MySport Myanmar

ရပ်ရှ်ဖို့ဒ်ကို ပေါင်သန်း(၄၀)နဲ့ပင် ရောင်းချသွားဖို့ ဆန္ဒရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖို့ အစီအစဉ် ရှိနေရာ အကယ်ဒမီထွက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)လောက်နဲ့ပင် ရောင်းချသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

အသက် (၂၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ တန်ဟက်လက်ထက် ပထမရာသီမှာပဲ တောက်ပနိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းကတည်းက လက်ရှိရာသီအထိ မတည်ငြိမ်တဲ့ စွမ်းဆောင်ရည်များကြောင့် အသင်းဘက်က သူ့ကို ရှင်းထုတ်သွားဖို့အထိ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

မကြာသေးခင်ကပဲ Sky Germany ကနေ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်ကို လာမယ့် ဈေးကွက်တွေအတွင်းမှာပဲ ရောင်းထုတ်သွားတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့သလို အခုလည်း Daily Mail ကနေ ဖော်ပြလာတဲ့ သတင်းတွေထဲမှာတော့ ယူနိုက်တက်က ရပ်ရှ်ဖို့ဒ်အတွက် တန်ကြေးကို ပေါင် သန်း(၄၀)သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ အခု ဆောင်းဈေးကွက်ထဲမှာပဲ ရပ်ရှ်ဖို့ဒ် အပါအဝင် အန်တိုနီ အဲရစ်ဆင်တို့ကို အသင်းကနေ ရှင်းထုတ်သွားချင်နေပြီး ကစားသမားသစ်တွေ ပြန်လည် ဖြည့်တင်းသွားချင်နေပေမယ့် ရပ်ရှ်ဖို့ဒ်ကိုတော့ လာမယ့်နွေမှသာ ရောင်းချသွားနိုင်ဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal

ယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင်လက်ထက်မှာ အသင်းကို ပြန်လည် တည်ဆောက်သွားဖို့ ရှိနေပြီး အသင်းအတွက် အားမထားရတဲ့ ကစားသမားတွေနေရာမှာ အမော်ရင် ကစားကွက်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်မယ့် ကစားသမားသစ်တွေ ပြန်လည် အစားထိုး ဖြည့်တင်းသွားဖို့ အစီအစဉ် ရှိနေပါတယ်။

ဒါကြောင့်ပဲ လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ကစားသမားတချို့ ထွက်ခွာသွားရဖွယ် ရှိနိုင်ပြီး ကစားသမားသစ် တစ်ဦးနှစ်ဦးခန့်လောက်လည်း ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်က လာမယ့် ဇန်နဝါရီမှာပရြပ်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင်လည်း လက်ခံစဉ်းစားပေးဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Exit mobile version