လက္ရွိေဘာလုံးရာသီမွာ နည္းျပသုံးဦးအထိ အေျပာင္းအလဲလုပ္ထားရတဲ့ လန္ဒန္ၿမိဳ႕ အေျခစိုက္ အင္အားႀကီးအသင္းတစ္သင္းျဖစ္တဲ့ အာဆင္နယ္အသင္းဟာ ရလဒ္ပိုင္း မတည္ၿငိမ္မွုေတြနဲ႔အတူ အမွတ္ေပးဇယားရဲ့ အလယ္မွာ ႐ုန္းကန္ေနခဲ့ရပါတယ္။ အာဆင္နယ္အသင္းဟာ အူဘာမီယန္းလို ထိပ္တန္းဂိုးသြင္းရွင္ တစ္ဦးကို ပိုင္ဆိုင္ထားခဲ့ေပမယ့္ ခံစစ္ပိုင္းမွာ အမွားအယြင္းမ်ားလြန္းတာေၾကာင့္ ယခုလို ရလဒ္ဆိုးဝါးေနတာဆိုရင္လည္း မမွားပါဘူး။
Photo Credit: Mirror.com
အသင္းေခါင္းေဆာင္ေဟာင္းတစ္ဦးျဖစ္တဲ့ အာတီတာကို မန္စီးတီးအသင္းကေန ေခၚယူကာ အသင္းနည္းျပသစ္အျဖစ္ ခန႔္အပ္ခဲ့အၿပီးမွာေတာ့ အာဆင္နယ္အသင္းရဲ့ အရင္လို အတိုေပးကစားဟန္ကို ျပန္လည္ျမင္ေတြ႕ခဲ့ရေပမယ့္ ခံစစ္ပိုင္းမွာေတာ့ အမွားအယြင္းေတြရွိေနဆဲပါ။ ဒါ့ေၾကာင့္လည္း အာဆင္နယ္အသင္းဟာ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ဗဟိုခံစစ္ ကစားသမားတစ္ဦးကို ေခၚယူဖို႔အတြက္ ခ်ိန္ရြယ္ေနတာလည္း ျဖစ္ပါတယ္။
Photo Credit: Mirror.com
လက္ရွိအခ်ိန္ သတင္းေတြထြက္ေပၚမွုအရ အာဆင္နယ္အသင္းဟာ လစ္ဇက္အသင္းရဲ့ ေနာက္ခံလူ အူပါမီကာနို ၊ ဂ်ဴဗင္တပ္ေနာက္ခံလူ ဒီမီရယ္နဲ႔ ဘိုင္ယန္ျမဴးနစ္အသင္း ေနာက္ခံလူ ဘိုတန္တို႔ကို ခ်ိတ္ဆက္လ်က္ရွိတယ္လို႔ သိထားရပါတယ္။ အာဆင္နယ္အသင္းရဲ့ ပရိသတ္ေတြဟာ အသက္အရြယ္ ငယ္ေသးတဲ့ အူပါကာမီနိုနဲ႔ ဒီမီရယ္တို႔ကို အသင္းမွာ ျမင္ေတြ႕လိုေနေပမယ့္ ေဘာလုံးကၽြမ္းက်င္သူေတြကေတာ့ အာဆင္နယ္အသင္းဟာ ဘိုတန္ကိုပဲ ေခၚယူနိုင္မွာပါလို႔ သုံးသပ္ထားၾကပါတယ္။
Photo Credit: Mirror.com
ဂ်ဴဗင္တပ္အသင္းဟာ အလားအလာေကာင္းေတြရွိေနတဲ့ ဒီမီရယ္ကို အသင္းကေန အလြယ္တကူ ထြက္ခြာခြင့္ေပးမွာ မဟုတ္ဘူးလို႔ ေျပာဆိုထားသလို လစ္ဇက္အသင္းကလည္း အူပါမီကာနိုကို ေရာင္းခ်မွာျဖစ္ေပမယ့္ ေျပာင္းေရႊ႕ေၾကးကို အနိမ့္ဆုံး ေပါင္၄၀သန္းဝန္းက်င္ ေတာင္းဆိုမွာျဖစ္တာေၾကာင့္ အဆိုပါ ကစားသမားႏွစ္ဦးဟာ အာဆင္နယ္ကို ေရာက္လာဖို႔ အခြင့္အေရးနည္းပါးေနပါတယ္။ တစ္ဖက္မွာ အသက္၃၁ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ဘိုတန္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာခြင့္ ရရွိထားသလို သူ႔ကိုေခၚယူဖို႔ဟာလည္း ေပါင္ ၁၂သန္းဝန္းက်င္သာ က်သင့္မွာျဖစ္တာေၾကာင့္ အာဆင္နယ္အသင္းရဲ့ ေပၚလစီနဲ႔ ကိုက္ညီေနသူပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဇန္နဝါရီကာလမွာ အာဆင္နယ္အသင္းဆီ ဘိုတန္ဟာ ေရာက္လာနိုင္တယ္လို႔ သုံးသပ္မိပါတယ္။
