MySport Myanmar

သောမတ်စ် တူဟယ်လ်ကို မရတော့လို့ သောမတ်စ် ဖရန့်ကို ပိုမို မျက်စိကျလာတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ရလဒ်တွေ ဆိုးရွှားနေတာကြောင့် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို အသင်းကနေ ထုတ်ပယ်ဖြစ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုး ဝင်ရောက်လာနိုင်တဲ့ နည်းပြအဖြစ် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်က ရေပန်းအစားဆုံး ဖြစ်လာခဲ့ရပါတယ်။

ကနဦးပ်ိုင်းကတော့ ယူနိုက်တက်က တန်ဟက်ဂ်နေရာမှာ ချယ်လ်ဆီးနဲ့ ဘိုင်ယန်နည်းပြဟောင်း သောမတ်စ် တူဟယ်လ်နဲ့ အစားထိုးဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က တူဟယ်လ်ကို အင်္ဂလန်နည်းပြသစ်အဖြစ် ရုတ်တရက် ခန့်အပ်လိုက်တာကြောင့် ယူနိုက်တက်လည်း ပစ်မှတ် ပြောင်းလဲလာခဲ့ရပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်တွေဖြစ်တဲ့ INEOS တို့ စိတ်တိုင်းကျ နည်းပြစာရင်းမှာ အင်္ဂလန်နည်းပြဟောင်း ဂါရတ် ဆောက်ဂိတ် ၊ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ လက်ရှိ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ် ဖရန့်တို့ ပါဝင်လို့နေပြီး လတ်တလောမှာတော့ သောမတ်စ် ဖရန့်ကို စိတ်အဝင်စားဆုံး ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ နည်းပြ တန်ဟက်ဂ်ကို အလျင်စလို ထုတ်ပယ်တာတွေ လုပ်ဆောင်သွားဦးမှာ မဟုတ်ပေမယ့် ရလဒ်တွေက ဆက်လက် ဆိုးရွှားနေခဲ့မယ်ဆိုရင်တော့ ရာထူးကနေ ထုတ်ပယ်လာနိုင်ပြီး လက်ထောက်နည်းပြ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းကိုသာ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ပေးဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Football365

အခု ယူနိုက်တက် အလိုရှိနေတဲ့ ဒိန်းမတ်လူမျိုး ဘောလုံးနည်းပြ သောမတ်စ် ဖရန့်က ဘရန့်ဖို့ဒ်အသင်းကို ကိုင်တွယ်နေဆဲ ဖြစ်တဲ့အတွက် ဒီလို အခြေအနေမျိုးနဲ့ အသင်းဆီ ခေါ်ဆောင်ဖိုု့ဆိုတာက ခက်ခဲနိုင်တာမို့ ရာသီအကုန်မှသာ ကြိုးပမ်းမှုတွေ ပြုလုပ်လာနိုင်ပါတယ်။

ဒီတစ်ပတ် နိုင်ငံတကာ ရက်သတ္တပတ်အပြီး ကလပ်အသင်း ပွဲစဉ်တွေ ပြန်လည် စတင်တော့မယ့် weekend မှာပဲ တန်ဟက်ဂ်ရဲ့ မန်ယူနိုက်တက်အသင်းဟာ သူ့ရာထူးအတွက် ဖိအားအပေးဆုံး ဖြစ်နေသူ သောမတ်စ် ဖရန့်ရဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ဆုံတွေ့ရတော့မှာမို့ ဒီပွဲရလဒ်ပိုင်းဟာလည်း အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Exit mobile version