အားလုံးပဲ မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ။ အားလုံးအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေဗျာ။ ဆောင်းရာသီစျေးကွက် မပိတ်သိမ်းခင်မှာ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေများထဲကမှ စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့သတင်းတွေကို စုစည်းပြီးတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။
Photo Credit : Getty Images
စပါးအသင်းရဲဲ့အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အယ်ဂျီးရီးယားကွင်းလယ်ကစားသမား ဘတ်တာလတ်ချ်ကတော့ ရှော်ကေးအသင်းကနေ နယူးကာဆဲလ်ယူနိုက်တက်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဘတ်တာလတ်ချ်ကတော့ စပါးကနေ ရှော်ကေးအသင်းဆီကို ၂၀၁၇ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း နယူးကာဆဲလ်က အငှားခေါ်ယူခအဖြစ် ယူရို၁သန်း ပေးချေရမှာဖြစ်ပါတယ်။
Photo Credit : Getty Images
ဘုန်းမောက်အသင်းက လက်ရှိမှာ သူတို့ရင်ဆိုင်နေရတဲ့ ရလဒ်ဆိုးတွေကနေ လွတ်ထွက်နိုင်ဖို့အတွက် ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်ကို အားဖြည့်ဖို့ လိုင်ယွန်အသင်းရဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဘာထရန်ထရာအိုရေးကို ပြောင်းရွှေ့ကြေး ပေါင်၃၅သန်းနဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။
Photo Credit : Getty Images
ဘာစီလိုနာမှာ ပုံမှန်နေရာမရလို့ အသင်းပြောင်းဖို့ တာဆူလို့နေတဲ့ ခရိုအေးရှား ကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ဟာ လာမယ့်နွေစျေးကွက်မှာတော့ ဘာစီလိုနာကနေ ထွက်ခွာဖို့ သေချာလို့နေပြီး သူ့ကိုခေါ်ယူချင်နေတဲ့ အသင်းတွေများစွာထဲကမှ ဂျုဗင်တပ်စ်အသင်းကို ရွေးချယ်ဖွယ်သာရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလျက်ရှိပါတယ်။
Photo Credit : Getty Images
လတ်တလောမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေများစွာကို ရယူလို့ပေးနေတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ဆာဂျီယိုအဂူရိုဟာ အသက်အရွှယ်အရ ၃၀စွန်းစွန်းကို ရောက်ရှိနေပြီဖြစ်သလို အသင်းနဲ့ကလည်း သက်တမ်းများများ မကျန်ရှိတော့တာဖြစ်လို့ သူ့ကို ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာမီအသင်းကနေ ခေါ်ယူဖို့ အထူးစိတ်ဝင်စားလို့နေပါတယ်။
Photo Credit : Getty Images
အာဆင်နယ်အသင်းအနေနဲ့ မာတီနယ်လီလို လူငယ်ကြယ်ပွင့် ကစားသမားလေးတွေကို အသင်းမှာ ရေရှည်ထိန်းသိမ်းသွားဖို့ဆိုတာဟာ အသင်းရဲ့ရလဒ်တွေနဲ့ ရပ်တည်မှုအနေအထား ဥရောပဝင်ခွင့်တွေကြောင့် ခက်ခဲနိုင်ဖွယ်ရှိတယ်လို့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားကြီး အီယန်ရိုက်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။
(Zawgyi)
နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ စုစည်းတင်ဆက်မှု (ဇန်နဝါရီ၂၂ရက်)
စပါးအသင်းရဲ့အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ အယ်ဂျီးရီးယားကွင်းလယ်ကစားသမား ဘတ်တာလတ်ခ်ျကတော့ ရှော်ကေးအသင်းကနေ နယူးကာဆဲလ်ယူနိုက်တက်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဘတ်တာလတ်ခ်ျကတော့ စပါးကနေ ရှော်ကေးအသင်းဆီကို ၂၀၁၇ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့်လည်း နယူးကာဆဲလ်က အငှားခေါ်ယူခအဖြစ် ယူရို၁သန်း ပေးချေရမှာဖြစ်ပါတယ်။
ဘုန်းမောက်အသင်းက လက်ရှိမှာ သူတို့ရင်ဆိုင်နေရတဲ့ ရလဒ်ဆိုးတွေကနေ လွတ်ထွက်နိုင်ဖို့အတွက် ဆောင်းဈေးကွက် မပိတ်သိမ်းခင်မှာ တိုက်စစ်ကို အားဖြည့်ဖို့ လိုင်ယွန်အသင်းရဲ့ ချယ်လ်ဆီးကစားသမားဟောင်း ဘာထရန်ထရာအိုရေးကို ပြောင်းရွှေ့ကြေး ပေါင်၃၅သန်းနဲ့ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။
ဘာစီလိုနာမှာ ပုံမှန်နေရာမရလို့ အသင်းပြောင်းဖို့ တာဆူလို့နေတဲ့ ခရိုအေးရှား ကွင်းလယ်လူ အိုင်ဗန်ရာကီတစ်ဟာ လာမယ့်နွေဈေးကွက်မှာတော့ ဘာစီလိုနာကနေ ထွက်ခွာဖို့ သေချာလို့နေပြီး သူ့ကိုခေါ်ယူချင်နေတဲ့ အသင်းတွေများစွာထဲကမှ ဂျုဗင်တပ်စ်အသင်းကို ရွေးချယ်ဖွယ်သာရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလျက်ရှိပါတယ်။