[Unicode]

နိုင်ငံတကာ အားကစား အဝတ်အစား၊ ဖိနပ်နှင့် အသုံးအဆောင်ပစ္စည်း စျေးကွက်တွင် တီထွင် ဆန်းသစ်မှုနှင့် ရောင်းအားအပိုင်းတို့တွင် ဦးဆောင်လျက်ရှိသည့် Under Armour သည် အရှေ့တောင်အာရှ စျေးကွက်တွင် အခိုင်အမာ နေရာယူထားသော ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုလည်းဖြစ်သည်။ Under Armour မှ ၎င်း၏ အရှေ့တောင် အာရှစျေးကွက်ကို ထပ်မံချဲ့ထွင်လိုသော ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင်လည်း ပထမဆုံးဆိုင်ခွဲကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ Under Armour ဆိုင်ခွဲသည် ရန်ကုန်မြို့ မြန်မာပလာဇာ စျေးဝယ်စင်တာ မြေညီထပ်တွင် တည်ရှိပြီး စတုရန်းဧရိယာ ၁,၈၈၄ ကျယ်ဝန်းကာ ကမ္ဘာ့နေရာအနှံ့အပြားရှိ Under Armour ဆိုင်ခွဲများ အားလုံးနှင့် တသားတည်းဖြစ်စေရန် စနစ်တကျ ဒီဇိုင်းပြင်ဆင်ထားပါသည်။

‘အားကစားကို ချစ်မြတ်နိုးခြင်း (Love Athletes)’ ၊ ‘တန်းတူအခွင့်အရေးအတွက် ရပ်တည်ခြင်း (Stand for Equality)’ ၊ ‘အောင်မြင်မှုအတွက် အတူကြိုးစားခြင်း (Fight on Together)’ ၊ ‘ရဲရဲရင့်ရင့် ဖန်တီးရှေ့ဆက်ခြင်း (Create Fearlessly)’ ၊ အစဉ်အမြဲ ချိတ်ဆက်ခြင်း (Always Connect)’ ၊ ‘ မိမိဖြစ်တည်မှုအတိုင်း ရပ်တည်ခြင်း (Stay True)’ ၊ ‘ဖောက်ထွက် စဉ်းစားခြင်း (Think Beyond)’ ၊ ‘အောင်မြင်မှုများအတွက်ဆင်နွှဲခြင်း (Celebrate the Wins)’ အစရှိသော လေးနက်သော အနှစ်သာရ ခံယူချက်များသည် Under Armour ၏ ကြွေးကြော်သံများပင်ဖြစ်ပါသည်။ ဤခံယူချက်များသည် Under Armour အမှတ်တံဆိပ်၊ ဝယ်ယူအားပေးကြသော Customer များ၊ အားကစားသမားများနှင့် အဖွဲ့သားများအားလုံးကို တစ်သားတည်းဖြစ်အောင် ဆောင်ကျဉ်းပေးသော အချိတ်အဆက်များလည်းဖြစ်ပါသည်။ Under Armour သည် လက်ရှိ Customer များ ကြုံတွေ့လျက်ရှိသော ပြဿနာများကို ဖြေရှင်းရန်နှင့် အားကစားသမားများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ခေတ်မီအဆင့်မြင့်ထုတ်ကုန်ပစ္စည်းများကို ဖန်တီးပေးလျက်ရှိသည့်အပြင် ကျန်းမာရေးနှင့် လေ့ကျင့်ခန်းဆိုင်ရာ ဒစ်ဂျစ်တယ် အက်ပလီကေးရှင်းများကိုလည်း လုပ်ဆောင်ထားပြီး Customer များ စွမ်းဆောင်ရည် တိုးတက်စေဖို့လည်း ပံ့ပိုးပေးလျက်ရှိပါသည်။

ဘယ်လ်တီမိုးမြို့တွင် ရုံးချုပ်တည်ရှိသော Under Armour သည် ကမ္ဘာတစ်ဝန်း နာမည်ကျော်ကြားသော ဒေါ်လာသန်းချီ တန်ဖိုးရှိသည့် စီးပွားရေးတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ တီထွင်ဆန်းသစ်မှုသည် Under Armour ၏ အဓိက အားသာချက်ဖြစ်ပြီး Under Armour အဖွဲ့သားများသည် သမားရိုးကျခံယူချက်များကို အန်တုကာ ရဲရင့်ပြတ်သားစွာ တွေးခေါ် စဉ်းစားသူများ၊ အလွယ်တကူ လက်မလျှော့ဘဲ စွန့်စားရဲသူများဖြစ်ပါသည်။ Under Armour သည် အားကစားသမားများကို ပိုမိုတိုးတက်အကောင်းမွန်အောင် အစဉ်အမြဲ ပံ့ပိုးပေးလျက်ရှိသော အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။

