၂၀၂၀ခုႏွစ္ရဲ႕ေဆာင္းရာသီအေျပာင္းအေရႊ႕ကာလကေတာ့ ၂ပတ္နီးပါးေလာက္အထိ ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ အခုအခ်ိန္မွာ အေျပာင္းအေရႊ႕သတင္းေတြက ေတာ္ေတာ္ေလးလႈပ္ခတ္ေနရၿပီး သတင္းေပါင္းစုံကလည္း ထြက္ေပၚလုိ႔ေနပါတယ္။ ဒါေၾကာင့္မုိ႔ ဒီတစ္ေခါက္မွာေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲနဲဲ႔ပတ္သက္ၿပီး လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြထဲက ေနာက္ဆုံးရ စိတ္ဝင္စားဖြယ္ေကာင္းတဲ႔ သတင္းေတြကုိ စုစည္းတင္ဆက္လုိက္ပါတယ္ခင္ဗ်ာ။

Photo Credit : Getty Images

အင္တာမီလန္အသင္းရဲ႕စီအီးအုိျဖစ္သူ မာေရာ့တာက သူတုိ႔အသင္းအေနနဲ႔ စပါးအသင္းကေန ထြက္ခြာသြားေတာ့မယ့္ ဒိန္းမတ္လက္ေရြးစင္ ကြင္းလယ္ကစားသမား ခရစ္တီယန္အဲရစ္ဆင္နဲ႔ အေျပာင္းအေရႊ႕ကိစၥေတြကုိ ညိွႏႈိင္းေဆြးေႏြးေနၿပီဆုိတာ မဟုတ္မွန္ပါေၾကာင္း ျငင္းဆုိခ်က္ထုတ္ျပန္သြားခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၃၁ႏွစ္အရႊယ္ရွိ ဝါရင့္ကြင္းလယ္ကစားသမားႀကီး နီမန္ဂ်ာမာတစ္ဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္လုိ႔ အခုအခ်ိန္မွာ ပရီးမီးယားလိဂ္ျပင္ပ အသင္းေတြနဲ႔ အေျပာင္းအေရႊ႕ကိစၥကုိ လြတ္လပ္စြာ ေဆြးေႏြးႏုိင္မွာျဖစ္ၿပီး လက္ရွိမွာေတာ့ ေမဂ်ာလိဂ္ကလပ္အသင္းျဖစ္တဲ႔ ခ်ီကာဂုိဖုိင္းယားအသင္းနဲ႔ ေဆြးေႏြးေနကာ တစ္ႏွစ္လုပ္ခ ေပါင္၅သန္းနဲ႔ ေဆြးေႏြးေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

မန္စီးတီးအသင္းဟာ အက္စတြန္ဗီလာအသင္းရဲ႕အသင္းေခါင္းေဆာင္ျဖစ္တဲ႔ ဂ်က္ဂါရီွးလစ္ကုိ ေခၚယူသြားဖုိ႔ သူတုိ႔ရဲ႕ၿမိဳ႕ခံဒါဘီအသင္းျဖစ္တဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔အၿပိဳင္ စိတ္ဝင္စားမႈေတြရွိေနၿပီး ဒီလုိ အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္လုိ႔ေနရတဲ႔ ဂါရွီးလစ္ကုိေတာ့ ဗီလာအသင္းအေနနဲ႔ အသင္းမွာ ဆက္လက္ထိန္းသိမ္းဖုိ႔က မလြယ္ကူႏုိင္ေတာ့ေၾကာင့္ လာမယ့္ေႏြေစ်းကြက္မွာ လက္လြတ္ရဖြယ္ရွိေနပါတယ္။

