ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးပြိုင်ပွဲတွေ ရပ်နားထားတယ်ဆိုပေမယ့်လည်း ဘောလုံးလောကအတွင်းမှာတော့ စိတ်ဝင်စားစရာ သတင်းတွေ ထွက်ပေါ်မှုက အခုချိန်ထိကို မရပ်တန့်သွားသေးပဲ နေ့စဉ်နဲ့အမျှကို ဆက်တိုက်ထွက်ပေါ်လို့နေသေးတာကြောင့် အဲ့ဒီသတင်းတွေထဲကမှ MySport Myanmar ပေ့ချ်ကို အားပေးနေကြတဲ့ ဘောလုံးချစ်ဝါသနာအိုးတွေအတွက် အသစ်လွင်ဆုံးသော စိတ်ဝင်စားစရာအကောင်းဆုံးသော သတင်းထူးတွေကို ပြန်လည်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ လာဇီယိုအသင်းရဲ့ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မီလန်ကိုဗစ်ဆာဗစ်အနေနဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူကိုယ်တိုင်သာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ လာဇီယိုအသင်းဘက်ကနေ ဝန်ခံပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ ဆာဗစ်ကို ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကနေ စောင့်ကြည့်လို့နေပါတယ်။

ပိုင်ရှင်အသစ်ရဲ့လက်အောက်ကို ရောက်ရှိတော့မယ့် နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လို့နေတဲ့ နာပိုလီနောက်ခံကစားသမား ကူလီဘလီဟာ နယူးကာဆဲလ် မန်ချက်စတာယူနိုက်တက်အသင်းတွေထွက် လီဗာပူးလ်ကိုရောက်ဖို့သာ ရေပန်းစားနေပြီး လီဗာပူးလ်ရဲ့ခံစစ်အတွင်း ဗန်ဒိုက်နဲဲ့ တွဲဖက်ကစားရဖွယ်ရှိနေပါတယ်။

အသင်းရဲ့ ကွင်းလယ်မှာ ပြီးခဲ့တဲ့ ဆောင်းရာသီကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်နဲ့ အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာတို့ တွဲဖက်ကစားမယ်ဆိုပါက အရမ်းကို စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေ ဖြစ်လာလိမ့်မယ်လို့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီတလီစီးရီးအေက နာမည်ကျော်မီလန်မြို့ခံအသင်း(၂)သင်းဖြစ်တဲ့ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့ဟာ အသင်းတွေရဲ့ ကွင်းသစ်စီမံကိန်းပရောဂျက်တွေအပေါ်မှာ သဘောတူညီမှု ရယူနိုင်ခဲ့ကြပြီး လာမယ့် ၂၀၂၄ခုနှစ်လောက်မှ စီမံကိန်းကို အပြီးသတ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဂျော့လူးဝစ်လို့အမည်ရတဲဲ့ အသက်(၁၉)နှစ်အရွှယ် နော်ဝေတောင်ပံကစားသမားလေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်လျက်ရှိနေပါတယ်။ လူးဝစ်ဟာ လက်ရှိ အာဆင်နယ်အသင်းမှာ ခြေစွမ်းပိုင်းတွေ လာရောက်စမ်းသပ်နေရာ (၂)ပတ်လောက်ရှိပြီဖြစ်ပြီး သူ့ကို အာဆင်နယ်အသင်း တာဝန်ရှိသူတွေက သဘောကျလို့နေပါတယ်။