Under Armour ၏ ပြင်းပြသောထက်သန်မှု၊ ဒီဇိုင်းနှင့် နည်းပညာတီထွင်ဆန်းသစ်မှုတို့ဖြင့် အားကစားသမားများ အားလုံးကို ပိုမို ကောင်းမွန်လာအောင် ပံ့ပိုးပေးလိုခြင်းသည် Under Armour ၏ ရည်မှန်းချက်ဖြစ်သည်။ RUSH, HOVR, Vanish Seamless, HeatGear ကဲ့သို့သော အဆင့်မြင့် ဆန်းသစ်တီထွင်ထားသော Under Armour နည်းပညာသုံး အားကစား အဝတ်အထည် အမျိုးအစား အစုံအလင်ကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ Under Armour ၏ ၂၀၂၀ နွေဦး/နွေရာသီ ဒီဇိုင်းစုစည်းမှု (Spring/Summer 2020 collection) တွင် HOVR SONIC 3 နှင့် UA RUSH ဖိနပ်များ၏ ကူရှင်ပိုင်းကို နည်းပညာ အဆင့်မြင့် တီထွင်ဆန်းသစ်ထားမှုဖြင့်လည်း မီးမောင်းထိုးပြခဲ့ပါသည်။ Under Armour ၏ ဖိနပ်အသစ် HOVR Sonic 3 သည် အလေးချိန်ပေါ့ပါးကာ ခြေထောက်ကို ပိုမိုထောက်ပံ့ပေးပြီး လှုပ်ရှားမှုတိုင်းကို ပြီးပြည့်စုံစေသည့်အတွက် ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်သော ဖိနပ်အမျိုးအစားကို နှစ်သက်သည့် အပြေးသမားများ အကြိုက်တွေ့သည့် ဖိနပ်မျိုးဖြစ်ပါ သည်။ UA RUSH ကမူ Under Armour ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးသော ဖိနပ်များစာရင်းတွင် အသစ် ထပ်တိုးလာသော အမျိုးအစားဖြစ်ပြီး ချွေးထွက်များသော လေ့ကျင့်ခန်းများလုပ်သည့်အခါ ဝတ်ဆင်ရန် ဒီဇိုင်းဖန်တီးထားခြင်းဖြစ်ပါသည်။ ဤသိပ္ပံနည်းကျနည်းပညာမြင့် ဖန်တီးထားသော အဝတ်အသားသည် ဝတ်ဆင်သူ၏ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေပြီး စွမ်းအင်ကိုလည်း မြှင့်တင်ပေးသည့်အတွက် UA RUSH သည် ဝတ်ဆင်သူများကို အနီအောက်ရောင်ခြည်သုံး ချွေးထုတ်ခန်းတစ်ခုကဲ့သို့ အလားတူ အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သည်။

Under Armour ၏ စွမ်းဆောင်ရည်မြင့် အရည်အသွေးမြင့် အဝတ်အထည်များကို ထုတ်လုပ်ရာတွင် သဘာဝအတိုင်း ရှာဖွေ တွေ့ရှိသော သတ္ထုဓာတ်များကို မြေကြီးထဲမှ ထုတ်ယူကာ အမှုန်အမွှားများအဖြစ်သို့ ဖြိုခွဲပြီး ၎င်းတို့ကို ဒြပ်ပေါင်းအဖြစ် ပုံသွင်းကာ ဖိုင်ဘာများအဖြစ်သို့ ပေါင်းစပ်ထုတ်လုပ်ကာ ပြန်လည်အသုံးချထားခြင်းဖြစ်ပါသည်။

“Under Armour အမှတ်တံဆိပ်ကို မြန်မာနိုင်ငံ ဈေးကွက်ထဲ အခုလို ယူဆောင်လာနိုင်ပြီး မြန်မာလူမျိုးတွေကို Under Armour ရဲ့ စွမ်းဆောင်ရည်ကို မိတ်ဆက်ပေးနိုင်တာက ကျွန်တော်တို့အတွက် စိတ်လှုပ်ရှားစရာပါ။ အားကစားပစ္စည်း ထုတ်ကုန်ကဏ္ဍက မြန်မာနိုင်ငံမှာ အခုထိ အစောပိုင်းအဆင့်မှာပဲ ရှိနေသေးပေမယ့် မြန်မာနိုင်ငံဈေးကွက်က အတော်လေး အလားအလာရှိတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ Under Armour အမှတ်တံဆိပ်ဟာ နိုင်ငံတကာဈေးကွက်မှာလည်း နာမည်ရပြီးသားဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တွေကြောင့် အချိန်ခဏအတွင်းမှာ မြန်မာ့ဈေးကွက်ကို ဦးဆောင်နိုင်တဲ့ အားကစားထုတ်ကုန် အမှတ်တံဆိပ်တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု MK Co. Ltd ၏ Group CEO ဖြစ်သူ Paradorn Kunkongkaphan က ပြောကြားခဲ့ ပါသည်။

