MySport Myanmar

ဆောင်းဈေးကွက်မှာပဲ မက်ဂွိုင်းယားကို ရောင်းထုတ်သွားတော့မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ နောက်ခံကစားသမား အသင်းခေါင်းဟောင်း ဟယ်ရီ မက်ဂွိုင်းယားကို လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်မှာပဲ cut-price တန်ကြေးနဲ့ ရောင်းထုတ်သွားတော့မယ်လို့ Daily Star ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်မှူး မက်ဂွိုင်းယားဟာ ၂၀၁၉ကတည်းက လက်စတာကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ ယူနိုက်တက်ရဲ့ အသင်းေခါင်းဆောင်တစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Antena Sports

ဒါပေမယ့် မက်ဂွိုင်းယားက ယူနိုက်တက်မှာ အသင်းခေါင်းဆောင် ဖြစ်လာပြီးနောက်ပိုင်း ခြေစွမ်းပိုင်း မတည်ငြိမ်တာတွေ အမှားများတာတွေကြောင့် နောက်ဆုံးမှာတော့ နည်းပြ အဲရစ် တန်ဟက်ဂ်က သူရဲ့ အသင်းခေါင်းဆောင် တာဝန်ကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ဆီ လွဲပြောင်းပေးခဲ့သလို မက်ဂွိုင်းယားလည်း ယူနိုက်တက်ကနေ ထွက်ခွာလုနီးပါးပါ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် မက်ဂွိုင်းယားက ယူနိုက်တက်မှာသာ ဆက်နေခဲ့ပြီး အသင်းအတွက် ကစားပေးရတဲ့ ပွဲတွေမှာလည်း အကောင်းဆုံး ကစားပေးနေပေမယ့် ဒဏ်ရာတွေ မကြာခဏ ရနေတက်သလို ဒီရာသီအပြီးမှာလည်း သူနဲ့ ယူနိုက်တက်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးပါတော့မယ်။

Photo Credit : DAZN

ယူနိုက်တက်အနေနဲ့ လာမယ့်နွေမှာ မက်ဂွိုင်းယားကို အသင်းကနေ အလွတ်နဲ့ လက်လွတ်သွားရတော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့ကလည်း အစီအစဉ် မရှိတော့တဲ့အတွက် နွေဈေးကွက်မတိုင်ခင် ဆောင်းဈေးကွက်မှာပဲ cut-price တန်ကြေးဖြစ်တဲ့ ပေါင် (၁၀)သန်းဝန်းကျင်လောက်နဲ့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

တကယ်တော့ ယူနိုက်တက်က မက်ဂွိုင်းယားအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၈၀)လောက်အထိ အသုံးပြုပြီး ခေါ်ယူထားခဲ့ရတာဖြစ်လို့ အခုလို ပြန်ရောင်းထုတ်တော့မယ့်အချိန်မှာ ပေါင် သန်း(၃၀)ခန့်လောက် လိုချင်နေပေမယ့်လည်း စာချုပ်သက်တမ်းက (၆)လလောက်ပဲ ကျန်တော့တာမို့ အလွန်ဆုံး ပေါင် (၁၅)သန်းဝန်းကျင်လောက်သာ ရနိုင်ဖို့ များနေပါတယ်။

Exit mobile version