MySport Myanmar

ဝုလ်ဗ် တိုက်စစ်ကစားသမား ကွန်ညာကို ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ ကြယ်ပွင့် ကစားသမား မားသီးယပ်စ် ကွန်ညာကို ဒီနွေရာသီမှာ ခေါ်ယူနိုင်ဖို့ ပိုမို နီးစပ်လာနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီခေါ်ယူမှုအတွက် နယူးကာဆယ်အသင်းနဲ့ အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ ဘရာဇီးလ် တိုက်စစ်ကစားသမား ကွန်ညာရဲ့ စာချုပ်ပါ ပေါင်(၆၂.၅)သန်း တန် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လာမယ့် မေလမှာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ နယူးကာဆယ်အသင်းကလည်း အသက်(၂၅)နှစ်အရွယ် ကွန်ညာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ကိုသာ ပိုပြီး စိတ်ယိမ်းယိုင်နေနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

နည်းပြ ရူဘင် အမိုရင်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဂိုးသွင်းယူနိုင်ဖို့ တိုက်စစ်ပိုင်းက ရုန်းကန်နေရပါတယ်။ ကွန်ညာဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အရည်အသွေး ပိုမို ဖြည့်တင်းပေးနိုင်ဖွယ် ရှိပေမယ့် အချို့ကတော့ ယူနိုက်တက်ရဲ့ ဂိုးသွင်းအားနည်းမှု ပြဿနာကို အမှန်တကယ် ဖြေရှင်းဖို့အတွက် အထောင် တိုက်စစ်မှူး စစ်စစ် တစ်ဦးကိုသာ ပိုမို လိုအပ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

သတင်းတွေအရ အက်သလက်တီကို မက်ဒရစ် ကစားသမားဟောင်း ကွန်ညာကို ခေါ်ယူခြင်းအားဖြင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့ရေး စည်းမျဉ်းများ (Profit and Sustainability Rules – PSR) နဲ့ ကိုက်ညီနေဆဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်လိုတယ်ဆိုရင် လက်ရှိ ကစားသမား အချို့ကို ရောင်းထုတ်ဖို့ လိုအပ်လာနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

Photo Credit : ESPN

ဒါ့အပြင် ယူနိုက်တက်ဟာ အစ်ဆွစ်ချ်တောင်းအသင်းရဲ့ တိုက်စစ်မှူး လီယမ် ဒီလပ်ကိုလည်း ဒီနွေမှာ ခေါ်ယူလိုနေပါတယ်။ အသက်(၂၂)နှစ်အရွယ် ဒီလပ်ရဲ့ စာချုပ်မှာ ပေါင်သန်း(၃၀)တန် စာချုပ်ဖျက်သိမ်းကြေး ရှိတယ်လို့ ဆိုကြပြီး သူ့ကို ခေါ်ယူဖို့ ချယ်လ်ဆီး အသင်းနဲ့ အပြိုင် ကမ်းလှမ်းရနိုင်တာမို့ ပြိုင်ဆိုင်မှု ပြင်းထန်လာနေတယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘုန်းမောက် အသင်းကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ယူခဲ့တဲ့ ဝုလ်ဗ်အသင်းကတော့ စနေနေ့မှာ လက်စတာအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

Exit mobile version