Triple Pte Ltd ၏ Chief Executive Officer ဖြစ်သူ Michael Binger ကလည်း “ Under Armour အမှတ်တံဆိပ်ကို အခုလို မြန်မာနိုင်ငံဈေးကွက်ထဲကို သယ်ဆောင်လာနိုင်ပြီး MK Fashion နဲ့အတူ လက်တွဲကာ မြန်မာနိုင်ငံအတွက် ပထမဆုံး ဆိုင်ခွဲကို ဖွင့်လှစ်နိုင်တဲ့အတွက် ကျွန်တော်တို့ တကယ်ဂုဏ်ယူမိပါတယ်။ ပြီးခဲ့တဲ့နှစ်တစ်လျောက် မြန်မာနိုင်ငံမှာ အားကစားနဲ့ လေ့ကျင့်ခန်းအပိုင်းက အတော်လေး တိုးတက်လာနေပြီး အားကစားလုပ်တဲ့သူ၊ လေ့ကျင့်ခန်းလုပ်ကြတဲ့သူ၊ ဂျင်ဆော့ကြတဲ့သူ အရေအတွက်က တဖြည်းဖြည်း များလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရတယ်။ ဒါက မြန်မာနိုင်ငံမှာ Fitness Centers တွေ ပြီးခဲ့တဲ့နှစ်အတွင်း တဟုန်ထိုး တိုးတက်လာရခြင်းရဲ့ သက်သေတစ်ခုပါပဲ” ဟု ပြောကြားခဲ့ပါသည်။

“Under Armour ဟာ အားကစားသမားတွေ အားလုံးကို ပိုမိုကောင်းမွန်လာအောင် အမြဲကူညီပံ့ပိုးပေးနေတဲ့အပြင် မြန်မာ နိုင်ငံက အားကစားသမားတွေနဲ့ ကျန်းမာရေးလိုက်စားတဲ့သူတွေအတွက် ထူးခြားမှုတွေ၊ ပံ့ပိုးမှုတွေ ပေးနိုင်တယ် ဆိုတာကို ပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။ Under Armour ဟာ အခုမြန်မာနိုင်ငံမှာ တရားဝင်ရောက်ရှိနေပါပြီလို့ပဲ ပြောကြားချင်ပါ တယ်” ဟု Michael က ထပ်မံဖြည့်စွက်ပြောကြားခဲ့ပါသည်။

Under Armour တရားဝင်ဆိုင်ခွဲသည် မြန်မာပလာဇာ (အမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်) မြေညီထပ်တွင် တည်ရှိပြီး နေ့စဥ် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည်။

[Zawgyi]

ျမန္မာႏိုင္ငံတြင္ UNDER ARMOUR ၏ ပထမဆုံးဆိုင္ခြဲဖြင့္လွစ္

ႏိုင္ငံတကာ အားကစား အဝတ္အစား၊ ဖိနပ္ႏွင့္ အသုံးအေဆာင္ပစၥည္း ေစ်းကြက္တြင္ တီထြင္ ဆန္းသစ္မႈႏွင့္ ေရာင္းအားအပိုင္းတို႔တြင္ ဦးေဆာင္လ်က္႐ွိသည့္ Under Armour သည္ အေ႐ွ႕ေတာင္အာ႐ွ ေစ်းကြက္တြင္ အခိုင္အမာ ေနရာယူထားေသာ ကမ႓ာေက်ာ္ အမွတ္တံဆိပ္တစ္ခုလည္းျဖစ္သည္။ Under Armour မွ ၎၏ အေ႐ွ႕ေတာင္ အာ႐ွေစ်းကြက္ကို ထပ္မံခ်ဲ႕ထြင္လိုေသာ ရည္႐ြယ္ခ်က္ျဖင့္ ျမန္မာႏိုင္ငံတြင္လည္း ပထမဆုံးဆိုင္ခြဲကို ဖြင့္လွစ္လိုက္ၿပီ ျဖစ္ပါသည္။ ျမန္မာႏိုင္ငံ႐ွိ Under Armour ဆိုင္ခြဲသည္ ရန္ကုန္ၿမိဳ႕ ျမန္မာပလာဇာ ေစ်းဝယ္စင္တာ ေျမညီထပ္တြင္ တည္႐ွိၿပီး စတုရန္းဧရိယာ ၁,၈၈၄ က်ယ္ဝန္းကာ ကမ႓ာ့ေနရာအႏွံ႔အျပား႐ွိ Under Armour ဆိုင္ခြဲမ်ား အားလုံးႏွင့္ တသားတည္းျဖစ္ေစရန္ စနစ္တက် ဒီဇိုင္းျပင္ဆင္ထားပါသည္။

