မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီနွေရဲ့ တတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကို ကြိုပမ်းသွားဦးမှာ မဟုတ်ပဲ ဒိန်းမတ် တိုက်စစ် ကစားသမားလေး ဟွိုင်လန်းကိုစာ ဦးစားပေး ပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

Photo Credit : The Athletic

 ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် မေဆန်မောင့် နဲ့ ဂိုးသမား နေရာအတွက် အိုနာနာတို့ကို ခေါ်ယူလို့အပြီးမှာ မဖြစ်မနေ ဖြည့်တင်းရဦးမယ့် တိုက်စစ် နေရာအတွက် အတ္တလန်တာက တိုက်စစ်မှူးလေး ဟွိုင်လန်းကိုသာ ပစ်မှတ်ထားနေပါတယ်။ ကစားသမားလေး ကိုယ်တိုင်ကလည်း ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ချင်နေသလို ပုဂ္ဂိုလ်ရေးဆိုင်ရာလည်း သဘောတူညီထားခဲ့ပြီဖြစ်လို့ ယူနိုက်တက် နဲ့ အတ္တလန်တာအသင်းတို့ကြားမှာသာ ဟွိုင်လန်းရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

 ဒီအချိန်မှာ တခြားသော သတင်းတွေကနေ ယူနိုက်တက်က ဖရက်ဒ်ကို ရောင်းချပြီး ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို ခေါ်ယူတော့မယ်လို့ ဖော်ပြလာတာတွေ ရှိလာခဲ့ရာ တကယ်လို့ ဖရက်ဒ်သာ အသင်းကနေ ထွက်ခွာသွားရင် ကွင်းလယ်ပိုင်းအတွက် အမ်မရာဘတ်လို ကစားသမားမျိုးကို အစားထိုး ခေါ်ယူဖို့ လိုအပ်မှာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ကွင်းလယ်ထက် တိုက်စစ်ကိုသာ ဖြည့်တင်းရမှာဖြစ်လို့ ဟွိုင်လန်းကိုသာ အာရုံစိုက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

 နောက်ဆက်တွဲ သတင်းတွေမှာတော့ ဟွိုင်လန်းက သူ့ကို မန်ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ အတ္တလန်တာအသင်းဘက်ကဆီ ဖိအားပေး တောင်းဆိုမှုတွေ လုပ်ဆောင်လျက် ရှိနေပြီး အတ္တလန်တာ နည်းပြ ဂတ်စပါရီနီကလည်း ဟွိုင်လန်း အသင်းမှာ ဆက်ရှိမရှိဆိုတာ မသေချာပေမယ့် အသင်းဘက်ကတော့ ဟွိုင်လန်းအတွက် တန်ကြေးကို ယူရို သန်း(၈၀) (၉၀) (၁၀၀)လောက်အထိ သတ်မှတ်ထားစေချင်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။