မန်ချက်စတာ စီးတီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ဆာဂျီယို အဂွဲရိုးက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မန်စီးတီးကို စိန်ခေါ်နိုင်မယ့် အသင်းတွေထဲမှာ မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါး နဲ့ နယူးကာဆယ်တို့ကို ထူးထူးခြားခြား ထည့်သွင်း ပြောဆိုလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ခ်န္ပီယံ မန်စီးတီးအသင်းဟာ ဒီရာသီထဲ အဆင့် (၄)နေရာကို ရောက်ရှိနေရပြီး သူ့အပေါ်မှာတော့ အာဆင်နယ် လီဗာပူးလ် နဲ့ အက်စတွန် ဗီလာတို့က အသီးသီး ရပ်တည်လျက် ရှိနေပါတယ်။ ဒါပေမယ့် အဂွဲရိုးက ဒီအသင်းတွေကို လစ်လျူရှုပြီး ယူနိုက်တက် စပါး နဲ့ နယူးကာဆယ်တို့ကိုသာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

“ဒီရာသီမှာ ခင်ဗျားအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို လုံးဝ လျှော့တွက်ထားလို့ မရနိုင်ဘူး။ သူတို့တွေက မန်ချက်စတာ စီးတီးအသင်းရဲ့ အမှတ်ပေး ချန်ပီယံဆုအတွက် အဓိက စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းပါပဲ။”

“နောက်ပြီးတော့ တော့တင်ဟမ် ဟော့စပါးအသင်းကိုလည်း အမှတ်ပေး ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်ဦးမယ့် အသင်းလို့ ထင်မိပါတယ်။ အဲ့ဒီအသင်းက နည်းပြကြီး ပိုစတီဂိုကလူး လက်ထက်မှာ အတော်လေး တိုးတက်လာခဲ့တာ။”

Photo Credit : Football365

“နောက်ထပ် တစ်သင်းကတော့ နယူးကာဆယ်ပါ။ သူတို့က ဒီရာသီမှာ အတက်အကျတွေ များစွာ ရှိနေရတယ် ဆိုပေမယ့်လည်း သူတို့မှာလည်း ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိနေသလို ဒီအတွက်လည်း အမြဲတမ်း တိုက်ပွဲဝင်လျက် ရှိနေပါတယ်။” လို့ အဂွဲရိုးက သုံးသပ်သွားခဲ့ပါတယ်။

အဂွဲရိုး ပြောသွားတဲ့ အသင်း(၃)သင်းမှာ စပါးတစ်သင်းကတော့ ထိပ်ဆုံးက အာဆင်နယ်နဲ့ (၆)မှတ်တည်းသာ ကွာဟနေပေမယ့် နယူးကာဆယ်က အာဆင်နယ်နဲ့ (၁၀)မှတ်အထိ ကွာဟနေတဲ့အပြင် ယူနိုက်တက်ဆိုရင် (၁၁)မှတ်လောက်အထိတောင် ကွာဟနေပြီး ဒီအသင်းတွေကလည်း အခုထိ ခြေစွမ်းပိုင်းတွေကလည်း တည်ငြိမ်မှု မရှိပဲ ရုန်းကန်နေရပါတယ်။