ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့လူငယ် ကြယ်ပွင့်ကစားသမားလေး မိုက်ကယ် အိုလီဆေးကို မန်ချက်စတာ ယူနိုက်တက်အသင်းက လာမယ့်နွေဈေးကွက်ရဲ့ အဓိကပစ်မှတ် ကစားသမားအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်တယ်လို့ Daily Express ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၂)နှစ်အရွယ် ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံကစားသမား အိုလီဆေးဟာ အင်္ဂလန်နိုင်ငံဖွား ပြင်သစ် လူငယ်အသင်း ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ် ချယ်လ်ဆီးနဲ့ မန်စီးတီး လူငယ် အကယ်ဒမီတွေမှာပါ တက်ရောက်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ပဲလေ့စ်အသင်းကိုတော့ ၂၀၂၁ခုနှစ်ကမှ ရက်ဒင်းအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဆိုရင် အိုလီဆေးဟာ ပဲလေ့စ်ရဲ့ အဓိက ကစားသမားတစ်ဦးပါ ဖြစ်နေရသလို ဒဏ်ရာ ပြသာနာတွေကြောင့်သာ ဒီရာသီထဲ အသင်းအတွက် (၁၁)ပွဲသာ ကစားပေးခဲ့ရပါတယ်။

ဒါတောင် အဲ့ဒီ (၁၁)ပွဲအတွင်း (၆)ဂိုးသွင်း (၃)ဂိုးဖန်တီးထားတာကတော့ အိုလီဆေးရဲ့ စွမ်းဆောင်ထားနိုင်မှုက တကယ်ကို အထင်ကြီးလောက်စရာကောင်းပြီး ဒါကြောင့်လည်း သူ့ကို မန်ယူနိုက်တက် အပါအဝင် ချယ်လ်ဆီး မန်စီးတီး လီဗာပူးလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ယူနိုက်တက်ကလည်း ညာတောင်ပံနေရာမှာ အန်တိုနီရဲ့ ခြေစွမ်းပိုင်းတွေက လုံးဝ အားရစရာ အနေအထားမှာ ရှိမနေတာကြောင့် အသင်းတာဝန်ရှိသူတွေ အားလုံး ဆွေးနွေး အဖြေရှာခဲ့ရာ လာမယ့်နွေမှာ အိုလီဆေးကို main target အဖြစ် သတ်မှတ်ပြီး ခေါ်ယူသွားဖို့ အားလုံးက သဘောတူညီ ထောက်ခံသွားခဲ့ကြပါတယ်။

ဒါပေမယ့် ပဲလေ့စ်ဘက်က အိုလီဆေးကို သိပ်မကြာသေးခင်ကပဲ စာချုပ်သက်တမ်း တိုးမြှင့်ထားတာ ဖြစ်တဲ့အပြင် အိုလီဆေးရဲ့လက်ရှိပေါက်ကြေးကလည်း ယူရို သန်း(၅၀)တောင် ရှိနေတာဖြစ်လို့ ယူနိုက်တက်အနေနဲ့ အိုလီဆေးအတွက် အနိမ့်ဆုံး ယူရို (၆၅)သန်းလောက်နဲ့ စတင် ကမ်းလှမ်းသွားရဖို့ ရှိနေပါတယ်။