အီတလီ စီးရီးအေကလပ် လာဇီယိုအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမားလေး မေဆန် ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၇)သန်းအပြင် (50)% sell on clause နဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရာ ဒီကမ်းလှမ်းချက်ကို ယူနိုက်တက်ဘက်က ငြင်းဆန် ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက်ကနေ ဂီတာဖေးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ကစားရင်း အတော်လေး ခြေစွမ်းပြသနိုင်ခဲ့ရင်း ဂီတာဖေးရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဂရင်းဝုဒ်ကို ဥရောပ ကလပ်အသင်း အမြောက်အများက စိတ်ဝင်စားလာခဲ့ပါတယ်။
Photo Credit : Football Espana
ဂရင်းဝုဒ်ဟာ သူရဲ့ မူလ ကလပ်အသင်းဖြစ်တဲ့ ယူနိုက်တက်မှာ ဘောလုံးပြန်ကစားဖို့ မလွယ်ကူတော့သလို ယူနိုက်တက်ကလည်း သူ့ကို အခုနွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ အပြီးသတ် ရောင်းချသွားဖို့ စီစဉ်နေတာကြောင့် ဂရင်းဝုဒ်ကို ကလပ်အသင်းတွေကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာ အသက်လက်တီကို ဗလင်စီယာ ဂျုဗင်တပ်စ် နာပိုလီနဲ့ လာဇီယိုတို့ ပါဝင်လာခဲ့ပြီး အခု လာဇီယိုအသင်းက ဂရင်းဝုဒ်ကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရင်း ကမ်းလှမ်းမှုတစ်ရပ်ကိုပါ လုပ်ဆောင်လာခဲ့ပါတယ်။
Photo Credit : Clutch Point
လာဇီယိုအသင်းက ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၁၇)သန်း အပါအဝင် လာမယ့် အနာဂတ်မှာ ဂရင်းဝုဒ်ကို တခြားသော ကလပ်အသင်း တစ်သင်းဆီ ပြန်လည် ရောင်းချမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေး (၅၀)% ကိုပါ ယူနိုက်တက်ဆီ ပြန်လည် ပေးချေမယ့် ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းချက်ကို ယူနိုက်တက်က ပယ်ချသွားခဲ့ပါတယ်။
ယူနိုက်တက်က ဂရင်းဝုဒ်အတွက် ပြောင်းရွှေ့ကြေးအဖြစ် အနိမ့်ဆုံး ပေါင် သန်း(၃၀)လောက်အထိ အလိုရှိနေတာဖြစ်လို့ အခုလို ကမ်းလှမ်းချက်အပေါ် သဘောကျခြင်း မရှိပဲ ပြောင်းရွှေ့ကြေးကို တိုးမြှင့် ကမ်းလှမ်းမှသာ စဉ်းစားပေးဖွယ် ရှိနိုင်ပါတယ်။ ဒါ့အပြင် လာဇီယိုနဲ့အပြိုင် ဂျှုဗင်တပ်စ်နဲ့ နာပ်ိုလီတို့ကလည်း ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ဖို့အတွက် အပြိုင် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေကြပါတယ်။