မန်ချက်စတာ ယူနိုက်တက်အသင်း နဲ့ အင်တာ မီလန်အသင်းတို့ဟာ မိုနာကိုအသင်းရဲ့ ပြင်သစ် ကွင်းလယ် ကစားသမား ယူဆွစ် ဖိုဖာနာကို ခေါ်ယူဖို့အတွက် ချဥ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ကြသေးတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။

အင်တာ နဲ့ ယူနိုက်တက်တို့က ကွင်းလယ်ပိုင်း အားဖြည့်ဖို့အတွက် မိုနာကို ကွင်းလယ်လူ ဖိုဖာနာကို အငှား+အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူနိုင်မလားဆိုပြီး မိုနာကိုအသင်းထံ ဆက်သွယ် စုံစမ်းခဲ့ရာ မိုနာကိုဘက်က ငြင်းဆန် ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Planet Football

မိုနာကိုအသင်းက သူတို့ရဲ့ ကစားသမား ဖိုဖာနာကို အငှားနဲ့ လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ အပြီးသတ် ကမ်းလှမ်းမှုနဲ့သာ လက်လွတ်သွားချင်နေပါတယ်။ ဒီအခြေအနေမှာ အင်တာက သူတို့ရဲ့ ပစ်မှတ်ကို ပြောင်းလဲလိုက်ပြီး အေဂျက်စ်ရဲ့ နယ်သာလန် ကွင်းလယ်လူ ကလာဆန်ကိုသာ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : TalkSPORT

အသက် (၃၀)အရွယ်ရှိ အတွေ့အကြုံရင့် နယ်သာလန် ကွင်းလယ်လူ ကလာဆန်ဟာ အေဂျက်စ်အသင်းမှာ ပွဲပေါင်း (၂၀၀)ကျော် ကစားခဲ့ဖူးပြီး အဲဗာတန် နဲ့ ဝါဒါဘရီမင်တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ Attacking Midfield နေရာမှာ အဓိက ကစားသူဖြစ်တဲ့ ကလာဆန်ကို အင်တာက ခေါ်ယူသွားချင်နေပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်လျက် ရှိနေပါတယ်။

ရိုမာနိုရဲ့ ဖော်ပြချက်မှာ ယူနိုက်တက် နဲ့ ဖီအိုရင်တီးနားအသင်းတို့က အမ်မရာဘတ်ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေတော့ ထပ်မံ လုပ်ဆောင်လို့နေပြီး ကစားသမားကလည်း ဖီအိုရင်တီးနားအတွက်လည်း မကစားပေးချင် ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေတဲ့ အခြေအနေတွေကြောင့် အပြောင်းအရွှေ့ ဖြစ်လာဖို့က ရာခိုင်နှုန်း အရမ်းများနေရပါတယ်။