ္။ ဒီေနာက္ခံကစားသမားကုိ ခ်ယ္လ္ဆီးအသင္းအျပင္ ဗလင္စီယာအသင္းကေနလည္း ေခၚယူဖုိ႔ စိတ္ဝင္စားလ်က္ရွိေနပါတယ္။

Photo Credit : Getty Images

ဂ်ဳဗင္တပ္စ္အသင္းရဲ႕ ဝါရင့္တုိက္စစ္ကစားသမား ဂြန္ဇာလုိဟီဂြာအင္က ဒီႏွစ္ေဘာလုံးရာသီ မစတင္ခင္မွာ အသင္းကေန ထြက္ခြာရဖုိ႔ နီးစပ္ခဲ႔ေပမယ့္ အခုေနာက္ပုိင္း အသင္းရဲ႕ တုိက္စစ္ပုိင္းမွာ ခရစၥတီယာႏုိေရာ္နယ္ဒုိနဲ႔ တြဲဖက္ကစားခြင့္ေတြ ရရွိပုိင္ဆုိင္လာခဲ႔တာေၾကာင့္ ဟီဂြာအင္မွာ ဂ်ဳဗင္တပ္စ္အသင္းမွာပဲ ဆက္လက္ရွိေနဖုိ႔ ဆုံးျဖတ္ခ်က္ခ်ထားခဲ႔တဲ႔အျပင္ လာမယ့္စေနေန႔မွာ ဖီအုိရင္တီးနားအသင္းနဲ႔ ကစားရမယ့္ စီးရီးေအပြဲမွာလည္း ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာရႏုိင္ပါတယ္ခင္ဗ်ာ။

(Unicode)

နွေရာသီရဲ့ အပြောင်းအရွှေ့စျေးကွက်က ပိတ်သိမ်းသွားခဲ့တာ  သိပ်မကြာသေးပေမယ့်လည်း လာမယ့်ဆောင်းရာသီမှာ အပြောင်းအရွှေ့စျေးကွက် ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တာကြောင့် လက်ရှိအချိန်ထိ အပြောင်းအရွှေ့သတင်းတွေက ထွက်ပေါ်နေဆဲဖြစ်နေပြီး ဒီသတင်းတွေထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို စုစည်းပြီး တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

လီယွန်နယ်မက်ဆီနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ မကြာခင်မှာပဲ ပြိုင်ပွဲဆင်နွဲရတော့မှာဖြစ်တာကြောင့်မို့ အသင်းရဲ့ နည်းပြနေရာအတွက် လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းကို ခန့်အပ်သွားဖို့ အထူးစိတ်ဝင်စားလျက်ရှိနေပြီး နာပိုလီနည်းပြဖြစ်သူ ကားလို့စ်အန်စလော့တီနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာအသင်းဟာ နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဖာဘီယန်ရုဇ်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတယ်လို့ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။ ဖာဘီယန်ရုဇ်ဟာ မနှစ်က ဘောလုံးရာသီ နွေစျေးကွက်အတွင်းကမှ စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းကနေ ယူရိုသန်း၃၀နဲ့ နာပိုလီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Photo Credit : Getty Images

ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လူသစ်ခေါ်ယူမှု ပိတ်ပင်ထားခံရတဲ့ တားမြစ်မှုကနေ လွတ်မြောက်သွားခဲ့မယ်ဆိုရင် ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းရဲ့ အယ်ဂျီးရီးယားနောက်ခံကစားသမား ယူဆက်ဖ်အာတယ်ကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဒီနောက်ခံကစားသမားကို ချယ်လ်ဆီးအသင်းအပြင် ဗလင်စီယာအသင်းကနေလည်း ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။

Photo Credit : Getty Images

ဂျုဗင်တပ်စ်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဂွန်ဇာလိုဟီဂွာအင်က ဒီနှစ်ဘောလုံးရာသီ မစတင်ခင်မှာ အသင်းကနေ ထွက်ခွာရဖို့ နီးစပ်ခဲ့ပေမယ့် အခုနောက်ပိုင်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်တွေ ရရှိပိုင်ဆိုင်လာခဲ့တာကြောင့် ဟီဂွာအင်မှာ ဂျုဗင်တပ်စ်အသင်းမှာပဲ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ချက်ချထားခဲ့တဲ့အပြင် လာမယ့်စနေနေ့မှာ ဖီအိုရင်တီးနားအသင်းနဲ့ ကစားရမယ့် စီးရီးအေပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာရနိုင်ပါတယ်ခင်ဗျာ။