စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း(၆၀) တန်ကြေး ရှိနေတဲ့ ဆိုစီဒက် ခံစစ်ကစားသမား ရော်ဘင် လီနော်မန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဦးဆောင်လျက် ရှိနေတယ်လို့ စပိန်သတင်းစာတွေကနေ ဖော်ပြလာခဲ့ပါတယ်။
အသက် (၂၇)နှစ်အရွယ် ပြင်သစ်နွယ်ဖွား စပိန် ခံစစ်မှူး လီနော်မန်ဟာ ဆိုစီဒက်အသင်းရဲ့ အဓိက ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာလည်း ဒီကစားသမားကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေက အပြိုင်စိတ်ဝင်စားနေကြပါတယ်။
Photo Credit : Transfer News Live
ဆိုစီဒက်အသင်းဆီ ၂၀၁၆ခုနှစ်ကတည်းက ရောက်ရှိနေပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာပဲ ဆိုစီဒက်ရဲ့ ခံစစ်ပိုင်းမှာ ပုံမှန်နေရာ ရရှိလာခဲ့တဲ့ လီနော်မန်ဟာ အခုဆို ဆိုစီဒက်မှာသာမကပဲ စပိန်လက်ရွေးစင်အသင်းမှာပါ ကစားခွင့်တွေ ဆက်တိုက် ရရှိလာခဲ့ပါတယ်။
Photo Credit : TEAMtalk
ဒါကြောင့် သူ့ကို အာဆင်နယ် လီဗာပူးလ် ယူနိုက်တက်တို့က အပြိုင် စိတ်ဝင်စားနေကြရင်း ခံစစ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက အခြားအသင်းတွေကို ကျော်လွန်ပြီး လီနော်မန်ကို ခေါ်ယူဖို့ ပိုမို လှုပ်ရှားလာခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ကလည်း ဒီဆောင်းဈေးကွက်မှာ ဗဟိုခံစစ် နေရာအတွက် ကစားသမားသစ်တစ်ဦးကို ဦးစားပေး ခေါ်ယူသွားဖို့ စီစဉ်နေရာ လီနော်မန်က ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်တွေထဲ ပါဝင်လာနိုင်ပေမယ့် သူရဲ့ release clause အရဆိုရင်တော့ ယူနိုက်တက်အသင်းအတွက် အနည်းငယ် ခက်ခဲစေနိုင်ပါလိမ့်မယ်။