အားလုံးပဲ မင်္ဂလာမနက်ခင်းလေးပါခင်ဗျာ။ အားလုံးအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်လေးတစ်ရက်ဖြစ်ပါစေဗျာ။ ဆောင်းရာသီစျေးကွက် မပိတ်သိမ်းခင်မှာ လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေများထဲကမှ ဒီနေ့မနက်ခင်းအချိန်ထိ ရရှိထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအရွှေ့သတင်းတွေကို စုစည်းပြီးတင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းဟာ အာဆင်နယ်အသင်းရဲ့ဂျာမန်ကွင်းလယ်ကစားသမား မူဇက်အိုဇေးကို လာမယ့် ၂၀၂၁ခုနှစ် နွေရာသီစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့ ရည်ရွှယ်လို့ထားပြီး အိုဇေးကလည်း မေဂျာလိဂ်ပြိုင်ပွဲအတွင်း ဝင်ရောက်ဆင်နွဲဖို့အတွက် စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒီစီယူနိုက်တက်အသင်းဟာ ယခင်ကလည်း မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရူနီကိုလည် ခေါ်ယူခဲ့ဖူးပါသေးတယ်။

Photo Credit : The Sun

နယူးကာဆဲလ်ယူနိုက်တက်အသင်းဟာ လက်ကျန်ဘောလုံးရာသီဝက်ကို အကောင်းဆုံဖြတ်သန်းပြီး တန်းဆင်းမယ့်အရေးကနေ လွတ်မြောက်စေဖို့အတွက် အခုစျေးကွက်အတွင်းမှာ အင်တာမီလန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား လိုဇာရိုကို ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ အင်တာကလည်း ကွန်တီတပည့်ဟောင်း မော့ဆက်စ်ကို ချယ်လ်ဆီးကနေ အငှားခေါ်ထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : The Sun

အက်စတွန်ဗီလာအသင်းဟာ မကြာသေးခင်ကမှ ဝက်ဘရွန်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ခဲ့သူ ၁၆နှစ်အရွှယ် ဆယ်ကျော်သက် အင်္ဂလန်ကြယ်ပွင့်ကစားသမားလေး တိုက်စစ်မှူးလူးဝစ်ဘယ်ရီကို ပေါင်၁သန်းပမာဏတောင်မရှိပဲ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit : The Sun

အာဆင်နယ်အသင်းရဲ့ဂျာမန်တိုက်စစ်မှူးဟောင်း လူးကပ်ပိုဒေါစကီးကတော့ သူရဲ့ဂျေလိဂ်ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီး ဥရောပဘောလုံးနယ်ပယ်အတွင်းကို ပြန်လည်ဝင်ရောက်လာခဲ့ကာ တူရကီကလပ်တစ်ခုဖြစ်တဲ့ အာတန်လာယာစပေါ့အသင်းဆီကို အလွတ်ပြောင်းရွှေ့နဲ့ ရောက်ရှိလာခဲ့ပါတယ်။ အသက်၃၄နှစ်အရွှယ်ရှိ ဝါရင့်ကစားသမားကြီးဟာ ဗစ်ဆဲလ်ကိုဘေအသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ မလေးရှားကလပ်တစ်ခုကို ပြောင်းဖို့စီစဉ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။

(Zawgyi)

ေနာက္ဆုံးရ အေျပာင္းအေရႊ႕သတင္းမ်ား စုစည္းတင္ဆက္မႈ (ဇန္နဝါရီ၂၄ရက္)

အားလုံးပဲ မဂၤလာမနက္ခင္းေလးပါခင္ဗ်ာ။ အားလုံးအတြက္ သာယာေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ႔ ေန႔ရက္ေလးတစ္ရက္ျဖစ္ပါေစဗ်ာ။ ေဆာင္းရာသီေစ်းကြက္ မပိတ္သိမ္းခင္မွာ လတ္တေလာထြက္ေပၚေနတဲ႔ သတင္းေတြမ်ားထဲကမွ ဒီေန႔မနက္ခင္းအခ်ိန္ထိ ရရွိထားတဲ႔ စိတ္ဝင္စားစရာေကာင္းတဲ႔ အေျပာင္းအေရႊ႕သတင္းေတြကုိ စုစည္းၿပီးတင္ဆက္ေပးသြားခ်င္ပါတယ္ခင္ဗ်ာ။

