ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်း ပြင်သစ်ကွင်းလယ်ကစားသမား အူစိန်အာဝါကို လတ်တလောမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတွေကနေ အပြိုင်စိတ်ဝင်စားကြလျက် ရှိနေသလို ဒီနောက်ပိုင်းမှာလည်း လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေကပါ အာဝါကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလာခဲ့တယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Pain in the Arsenal

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အာဝါဟာ လိုင်ယွန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကနေစတင်ကာ လိုင်ယွန်စီနီယာကစားသမားဘဝကို စတင်ခဲ့ရသူဖြစ်ပါတယ်။ အာဝါဟာ ကွင်းလယ်နေရာစုံမှာ ဆော့ကစားတတ်သူဖြစ်ပြီး နည်းစနစ်ပိုင်း ကြွယ်ဝသူလည်းဖြစ်သလို ခြေထောက်ထဲကို ဘောလုံးရောက်လာပြီဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်တတ်တဲ့ တိုက်စစ်အားသန် ကွင်းလယ်လူတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Football Transfer

အာဝါဟာ အရည်အသွေးမြင့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး သူ့ကို ပြီးခဲ့တဲ့ရာသီကပဲ အာဆင်နယ်အသင်းကနေ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လိုင်ယွန်ဘက်ကနေ ပယ်ချခဲ့တာကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပေမယ့် ကိုဗစ်ဂယက်ကြောင့် အသင်းစီးပွားရေး ကျဆင်းလာရချိန်နဲ့ အသင်းက ဥရောပဝင်ခွင့် မရထားချိန်မှာတော့ လိုင်ယွန်အသင်းအနေနဲ့ အာဝါကို မဖြစ်မနေ ရောင်းထုတ်ရဖွယ် ရှိနေရပါတယ်။ ဒီလို အခြေအနေ ရှိနေရတဲ့ အာဝါကို အာဆင်နယ် စပါးအသင်းတွေကနေ စတင်ပစ်မှတ်ထားလာခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ လီဗာပူးလ် ယူနိုက်တက်အသင်းတွေကပါ အပြိုင်ပစ်မှတ်ထားလာခဲ့ပြီး အာဝါရဲ့လက်ရှိတန်ကြေးကတော့ ယူရို(၄၅)သန်းဝန်းကျင်လောက် ရှိနေပါတယ်။ လိုင်ယွန်အသင်းနဲ့ လာမယ့် ၂၀၂၃ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မနှစ်ကတည်းက လိုင်ယွန်နဲ့ လမ်းခွဲချင်နေသူဖြစ်ပြီး အခုအချိန်မှာလည်း အသင်းနဲ့ သေချာပေါက် လက်တွဲဖြုတ်တော့မှာဖြစ်ကာ သူ့စိတ်ကြိုက် ကလပ်အသင်းကို ရွေးချယ်ဖွယ် ရှိနေပါတယ်။