မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ သွင်းဂိုးအများဆုံးရယူထားခဲ့တဲဲ့ လူငယ်တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်က ဝုလ်ဗ်အသင်းနဲဲ့ ကစားခဲဲ့တဲ့ အက်အေဖလား တတိယအဆင့် ပြန်ကန်ပွဲမှာ ရရှိခဲ့တဲဲ့ နောက်ကျောဒဏ်ရာကြောင့် ၆ပတ်ဝန်းကျင်လောက်အထိ အနားယူရတော့မှာဖြစ်သလို အခုလည်း သူမပါဝင်နိုင်တဲဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲလုံးမှာ သွင်းဂိုးတစ်ဂိုးတောင် ရယူနိုင်ခြင်းမရှိပဲ ရှုံးပွဲတွေဆက်တိုက်ရခဲဲ့တာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်တဲ့အနေနဲ့ တိုက်စစ်မှူးဟောင်း ကားလို့စ်တဲဗက်ဇ်ကို ရာသီကုန်အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။
Photo Credit : Daily Mail
အသက်၃၅နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ယူနိုက်တက်အသင်းမှာ ၂၀၀၇ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ ၂ရာသီအငှားစာချုပ်နဲ့ လာရောက်ကစားခဲ့ဖူးပြီး အဲ့ဒီ၂ရာသီလုံးမှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဖလားကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက တဲဗက်ဇ်ဟာ ရော်နယ်ဒို ရူနီတို့နဲ့ပေါင်းပြိး စွဲမက်စရာကောင်းလှတဲဲ့ တိုက်စစ်အစုအဖွဲ့ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုတော့ ကစားသမားဘဝ အဆုံးသတ်ချိန်နားရောက်နေတဲ့ တဲဗက်ဇ်ဟာ သူရဲဲ့မွေးရပ်မြေက ထိပ်သီးအသင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းမှာ ပါဝင်ကစားလို့နေပြီး ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ယူနိုက်တက်အသင်းကနေ အငှားနဲ့ခေါ်ယူချင်နေတာဖြစ်ပါတယ်။
Photo Credit : Daily Mail
အာဂျင်တီးနား လက်ရွေးစင်ဟောင်း တဲဗက်ဇ်ဟာ ယူနိုက်တက်နဲ့လမ်းခွဲပြီးတဲ့နောက်မှာ ယူနိုက်တက်ရဲ့အခါးသီးဆုံးပြိုင်ဘက် မန်စီးတီးအသင်းအပါအဝင် ဂျုဗင်တပ်စ် ဘိုကာဂျူနီယာနဲ့ ရှန်ဟိုင်းရှင်ဟွာအသင်းတွေမှာ ပြောင်းလဲကစားခဲ့ပြီး နောက်ဆုံးတော့ ဘိုကာဂျူနီယာနဲ့ ပြန်လည်လက်တွဲခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ယခင်တုန်းကလည်း ဝါရင့်တိုက်စစ်ကစားသမားကြီးဖြစ်တဲ့ လာဆင်ကို အခုလို ဆောင်းရာသီစျေးကွက်မှာ အငှားနဲ့ခေါ်ယူခဲ့ဖူးပြီး အသင်းအတွက် အကျိုးပြုနိုင်တဲ့ ခေါ်ယူမှုဖြစ်ခဲဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အသက်၃၆နှစ်ပြည်တော့မယ့် တဲဗက်ဇ်က ၅နှစ်လောက် သူနဲ့ဝေးကွာနေရတဲ့ ဥရောပမြေမှာ အရင်လို ခြေစွမ်းကောင်းတွေ ပြန်လည်ပြသနိုင်ဖို့ဆိုတာက မလွယ်ကူတော့လို့ ယူနိုက်တက်အတွက် မှန်ကန်တဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ကာဗာနီ ပီယွန်တက်ခ်တို့လို တိုက်စစ်မှူးတွေကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။
(Zawgyi)
တိုက်စစ်ပြသာနာအတွက် တိုက်စစ်မှူးဟောင်းတဲဗက်ဇ်နဲ့ အစားထိုးဖွယ်ရှိနေတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီရာသီမှာ သွင်းဂိုးအများဆုံးရယူထားခဲ့တဲ့ လူငယ်တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်က ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ အက်အေဖလား တတိယအဆင့် ပြန်ကန်ပွဲမှာ ရရှိခဲ့တဲ့ နောက်ကျောဒဏ်ရာကြောင့် ၆ပတ်ဝန်းကျင်လောက်အထိ အနားယူရတော့မှာဖြစ်သလို အခုလည်း သူမပါဝင်နိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲလုံးမှာ သွင်းဂိုးတစ်ဂိုးတောင် ရယူနိုင်ခြင်းမရှိပဲ ရှုံးပွဲတွေဆက်တိုက်ရခဲ့တာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်တဲ့အနေနဲ့ တိုက်စစ်မှူးဟောင်း ကားလို့စ်တဲဗက်ဇ်ကို ရာသီကုန်အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပါတယ်။