မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြတဲ့ မေဆန် ဂရင်းဝုဒ် နဲ့ ဂျေဒန် ဆန်ချိုတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေတစ်ခုကို လာမယ့် နွေမှသာ ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ ယူနိုက်တက်ဟာ တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကို လာလီဂါကလပ် ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားချထားသလို တောင်ပံကစားသမား ဆန်ချိုကို သူ့အသင်းဟောင်း ဒေါ့မွန်ဆီ အငှားချသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Manchester Evening News

ဒီကစားသမား (၂)ဦးလုံးက ပြသာနာတွေကိုယ်စီ ရှိနေကြပြီး ဂရင်းဝုဒ်ကတော့ တရားရင်ဆိုင်ရတဲ့အထိ အခြေအနေ ဆိုးထားခဲ့ရသလို ဆန်ချိုကလည်း အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ ဆက်ဆံရေးတွေ လုံးဝ အဆင်မပြေ ဖြစ်လို့နေပါတယ်။

ဒီအချိန်မှာ ကစားသမား (၂)ယောက်လုံးက အသင်းကနေ အငှားတွေနဲ့ ထွက်ခွာနေချိန် (ဆန်ချိုကလည်း ဒေါ့မွန်ဆီ အငှားနဲ့ပြောင်းရွှေ့ဖို့ အလွန် နီးစပ်နေ) ဒီကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တိကျတဲ့ အဖြေတစ်ခုကို ချမှတ်သွားဖို့ လ်ိုအပ်လာခဲ့ပါတယ်။

Photo Credit : Metro

လက်ရှိ ဂီတာဖေးမှာ ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကို ဘာစီလိုနာ ရီးယဲလ်မက်ဒရစ် အသက်လက်တီကိုတို့က ခေါ်ယူချင်လာခဲ့ပြီး ဆန်ချိုကလည်း ယူနိုက်တက်ကနေ ဒေါ့မွန်ဆီ အပြီးသတ် ပြောင်းရွှေ့သွားချင်နေတာကြောင့် ယူနိုက်တက်အနေနဲ့ ဂရင်းဝုဒ်ကိုရော ဆန်ချိုကိုပါ လက်လွတ်သွားရနိုင်တဲ့ အခြေအနေမှာ ရှိနေရပါတယ်။

ဒါပေမယ့် လက်ရှိမှာ အသင်းက ဆာဂျင်ရက်ကလစ်ဖ် လက်ထက် အသင်းအတွက် အားကစား ဒါရိုက်တာအသစ် ခန့်အပ်သွားဖို့ ရှိနေရာ ဂရင်းဝုဒ် နဲ့ ဆန်ချိုတို့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကစားသမားတွေ အငှားသက်တမ်းပြည့်လို့ အသင်းဆီ ပြန်ရောက်လာချိန် နွေမှသာ ဆုံးဖြတ်ချက် ချမှတ်သွားဖွယ် ရှိနေပါတယ်။