မန်ချက်စတာ ယူနိုက်တက်အသင်းက ပူးတွဲ ပိုင်ရှင်သစ်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်လက်ထက် ပထမဆုံး ခေါ်ယူမှုအဖြစ် ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ တောင်ပံ နဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မိုက်ကယ် အိုလီဆေးကို ကမ်းလှမ်းမှု ပြုလုပ်လာဖွယ် ရှိနေတယ်လို့ Evening Standard က ဖော်ပြလာပါတယ်။

အသက် (၂၂)နှစ်အရွယ် ပရီးမီးယားလိဂ် ကြယ်ပွင့် ကစားသမားလေး အိုလီဆေးဟာ ၂၀၂၁ခုနှစ်ကမှ ရက်ဒင်းကနေ ပဲလေ့စ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နံပါတ် (၁၀)နေရာမှာရော ညာတောင်ပံ နေရာအထိပါ ကစားတတ်တဲ့ ပြင်သစ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Photo Credit : Medium

အရည်အသွေးမြင့် ကစားသမားလေး အိုလီဆေးကို ပြီးခဲ့တဲ့ နွေတုန်းကတော့ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ အလွန် နီးစပ်တဲ့ အခြေအနေအထိ ရောက်ရှိခဲ့ပြီးမှ ရုတ်တရက် ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့ပြီး ပဲလေ့စ်နဲ့သာ (၄)နှစ် သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒီလို သက်တမ်းတိုးထားတာတောင်မှ အိုလီဆေးကို လီဗာပူးလ် နဲ့ မန်ယူနိုက်တက်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီး ပဲလေ့စ်ဘက်ကတော့ သူတို့ကစားသမားရဲ့ စာချုပ်သစ် ချုပ်ဆိုထားမှုမှာတော့ စာချုပ်လျော်ကြေးကို ပေါင် သန်း(၆၀)လောက်အထိ သတ်မှတ်ထားတယ်လို့ Mirror ကနေ ဖော်ပြထားပါတယ်။

Photo Credit : Footbalium

ဒီလို တန်ကြေးမျိုးနဲ့ဆိုရင်တော့ ယူနိုက်တက်အနေနဲ့ အခု ဆောင်းဈေးကွက်မှာပဲ အိုလီဆေးကို ခေါ်ယူဆိုတာ မဖြစ်နိုင်သေးပဲ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှသာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

လက်ရှိမှာတော့ ယူနိုက်တက်က တိုက်စစ်ပိုင်းအတွက် မူလာ ဝါနာ နဲ့ ချုပိုမိုတင်းတို့လို ဘွန်ဒက်စ်လီဂါက တိုက်စစ် ကစားသမားတွေကို ချိန်ရွယ်လျက် ရှိနေပြီး ဒီထဲကမှ ဂျာမနီ တိုက်စစ်မှူး တီမို ဝါနာက ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ နီးစပ်နေရပါတယ်။