Photo Credit : The Sun

ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏုိက္တက္အသင္းဟာ အာဆင္နယ္အသင္းရဲ႕ဂ်ာမန္ကြင္းလယ္ကစားသမား မူဇက္အုိေဇးကုိ လာမယ့္ ၂၀၂၁ခုႏွစ္ ေႏြရာသီေစ်းကြက္အတြင္းမွာ ေခၚယူသြားဖုိ႔ ရည္ရႊယ္လုိ႔ထားၿပီး အုိေဇးကလည္း ေမဂ်ာလိဂ္ၿပိဳင္ပြဲအတြင္း ဝင္ေရာက္ဆင္ႏြဲဖုိ႔အတြက္ စိတ္ဝင္စားလ်က္ရွိေနပါတယ္။ ဒီစီယူႏုိက္တက္အသင္းဟာ ယခင္ကလည္း မန္ခ်က္စတာယူႏုိက္တက္ တုိက္စစ္မွဴးေဟာင္း ဝိန္းရူနီကုိလည္ ေခၚယူခဲ႔ဖူးပါေသးတယ္။

Photo Credit : The Sun

နယူးကာဆဲလ္ယူနုိက္တက္အသင္းဟာ လက္က်န္ေဘာလုံးရာသီဝက္ကုိ အေကာင္းဆုံျဖတ္သန္းၿပီး တန္းဆင္းမယ့္အေရးကေန လြတ္ေျမာက္ေစဖုိ႔အတြက္ အခုေစ်းကြက္အတြင္းမွာ အင္တာမီလန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား လုိဇာရုိကုိ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေခၚယူဖုိ႔အတြက္ သေဘာတူညီမႈ ရယူႏုိင္ခဲ့ပါတယ္။ အင္တာကလည္း ကြန္တီတပည့္ေဟာင္း ေမာ့ဆက္စ္ကုိ ခ်ယ္လ္ဆီးကေန အငွားေခၚထားႏုိင္ခဲ႔ပါေသးတယ္။

Photo Credit : The Sun

အက္စတြန္ဗီလာအသင္းဟာ မၾကာေသးခင္ကမွ ဝက္ဘရြန္းကေန ဘာစီလုိနာအသင္းဆီကုိ ေျပာင္းေရႊ႕ခဲ႔သူ ၁၆ႏွစ္အရႊယ္ ဆယ္ေက်ာ္သက္ အဂၤလန္ၾကယ္ပြင့္ကစားသမားေလး တုိက္စစ္မွဴးလူးဝစ္ဘယ္ရီကုိ ေပါင္၁သန္းပမာဏေတာင္မရွိပဲ ေခၚယူႏုိင္ခဲ႔ၿပီလုိ႔ သိရွိရပါတယ္။

Photo Credit : The Sun

အာဆင္နယ္အသင္းရဲ႕ဂ်ာမန္တုိက္စစ္မွဴးေဟာင္း လူးကပ္ပုိေဒါစကီးကေတာ့ သူရဲ႕ေဂ်လိဂ္ကစားသမားဘဝကုိ အဆုံးသတ္လုိက္ၿပီး ဥေရာပေဘာလုံးနယ္ပယ္အတြင္းကုိ ျပန္လည္ဝင္ေရာက္လာခဲ႔ကာ တူရကီကလပ္တစ္ခုျဖစ္တဲ႔ အာတန္လာယာစေပါ့အသင္းဆီကုိ အလြတ္ေျပာင္းေရႊ႕နဲ႔ ေရာက္ရွိလာခဲ႔ပါတယ္။ အသက္၃၄ႏွစ္အရႊယ္ရွိ ဝါရင့္ကစားသမားႀကီးဟာ ဗစ္ဆဲလ္ကုိေဘအသင္းနဲ႔ သက္တမ္းကုန္ဆုံးခ်ိန္မွာ မေလးရွားကလပ္တစ္ခုကုိ ေျပာင္းဖုိ႔စီစဥ္ခဲ႔ေပမယ့္လည္း အေျပာင္းအေရႊ႕က ျဖစ္မလာခဲ႔ပါဘူး။