နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ UEFA Nations League ရဲ့ မဲခွဲပွဲဲရလဒ်တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။ ပထမဆုံးအကြိမ်အဖြစ် မနှစ်က ဘောလုံးရာသီအတွင်း ကျင်းပခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာတော့ ပေါ်တူဂီလက်ရွေးစင်အသင်းက ပထမဆုံးသော ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အခု ရာသီသစ်မှာကတော့ လာမယ့် ၂၀၂၀ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ကိုပါ ခြေစစ်ပွဲအောင်မြင်မှုတွေကိုပါ ထည့်သွင်းလာမှာဖြစ်တာကြောင့် ပိုလို့တောင် စိတ်ဝင်စားစရာကောင်းနေမှာ သေချာပါတယ်။

Photo Credit : Mirror

မဲခွဲပွဲရလဒ်တွေကတော့

လိဂ်(A)

အုပ်စု ၁ – နယ်သာလန်၊ အီတလီ၊ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၊ ပိုလန်

အုပ်စု ၂: အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ အိုက်စလန်

အုပ်စု ၃: ပေါ်တူဂီ၊ ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှား

အုပ်စု ၄: ဆွစ်ဇာလန်၊ စပိန်၊ ယူကရိန်း၊ ဂျာမနီ

လိဂ်(B)

အုပ်စု ၁: သြစတြီးယား၊ နော်ဝေး၊ မြောက်အိုင်ယာလန်၊ ရိုမေးနီးယား

အုပ်စု ၂: ချက်သမ္မတနိုင်ငံ၊ စကော့တလန်၊ ဆလိုဗက်ကီးယား၊ အစ္စရေး

အုပ်စု ၃: ရုရှား၊ ဆားဘီးယား၊ တူရကီ၊ ဟန်ဂေရီ

အုပ်စု ၄ :, ဝေလနယ်၊ ဖင်လန်၊ အိုင်ယာလန်သမ္မတနိုင်ငံ၊ ဘူဂေးရီးယား

လိဂ်(C)

အုပ်စု ၁: အဇာဘိုင်ဂျန်၊ လူဇင်ဘတ်၊ ဆိုက်ပရပ်၊ မွန်တီနီဂရိုး

အုပ်စု ၂ – အာမေးနီးယား၊ အက်စ်တိုးနီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ ဂျော်ဂျီယာ

အုပ်စု ၃: မော်လ်ဒိုဗာ၊ ဆလိုဗေးနီး၊ ကိုဆိုဗို၊ ဂရိ

အုပ်စု ၄: ကာဇက်စတန်၊ လစ်သူရေးနီးယား၊ ဘယ်လာရုစ်၊ အယ်လ်ဘေးနီးယား

အဖွဲ့ချုပ်(D)

အုပ်စု ၁ – မော်လ်တာ၊ အန်ဒိုရာ၊ လတ်ဗီးယား၊ ဖာရိုးကျွန်းများ

အုပ်စု ၂ – ဆန်မာရီနို ၊ လက်ချင်စတိန်း ၊ ဂျီဘရော့တာ

Photo Credit : Evening Standard

ပြိုင်ပွဲပုံစံကတော့ မနှစ်ကနဲ့ ဘာမှကွဲပြားသွားခြင်းမရှိပဲ လိဂ်(A)က အုပ်စု၄စုမှာ အုပ်စုဗိုလ်ဖြစ်လာမယ့် အသင်း၄သင်းကို ဆီမီးဖိုင်နယ်ပုံစံနဲဲ့ ယှဉ်ပြိုင်ကစားစေမှာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကို ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ ပြီးရင်တော့ လိဂ်(A)ကနေ လိဂ်(C)အထိ အောက်ဆုံးက အသင်းတွေကို တန်းဆင်းစေမှာဖြစ်သလို အုပ်စုဗိုလ်အသင်းတွေကိုတော့ တန်းတတ်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ လာမယ့်စက်တင်ဘာလကနေ စတင်ကျင်းပစေမှာဖြစ်ကာ ၂၀၂၁ဇွန်လအထိ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။