Photo Credit : Getty Images

အဲဗာတန္အသင္းဟာ ဘရာဇီးလူငယ္တုိက္စစ္ကစားသမားေလး အဲဗာတန္ဆြာရက္စ္ကုိ ေခၚယူဖုိ႔အတြက္ ႀကိဳးပမ္းမႈေတြကုိ စတင္ျပဳလုပ္လာဖြယ္ရွိေနတယ္လုိ႔ ESPN သတင္းမီဒီယာကေန ေဖာ္ျပလာခဲ႔ပါတယ္။ အသက္၂၃ႏွစ္အရႊယ္ အဲဗာတန္ဆြာရက္စ္ဟာ အာဆင္နယ္အသင္းရဲ႕ကာလရွည္ပစ္မွတ္ျဖစ္ေနၿပီး ေဒါ့မြန္အသင္းရဲ႕စိတ္ဝင္စားမႈကုိ ရရွိေနေပမယ့္လည္း ဒီအသင္းေတြထက္ လက္ဦးမႈရယူႏုိင္ေအာင္ အဲဗာတန္အသင္းကေန ႀကိဳးပမ္းလာၿပီး ေပါင္၂၅သန္းနဲ႔ ကမ္းလွမ္းဖြယ္ရွိေနပါတယ္။

(Unicode)

စိတ်ဝင်စားဖွယ် နောက်ဆုံးရ ပရီးမီးယားလိဂ်အသင်းများရဲ့အပြောင်းအရွှေ့သတင်းများ

၂၀၂၀ခုနှစ်ရဲ့ဆောင်းရာသီအပြောင်းအရွှေ့ကာလကတော့ ၂ပတ်နီးပါးလောက်အထိ ရောက်ရှိနေပြီဖြစ်တာကြောင့် အခုအချိန်မှာ အပြောင်းအရွှေ့သတင်းတွေက တော်တော်လေးလှုပ်ခတ်နေရပြီး သတင်းပေါင်းစုံကလည်း ထွက်ပေါ်လို့နေပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲဲ့ပတ်သက်ပြီး လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေထဲက နောက်ဆုံးရ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သတင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Photo Credit : Getty Images

အင်တာမီလန်အသင်းရဲ့စီအီးအိုဖြစ်သူ မာရော့တာက သူတို့အသင်းအနေနဲ့ စပါးအသင်းကနေ ထွက်ခွာသွားတော့မယ့် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ခရစ်တီယန်အဲရစ်ဆင်နဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ညှိနှိုင်းဆွေးနွေးနေပြီဆိုတာ မဟုတ်မှန်ပါကြောင်း ငြင်းဆိုချက်ထုတ်ပြန်သွားခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၃၁နှစ်အရွှယ်ရှိ ဝါရင့်ကွင်းလယ်ကစားသမားကြီး နီမန်ဂျာမာတစ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အခုအချိန်မှာ ပရီးမီးယားလိဂ်ပြင်ပ အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စကို လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ ချီကာဂိုဖိုင်းယားအသင်းနဲ့ ဆွေးနွေးနေကာ တစ်နှစ်လုပ်ခ ပေါင်၅သန်းနဲ့ ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

မန်စီးတီးအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်တဲ့ ဂျက်ဂါရှီးလစ်ကို ခေါ်ယူသွားဖို့ သူတို့ရဲ့မြို့ခံဒါဘီအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အပြိုင် စိတ်ဝင်စားမှုတွေရှိနေပြီး ဒီလို အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လို့နေရတဲ့ ဂါရှီးလစ်ကိုတော့ ဗီလာအသင်းအနေနဲ့ အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့က မလွယ်ကူနိုင်တော့ကြောင့် လာမယ့်နွေစျေးကွက်မှာ လက်လွတ်ရဖွယ်ရှိနေပါတယ်။

Photo Credit : Getty Images

အဲဗာတန်အသင်းဟာ ဘရာဇီးလူငယ်တိုက်စစ်ကစားသမားလေး အဲဗာတန်ဆွာရက်စ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုတွေကို စတင်ပြုလုပ်လာဖွယ်ရှိနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်၂၃နှစ်အရွှယ် အဲဗာတန်ဆွာရက်စ်ဟာ အာဆင်နယ်အသင်းရဲ့ကာလရှည်ပစ်မှတ်ဖြစ်နေပြီး ဒေါ့မွန်အသင်းရဲ့စိတ်ဝင်စားမှုကို ရရှိနေပေမယ့်လည်း ဒီအသင်းတွေထက် လက်ဦးမှုရယူနိုင်အောင် အဲဗာတန်အသင်းကနေ ကြိုးပမ်းလာပြီး ပေါင်၂၅သန်းနဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။