MySport Myanmar

အတ္တလန်တာ ဂိုးသမား ကာနီဆက်ချီကို မျက်စိကျနေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ လက်ရှိဂိုးသမား အန်ဒရေ အိုနာနာနေရာအတွက် ဂိုးသမားအသစ်တစ်ယောက် ရှာဖွေနေတာ နောက်ဆုံးတော့ အဖြေထွက်လာမယ့်ပုံပါပဲ။ နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ စီးရီးအေကလပ် အတ္တလန်တာရဲ့ အလားအလာအကောင်းဆုံး ဂိုးသမား မာကို ကာနီဆက်ချီကို မျက်စိကျနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ လက်ရှိဂိုးသမား အိုနာနာကို ဒီနွေရာသီမှာ ရောင်းထုတ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေကြားထဲ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် အရည်အသွေးမြင့်တဲ့ ဂိုးသမားတစ်ဦးနဲ့ အစားထိုးဖို့ အသည်းအသန် ကြိုးပမ်းနေပါတယ်။ အီတလီကလာတဲ့ သတင်းတစ်ပုဒ်အရ ယူနိုက်တက်ရဲ့ ဂိုးသမားရှာပုံတော်ဟာ အဆုံးသတ်သွားနိုင်ပြီလို့ ဆိုပါတယ်။

Photo Credit : Caught Offside

အီတလီရဲ့ Corriere della Serra သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အတ္တလန်တာရဲ့ ဂိုးသမား ကာနီဆက်ချီကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ် ဒီဂိုးသမားဟာ ၂၀၂၃-၂၄ ရာသီမှာ အတ္တလန်တာရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ ခြေစွမ်းတွေ သိသိသာသာ တိုးတက်လာတာကြောင့် အီတလီလက်ရွေးစင်အသင်းကပါ ခေါ်ယူခြင်းခံခဲ့ရပါတယ်။

သူ့ရဲ့ စာချုပ်သက်တမ်းက ၂၀၂၈ အထိရှိတာကြောင့် အတ္တလန်တာဘက်ကတော့ အေးအေးဆေးဆေး ရှိနေပေမယ့် ယူရိုသန်း(၄၀) (ပေါင် ၃၃.၅ သန်း) ထက်များတဲ့ ကမ်းလှမ်းမှုတွေအတွက်တော့ စဉ်းစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Transfermarket

ယူနိုက်တက်ဟာလည်း ဂိုးသမားနေရာအတွက် ပြီးခဲ့တဲ့အပတ်က နိုက်စ်ဂိုးသမား မာတင် ဘူလ်ကာ ဒီလအစောပိုင်းမှာ ရိုးမားရဲ့ မိုင် ဆဗီလာတို့နဲ့ သတင်းထွက်ခဲ့သလို ဘာစီလိုနာဂိုးသမား တာ စတီဂျန် လိုင်လီရဲ့ လူငယ်ကြယ်ပွင့် လူးကပ်စ် ရှက်ဗာလီယာ အက်စတွန်ဗီလာရဲ့ အီမီ မာတီနက်ဇ်တို့လို နာမည်ကြီးတွေနဲ့လည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။

အိုနာနာဟာ ၂၀၂၃ မှာ အင်တာမီလန်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပေမယ့် အသင်းမှာ အိပ်မက်ဆိုးလို ရာသီနှစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ မလိုလားအပ်တဲ့ စံချိန်ဆိုးတွေရဲ့ ပိုင်ရှင်ဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ယူနိုက်တက်ဟာ ကင်မရွန်းဂိုးသမားကို ရောင်းထုတ်ဖို့အတွက် ဥရောပတစ်ခွင်က ဂိုးသမားများစွာနဲ့ သတင်းထွက်နေခဲ့တာပါ။ ယူနိုက်တက်က အိုနာနာကို ရောင်းထုတ်ဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမယ့် နောက်ဆုံးသတင်းတွေအရ အသင်းဟာ တခြားဦးစားပေးနေရာတွေအတွက် ငွေကြေးအများအပြား သုံးစွဲရမှာဖြစ်လို့ ထိပ်တန်းဂိုးသမားတစ်ဦး အသစ်ခေါ်ယူဖို့ အစီအစဉ်ကို လက်လျှော့သွားနိုင်တယ်လို့ သိရပါတယ်။

Exit mobile version