လက်ရှိဘောလုံးရာသီမှာ နည်းပြသုံးဦးအထိ အပြောင်းအလဲလုပ်ထားရတဲ့ လန်ဒန်မြို့ အခြေစိုက် အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့အတူ အမှတ်ပေးဇယားရဲ့ အလယ်မှာ ရုန်းကန်နေခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီယန်းလို ထိပ်တန်းဂိုးသွင်းရှင် တစ်ဦးကို ပိုင်ဆိုင်ထားခဲ့ပေမယ့် ခံစစ်ပိုင်းမှာ အမှားအယွင်းများလွန်းတာကြောင့် ယခုလို ရလဒ်ဆိုးဝါးနေတာဆိုရင်လည်း မမှားပါဘူး။
Photo Credit: Mirror.com
အသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာကို မန်စီးတီးအသင်းကနေ ခေါ်ယူကာ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခဲ့အပြီးမှာတော့ အာဆင်နယ်အသင်းရဲ့ အရင်လို အတိုပေးကစားဟန်ကို ပြန်လည်မြင်တွေ့ခဲ့ရပေမယ့် ခံစစ်ပိုင်းမှာတော့ အမှားအယွင်းတွေရှိနေဆဲပါ။ ဒါ့ကြောင့်လည်း အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗဟိုခံစစ် ကစားသမားတစ်ဦးကို ခေါ်ယူဖို့အတွက် ချိန်ရွယ်နေတာလည်း ဖြစ်ပါတယ်။
Photo Credit: Mirror.com
လက်ရှိအချိန် သတင်းတွေထွက်ပေါ်မှုအရ အာဆင်နယ်အသင်းဟာ လစ်ဇက်အသင်းရဲ့ နောက်ခံလူ အူပါမီကာနို ၊ ဂျူဗင်တပ်နောက်ခံလူ ဒီမီရယ်နဲ့ ဘိုင်ယန်မြူးနစ်အသင်း နောက်ခံလူ ဘိုတန်တို့ကို ချိတ်ဆက်လျက်ရှိတယ်လို့ သိထားရပါတယ်။ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေဟာ အသက်အရွယ် ငယ်သေးတဲ့ အူပါကာမီနိုနဲ့ ဒီမီရယ်တို့ကို အသင်းမှာ မြင်တွေ့လိုနေပေမယ့် ဘောလုံးကျွမ်းကျင်သူတွေကတော့ အာဆင်နယ်အသင်းဟာ ဘိုတန်ကိုပဲ ခေါ်ယူနိုင်မှာပါလို့ သုံးသပ်ထားကြပါတယ်။
Photo Credit: Mirror.com
ဂျူဗင်တပ်အသင်းဟာ အလားအလာကောင်းတွေရှိနေတဲ့ ဒီမီရယ်ကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုထားသလို လစ်ဇက်အသင်းကလည်း အူပါမီကာနိုကို ရောင်းချမှာဖြစ်ပေမယ့် ပြောင်းရွှေ့ကြေးကို အနိမ့်ဆုံး ပေါင်၄၀သန်းဝန်းကျင် တောင်းဆိုမှာဖြစ်တာကြောင့် အဆိုပါ ကစားသမားနှစ်ဦးဟာ အာဆင်နယ်ကို ရောက်လာဖို့ အခွင့်အရေးနည်းပါးနေပါတယ်။ တစ်ဖက်မှာ အသက်၃၁နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘိုတန်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာခွင့် ရရှိထားသလို သူ့ကိုခေါ်ယူဖို့ဟာလည်း ပေါင် ၁၂သန်းဝန်းကျင်သာ ကျသင့်မှာဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့ ပေါ်လစီနဲ့ ကိုက်ညီနေသူပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဇန်နဝါရီကာလမှာ အာဆင်နယ်အသင်းဆီ ဘိုတန်ဟာ ရောက်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။