MySport Myanmar

အူဂါတေးရဲ့ အပြောင်းအရွှေ့အတွက် မန်ယူနဲ့ ပီအက်စ်ဂျီတို့ ထပ်မံ ဆွေးနွေးနေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥရုဂွေး ကွင်းလယ်ကစားသမား မန်နူရယ် အူဂါတေးကို အခု နွေဈေးကွက်မှာ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ရာ ဒါကို ပီအက်စ်ဂျီဘက်ကနေ ပယ်ချခဲ့ပေမယ့်လည်း အသင်းနှစ်သင်းကြား အူဂါတေးရဲ့ အပြောင်းအရွှေ့အတွက် ဆက်လက် ဆွေးနွေးနေဆဲသာ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ကက်စီမဲရိုးနဲ့ အဲရစ်ဆင်တို့လို အသင်းရဲ့ ဝါရင့် ကွင်းလယ်လူတွေကို လက်လွတ်သွားရဖို့ ရှိနေပြီး ဒီလို အခြေအနေတွေကြောင့်လည်း ယူနိုက်တက်က ဈေးကွက်ထဲ ကွင်းလယ်ကစားသမား အများအပြားကို ပစ်မှတ်ထားလာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Centredevil

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူတွေထဲမှာ ဒီရက်ပိုင်းမှ အသင်းနဲ့ အသံထွက်လာတာက အူဂါတေးပဲ ဖြစ်ပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမား အူဂါတေးဟာ ပြီးခဲ့တဲ့ ရာသီကမှ စပို့တင်း လစ္စဘွန်းကနေ ပီအက်စ်ဂျီကို ယူရို သန်း(၆၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် သူရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝက ထင်သလောက် အဆင်မပြေခဲ့ပဲ အဓိကပွဲစဉ် များစွာမှာ ပွဲထွက်ကစားသမားစာရင်းက ချန်လှပ်ခံခဲ့ရပါတယ်။

ပီအက်စ်ဂျီနည်းပြ အင်းနရစ်ကလည်း အသင်းကွင်းလယ်မှာ ဗာရက်တီ ဖာဘီယန်ရုဇ် အမ်မရီတို့ (၃)ယောက်တွကို ပိုမို အသုံးပြုပြီး အူဂါတေးကိုတော့ အရန်ကစားသမားစာရင်းမှာသာ ထည့်သွင်းနေတာကြောင့် ဒီအခြေအနေအပေါ် အူဂါတေးက မပျော်ရွှင်တော့သလို ပီအက်စ်ဂျီဘက်ကပါ အူဂါတေးကို အသင်းကနေ ပြန်လည် ရောင်းထုတ်ဖို့ပါ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမှာ အူဂါတေးကို မန်ယူနိုက်တက်ဘက်ကနေ ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က လက်လျှော့သွားခြင်း မရှိသေးပဲ ဒီကနေ့မှာပဲ အူဂါတေး အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

အူဂါတေးအနေနဲ့ကလည်း ပီအက်စ်ဂျီကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ဖြစ်ရင် ပွဲကစားခွင့်က ပိုမို ရရှိလာမှာ လုံးဝ သေချာနေတဲ့အတွက် ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ရောက်ဆင်နွဲခွင့် မရထားတာတောင်မှ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့အတွက် personal agreed ပိုင်းကလည်း အလွယ်တကူ ရရှိသွားနိုင်ပါတယ်။

Exit mobile version