ယေန႔ ေသာၾကာေန႔မနက္မေစာပုိင္းမွာေတာ့ အားလုံးစိတ္ဝင္စားေနၾကရတဲ႔ အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ရဲ႕ အက္ေအဖလား စတုတၳအဆင့္ ႐ႈံးထြက္ပြဲစဥ္မွာ ဧည့္သည္ယူႏုိက္တက္အသင္းက ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ရခဲ႔ၿပီး ေနာက္တစ္ဆင့္ကုိ တတ္လွမ္းသြားခဲ႔ပါတယ္။

အိမ္႐ွင္အာဆင္နယ္အသင္းကေတာ့ ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးအသင္းကုိ အႏုိင္ရယူခဲ့တဲ႔ပြဲစဥ္က လူစာရင္းကုိ အနည္းငယ္သာ အေျပာင္းအလဲလုပ္လာခဲ့ၿပီး ဒဏ္ရာရသြားခဲ႔တဲ႔ ဘယ္လာရင္ေနရာမွာ မီလန္းႏုိင္းစ္ ဂုိးသမားေလႏုိေနရာမွာ ပီတာခ်က္တုိ႔ ဝင္ကစားခဲ႔ၿပီး ကြင္းလယ္ကစားသမား ဂြန္ဒူဇီကုိေတာ့ အရန္မွာပဲထားကာ အီဝိုဘီကုိ အသုံးျပဳခဲ႔ပါတယ္။ ယူႏုိက္တက္ကေတာ့ တုိက္စစ္ပုိင္းကုိ အေျပာင္းအလဲလုပ္ခဲ႔ၿပီး ရက္ဖုိဒ့္နဲ႔မာစီယဲလ္တုိ႔ကုိ အနားေပးခဲ႔ကာ လူကာကူနဲ႔ဆန္းခ်က္ဇ္တုိ႔ကုိ လင္ဂတ္နဲ႔ တြဲသုံးခဲ့ပါတယ္။ ဂုိးသမားအျဖစ္လည္း ဒီဂီယာအစား အရန္ဂုိးသမားရုိးမဲလ္ရုိးကုိ သုံးလာခဲ႔ပါတယ္။

ပထမပုိင္း ေျခစြမ္းအရေတာ့ အိမ္ရွင္အာဆင္နယ္က ပုိေကာင္းခဲ႔တယ္ဆုိေပမယ့္ ယူႏုိက္တက္ကေတာ့ အခြင့္ေရးေတြကုိ အေကာင္းဆုံးအသုံးခ်ႏုိင္ခဲ႔ၿပီး သူတုိ႔ရဲ႕ပုံစံေကာင္းကုိလည္း ထိန္းထားႏုိင္ခဲ႔ပါတယ္။ အဖြင့္ဂုိးကုိေတာ့ အာဆင္နယ္ကစားသမားေဟာင္းဆန္းခ်က္ဇ္က ပီတာခ်က္ကုိ လိမ္ေခါက္ကာ သြင္းယူခဲ႔ၿပီး ၂မိနစ္အၾကာမွာပဲ ဒုတိယေျမာက္ဂုိး အာဆင္နယ္ခံစစ္ေပါက္မႈကနတစ္ဆင့္ လင္ဂတ္က သြင္းယူခဲ႔ပါတယ္။ ဒါေပမယ့္ ပြဲၿပီးခါနီး မိနစ္ပုိင္းအလုိမွာ အူဘာမီယန္းက အာဆင္နယ္အတြက္ အေရးပါတဲ႔ေခ်ပဂုိးကုိ ျပန္လည္သြင္းယူႏုိင္ခဲ႔ပါတယ္။

ဒုတိယပုိင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ အာဆင္နယ္အသင္းက ေနာက္ထပ္ေခ်ပဂုိး ျပန္ရဖုိ႔အတြက္ တုိက္စစ္ကုိ တရစပ္ျမင့္တင္ခဲ႔ေပမယ့္လည္း ယူႏုိက္တက္ခံစစ္က ဒီေန႔မွာ ပုံစံေကာင္းျပေနႏုိင္ခဲ႔သလုိ အာဆင္နယ္ရဲ႕ တုိက္စစ္ပုိင္းကလည္း ထိေရာက္တဲ႔ တုိက္စစ္ဆင္မႈမ်ိဳးေတြ နည္းပါးခဲ႔ပါတယ္။ ယူႏုိက္တက္ကေတာ့ ဒုတိယပိုင္းမွာ ပြဲကုိထိန္းထိန္းသိမ္းသိမ္း ကစားခဲ႔ၿပီး ၈၂မိနစ္အေရာက္မွာ ေကာင္တာတုိက္စစ္ကေန ေပါ့ဘာရဲ႕ ကန္သြင္းခ်က္ ျပန္ထြက္လာတာကုိ လူစားဝင္တုိက္စစ္မွဴး မာစီယဲလ္က ပိတ္သြင္းခဲ႔ၿပီး ၃ဂုိး၁ဂုိးနဲ႔ အႏုိင္ရကာ ေနာက္တစ္ဆင့္ကုိ တတ္ေရာက္သြားခဲ႔ပါတယ္။

