MySport Myanmar

ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)လောက်အထိ အလိုရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဒီရာသီမှာ ဂီတာဖေးအသင်းဆီ တစ်ရာသီ အငှားချထားတဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ်ကို လာမယ့်နွေမှာပဲ အသင်းကနေ အပြီးသတ် ရောင်းချဖို့အတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရို သန်း(၄၀)လောက်အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက် လူငယ် တိုက်စစ်မှူးလေး ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူမိန်းကလေးအပေါ် အကြမ်းဖက် ပြုမှုခဲ့တာတွေကြောင့် တရားရင်ဆိုင်ရင်းနဲ့ အမှုကနေ လွတ်မြောက်ခဲ့ပေမယ့်လည်း အသင်းပရိသတ်တွေရဲ့ ကန့်ကွက်မှုတွေ ရှိနေခဲ့လို့ အသင်းမှာ နေရာပေးလို့ မရတော့ပဲ ဂီတာဖေးအသင်းဆီသာ အငှားချလိုက်ရပါတယ်။

Photo Credit : Goal

စပိန်လာလီဂါပြိုင်ပွဲဆီ ရောက်သွားတဲ့ ဂရင်းဝုဒ်က ဂီတာဖေးအသင်းမှာ တဖြည်းဖြည်းနဲ့ ခြေစွမ်းပြသလာနိုင်ခဲ့ပြီး အခုဆိုရင် အသင်းအတွက် ပြိုင်ပွဲစုံ (၂၄)ပွဲ ကစားထားပြီးချိန် (၇)ဂိုးသွင်း (၅)ဂိုးဖန်တီပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂရင်းဝုဒ်က လာလီဂါမှာလည်း (၅)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်ပါသေးတယ်။

ဒီလို ခြေစွမ်းပြသထားနိုင်တဲ့ ညာတောင်ပံ တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို လက်ရှိမှာ ဘာစီလိုနာ နဲ့ အသက်လက်တီကိုတို့လို လာလီဂါ အင်အားကြီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး လာမယ့်နွေမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖို့ပါ ရှိနေပါတယ်။

Photo Credit : TEAMtalk

ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း အင်္ဂလန်ကိုပြန်ပြီး မန်ချက်စတာမှာ ပြန်ကစားဖို့ ဆန္ဒမရှိတော့ပဲ စပိန်မှာသာ သူရဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းသွားချင်နေသလို သူ့ကို ဘာစီလိုနာ အသက်လက်တီကိုနဲ့အပြိုင် ဂီတာဖေးအသင်းကပါ တစ်ခါတည်း အပြီးသတ် ခေါ်ယူချင်နေပါတယ်။

ဒီလို အခြေအနေမှာ ယူနိုက်တက်က သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၄၀)လောက် ရရှိမှသာ အပြီးသတ် ရောင်းချသွားမှာဖြစ်ပြီး ယူနိုက်တက် ပရိသတ်တွေကတော့ ဂရင်းဝုဒ်ကို မရောင်းချပဲ အသင်းမှာသာ ပြန်လည် နေရာပေးစေချင်နေပါတယ်။

Exit mobile version