မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီ ဂျုဗင်တပ်စ်တို့က စိတ်ဝင်စားနေတဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကို ရောင်းချသွားဖို့အတွက် ပြောင်းရွှေကြေး ပေါင် သန်း(၄၀)လောက်အထိ အလိုရှိနေတယ်လို့ The Mirror သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ် အင်္ဂလန် ဘယ်တောင်ပံကစားသမား ဆန်ချိုဟာ ၂၀၂၁ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပေမယ့် သူရဲ့ကစားဟန်က ယူနိုက်တက်မှာ ဘယ်လိုမှ အံ့မဝင်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း နညး်ပြ တန်ဟက်ဂ်နဲ့ပါ အဆင်မပြေ ဖြစ်ရာကနေ အသင်းဟောင်း ဒေါ့မွန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : The Independent

လက်ရှိမှာတော့ ဆန်ချိုနဲ့ တန်ဟက်ဂ်တို့ကြားမှာ ပြန်လည် အဆင်ပြေသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း ဆန်ချိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ရေရာမှု ရှိမနေသေးပဲ သူ့ကို ဂျုဗင်တပ်စ်က စိတ်ဝင်စားနေတဲ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ ပီအက်စ်ဂျီကပါ ဆန်ချိုကို ကမ်းလှမ်းမှုတစ်ရပ်ပါ ပြုလုပ်လာခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဆန်ချိုက တန်ဟက်ဂ်နဲ့ ပြန်လည် အဆင်ပြေသွားပြီး ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲမှာလည်း အသင်းအတွက် ပြန်ကစားခွင့် ရခဲ့သည့်တိုင် ယူနိုက်တက်ရဲ့ ဘယ်ခြမ်းမှာ ရပ်ရှ်ဖို့ဒ် ဂါနာချိုတို့ကို ကျော်ဖြတ်ပြီး နေရာရဖို့ မလွယ်နိုင်သလို ညာခြမ်းမှာဆိုရင် အာမတ်က ခြေစွမ်းတွေ ပြသလျက် ရှိနေပါတယ်။ ဒီအခြေအနေမှာ ဆန်ချိိုက ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာခဲ့ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့လည်း personal agreed ရလုနီးပါးပါ ဖြစ်နေပါတယ်။

Photo Credit : Goal

ယူနိုက်တက်ဘက်ကတော့ လက်ရှိအချိန်ထိ ဆန်ချိုကို ရောင်းချသွားမလား ဒါမှမဟုတ် အသင်းမှာပဲ ဆက်ထားသွားမလားဆိုတာကို ယတိပြတ် ဆုံးဖြတ်ချက် မချမှတ်ရသေးပေမယ့် Mirror ရဲ့ ဖော်ပြချက်များအရတော့ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၄၀)လောက် ရရှိမယ်ဆိုရင်တော့ ရောင်းချသွားဖို့ ရှိနိုင်ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဆန်ချိုကို ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီနဲ့ ယူနိုက်တက်တို့ကြားမှာ ဆန်ချို အပြောင်းအရွှေ့နဲ့ ဆက်စပ်ပြီး ပီအက်စ်ဂျီ ကွင်းလယ်လူ အူဂါတေးရဲ့ အပြောင်းအရွှေ့ပါ ပါဝင်ပတ်သက်လာနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ကလည်း ဥရုဂွေး ကွင်းလယ်ကစားသမား အူဂါတေးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်က ရရှိထားပြီ ဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီကတော့ အူဂါတေးအတွက် ပေါင် သန်း(၆၀)လောက်အထိ တောင်းဆိုထားပါတယ်။