MySport Myanmar

တန်ဟက်ဂ်ကို ထုတ်ပယ်ပြီးရင် တူဟယ်လ်နဲ့ ပြန်လည် ဆွေးနွေးသွားမယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကိုသာ နည်းပြရာထူးကနေ ထုတ်ပယ်လိုက်မယ်ဆိုရင် ပစ်မှတ်ဟောင်း သောမတ်စ် တူဟယ်လ်နဲ့ ထပ်မံ ဆွေးနွေးသွားမယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ သူရဲ့ ယူနိုက်တက်နည်းပြဘဝ တတိယမြောက် ရာသီမှာ ရလဒ်ပိုင်းတွေရော အသင်းကစားပုံပိုင်းမှာပါ အတော်လေး အဆင်မပြေ ဖြစ်နေရတာကြောင့် အသင်းကနေ ထုတ်ပယ်ခံရဖို့ပါ အတော်လေး ရေပန်းစားလာခဲ့ရပါတယ်။

Photo Credit : Fox Sports

ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် INEOS တို့ဟာလည်း အခု ဘောလုံးရာသီ မစတင်ခင်ကတည်းက နည်းပြတချို့နဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ရင်း အဆင်မပြေခဲ့တာကြောင့် တန်ဟက်ဂ်ကိုသာ အသင်းမှာ ဆက်လက် တာဝန်ပေးခဲ့ရသလို စာချုပ်သစ်လည်း ထပ်မံ ချုပ်ဆိုလိုက်ပါသေးတယ်။

ဒါပေမယ့် တန်ဟက်ဂ်က လက်ရှိမှာ အသင်းကို အဆင်ပြေအောင် လုပ်ဆောင်ပေးထားနိုင်ခြင်း မရှိတာကြောင့် အောက်တိုဘာလ နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာပဲ အသင်းကနေ ထုတ်ပေယ်ဖို့ ပြင်ဆင်ထားပြီး တကယ်လို့ တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်မယ်ဆိုရင် တူဟယ်လ်နဲ့ ပြန်ပြီး ဆွေးနွေးသွားဖို့ပါ စီစဉ်နေပါတယ်။

Photo Credit : Football365

ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူနိုက်တက်နဲ့ ဆွေးနွေးခဲ့တဲ့ နည်းပြတွေထဲမှာ ဘိုင်ယန် ချယ်လ်ဆီး နည်းပြဟောင်း တူဟယ်လ်လည်း ပါဝင်နေပြီး ဆွေးနွေးမှုကတော့ အဆင်မပြေခဲ့တာကြောင့် တန်ဟက်ဂ်ကိုသာ ဆက်လက် တာဝန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ တန်ဟက်ဂ်ကလည်း အသင်းမှာ ဘယ်လိုမှ အခြေအနေ မကောင်းတော့တာကြောင့် INEOS တို့က တူဟယ်လ်နဲ့ ပြန်လည် ဆွေးနွေးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂျာမနီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြ တူဟယ်လ်ဟာ INEOS တို့ရဲ့ စိတ်ကြိုက် နည်းပြတစ်ဦးဖြစ်ပြီး တန်ဟက်ဂ်ကိုသာ ရာထူးက ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် တန်ဟက်ဂ်နေရာအတွက် တူဟယ်လ်ကိုပဲ သေချာပေါက် အစားထိုးသွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် ချယ်လ်ဆီး နည်းပြဟောင်း တူဟယ်လ်အနေနဲ့ ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာဖို့လည်း ရှိနေရပါတယ်။

Exit mobile version