ဥရောပအမှတ်ပေးလိဂ်ပြိုင်ပွဲတွေရဲ့ ဘောလုံးသမားအပြောင်းအရွှေ့စျေးကွက်တွေ စတင်ဖွင့်လှစ်နေပြီဖြစ်တာကြောင့် ဒီရက်ပိုင်းအတွင်းမှာ ဘောလုံးသမားအပြောင်းအရွှေ့တချို့ဖြစ်ပေါ်လာခဲ့ပြီး ဒီအပြောင်းအရွှေ့တွေထဲကမှ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့အနည်းငယ်ကို စုစည်းဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။

ဂျိုရယ်ဗက်ဒ်မန်း

Photo Credit : Juiper Sports

အေဂျက်စ်အသင်းရဲ့နယ်သာလန်နောက်ခံကစားသမား ဗက်ဒ်မန်းကတော့ ဘရိုက်တန်အသင်းဆီကို ယူရိုတစ်သန်းခန့်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွှယ်ရှိ ဗက်ဒ်မန်းဟာ အေဂျက်စ်လူငယ်အသင်းကနေ ပေါ်ထွက်လာသူဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

ကူဒက်စ်

Photo Credit : Youtube

အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ်ရှိ မိုဟာမက်ကူဒက်စ်ဆိုတဲ့ ကွင်းလယ်ကစား ကစားသမားလေးကိုတော့ နော်ဝေထိပ်သီးကလပ် နော့စ်ချယ်လန်းအသင်းကနေ အေဂျက်စ်အသင်းက ယူရို(၉)သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ ဂါနာနိုင်ငံသားလေး ကူဒက်စ်ဟာ အေဂျက်စ်အသင်းနဲ့ (၅)နှစ်စာချုပ်အထိ ချုပ်ဆိုထားခဲ့ပါတယ်။

ရွန်နီလိုပက်စ်

Photo Credit : OGC Nice

မိုနာကိုကစားသမားဟောင်း ရွန်နီလိုပက်စ်ကတော့ ဆီဗီလာအသင်းကနေ ပြင်သစ်လီဂူးနိုက်စ်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွှယ် ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား လိုပက်စ်ဟာ ဆီဗီလာမှာ ပုံမှန်နေရာတစ်နေရာရဖို့ ရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

ကာဘိုရီ

Photo Credit : Bitter and Blue

ဘာကီနာဖာဆိုနိုင်ငံသား ဆယ်ကျော်သက်အရွှယ် ကစားသမားလေး အစ်ဆာကာဘိုရီကတော့ ဘယ်ဂျီယံကလပ် မီချီလန်းအသင်းကနေ မန်စီးတီးအသင်းက ခေါ်ယူခဲ့ပြီး မီချီလန်းအသင်းဆီမှာပဲ တစ်ရာသီအငှားပြန်ချထားခဲ့ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ ကာဘိုရီဟာ ညာနောက်ခံနေရာမှာ ပါဝင်ကစားတတ်သူလည်းဖြစ်ပါတယ်။