(Unicode)

ယနေ့ သောကြာေ့န့မနက်မစောပိုင်းမှာတော့ အားလုံးစိတ်ဝင်စားနေကြရတဲ့ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ အက်အေဖလား စတုတ္ထအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဧည့်သည်ယူနိုက်တက်အသင်းက ၃ဂိုး၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။

အိမ်ရှင်အာဆင်နယ်အသင်းကတော့ ဒီနေ့ပွဲမှာ ချဲလ်ဆီးအသင်းကို အနိုင်ရယူခဲ့တဲ့ပွဲစဉ်က လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲလုပ်လာခဲ့ပြီး ဒဏ်ရာရသွားခဲ့တဲ့ ဘယ်လာရင်နေရာမှာ မီလန်းနိုင်းစ် ဂိုးသမားလေနိုနေရာမှာ ပီတာချက်တို့ ဝင်ကစားခဲ့ပြီး ကွင်းလယ်ကစားသမား ဂွန်ဒူဇီကိုတော့ အရန်မှာပဲထားကာ အီဝိုဘီကို အသုံးပြုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ တိုက်စစ်ပိုင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး ရက်ဖိုဒ့်နဲ့မာစီယဲလ်တို့ကို အနားပေးခဲ့ကာ လူကာကူနဲ့ဆန်းချက်ဇ်တို့ကို လင်ဂတ်နဲ့ တွဲသုံးခဲ့ပါတယ်။ ဂိုးသမားအဖြစ်လည်း ဒီဂီယာအစား အရန်ဂိုးသမားရိုးမဲလ်ရိုးကို သုံးလာခဲ့ပါတယ်။

ပထမပိုင်း ခြေစွမ်းအရတော့ အိမ်ရှင်အာဆင်နယ်က ပိုကောင်းခဲ့တယ်ဆိုပေမယ့် ယူနိုက်တက်ကတော့ အခွင့်ရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး သူတို့ရဲ့ပုံစံကောင်းကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကိုတော့ အာဆင်နယ်ကစားသမားဟောင်းဆန်းချက်ဇ်က ပီတာချက်ကို လိမ်ခေါက်ကာ သွင်းယူခဲ့ပြီး ၂မိနစ်အကြာမှာပဲ ဒုတိယမြောက်ဂိုး အာဆင်နယ်ခံစစ်ပေါက်မှုကနတစ်ဆင့် လင်ဂတ်က သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး မိနစ်ပိုင်းအလိုမှာ အူဘာမီယန်းက အာဆင်နယ်အတွက် အရေးပါတဲ့ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ အာဆင်နယ်အသင်းက နောက်ထပ်ချေပဂိုး ပြန်ရဖို့အတွက် တိုက်စစ်ကို တရစပ်မြင့်တင်ခဲ့ပေမယ့်လည်း ယူနိုက်တက်ခံစစ်က ဒီနေ့မှာ ပုံစံကောင်းပြနေနိုင်ခဲ့သလို အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကလည်း ထိရောက်တဲ့ တိုက်စစ်ဆင်မှုမျိုးတွေ နည်းပါးခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒုတိယပိုင်းမှာ ပွဲကိုထိန်းထိန်းသိမ်းသိမ်း ကစားခဲ့ပြီး ၈၂မိနစ်အရောက်မှာ ကောင်တာတိုက်စစ်ကနေ ပေါ့ဘာရဲ့ ကန်သွင်းချက် ပြန်ထွက်လာတာကို လူစားဝင်တိုက်စစ်မှူး မာစီယဲလ်က ပိတ်သွင်းခဲ့ပြီး ၃ဂိုး၁ဂိုးနဲ့ အနိုင်ရကာ နောက်တစ်ဆင့်ကို တတ်ရောက်သွားခဲ့ပါတယ်။