‘အားကစားကို ခ်စ္ျမတ္ႏိုးျခင္း (Love Athletes)’ ၊ ‘တန္းတူအခြင့္အေရးအတြက္ ရပ္တည္ျခင္း (Stand for Equality)’ ၊ ‘ေအာင္ျမင္မႈအတြက္ အတူႀကိဳးစားျခင္း (Fight on Together)’ ၊ ‘ရဲရဲရင့္ရင့္ ဖန္တီးေ႐ွ႕ဆက္ျခင္း (Create Fearlessly)’ ၊ အစဥ္အၿမဲ ခ်ိတ္ဆက္ျခင္း (Always Connect)’ ၊ ‘ မိမိျဖစ္တည္မႈအတိုင္း ရပ္တည္ျခင္း (Stay True)’ ၊ ‘ေဖာက္ထြက္ စဥ္းစားျခင္း (Think Beyond)’ ၊ ‘ေအာင္ျမင္မႈမ်ားအတြက္ဆင္ႏႊဲျခင္း (Celebrate the Wins)’ အစ႐ွိေသာ ေလးနက္ေသာ အႏွစ္သာရ ခံယူခ်က္မ်ားသည္ Under Armour ၏ ေႂကြးေၾကာ္သံမ်ားပင္ျဖစ္ပါသည္။ ဤခံယူခ်က္မ်ားသည္ Under Armour အမွတ္တံဆိပ္၊ ဝယ္ယူအားေပးၾကေသာ Customer မ်ား၊ အားကစားသမားမ်ားႏွင့္ အဖြဲ႕သားမ်ားအားလုံးကို တစ္သားတည္းျဖစ္ေအာင္ ေဆာင္က်ဥ္းေပးေသာ အခ်ိတ္အဆက္မ်ားလည္းျဖစ္ပါသည္။ Under Armour သည္ လက္႐ွိ Customer မ်ား ၾကဳံေတြ႕လ်က္႐ွိေသာ ျပႆနာမ်ားကို ေျဖ႐ွင္းရန္ႏွင့္ အားကစားသမားမ်ား၏ စြမ္းေဆာင္ရည္ ပိုမိုတိုးတက္ ေကာင္းမြန္လာေစရန္ ေခတ္မီအဆင့္ျမင့္ထုတ္ကုန္ပစၥည္းမ်ားကို ဖန္တီးေပးလ်က္႐ွိသည့္အျပင္ က်န္းမာေရးႏွင့္ ေလ့က်င့္ခန္းဆိုင္ရာ ဒစ္ဂ်စ္တယ္ အက္ပလီေကး႐ွင္းမ်ားကိုလည္း လုပ္ေဆာင္ထားၿပီး Customer မ်ား စြမ္းေဆာင္ရည္ တိုးတက္ေစဖို႔လည္း ပံ့ပိုးေပးလ်က္႐ွိပါသည္။

ဘယ္လ္တီမိုးၿမိဳ႕တြင္ ႐ုံးခ်ဳပ္တည္႐ွိေသာ Under Armour သည္ ကမ႓ာတစ္ဝန္း နာမည္ေက်ာ္ၾကားေသာ ေဒၚလာသန္းခ်ီ တန္ဖိုး႐ွိသည့္ စီးပြားေရးတစ္ခုအျဖစ္ ရပ္တည္လ်က္႐ွိပါသည္။ တီထြင္ဆန္းသစ္မႈသည္ Under Armour ၏ အဓိက အားသာခ်က္ျဖစ္ၿပီး Under Armour အဖြဲ႕သားမ်ားသည္ သမား႐ိုးက်ခံယူခ်က္မ်ားကို အန္တုကာ ရဲရင့္ျပတ္သားစြာ ေတြးေခၚ စဥ္းစားသူမ်ား၊ အလြယ္တကူ လက္မေလွ်ာ့ဘဲ စြန္႔စားရဲသူမ်ားျဖစ္ပါသည္။ Under Armour သည္ အားကစားသမားမ်ားကို ပိုမိုတိုးတက္အေကာင္းမြန္ေအာင္ အစဥ္အၿမဲ ပံ့ပိုးေပးလ်က္႐ွိေသာ အမွတ္တံဆိပ္တစ္ခုျဖစ္ပါသည္။

Under Armour ၏ ျပင္းျပေသာထက္သန္မႈ၊ ဒီဇိုင္းႏွင့္ နည္းပညာတီထြင္ဆန္းသစ္မႈတို႔ျဖင့္ အားကစားသမားမ်ား အားလုံးကို ပိုမို ေကာင္းမြန္လာေအာင္ ပံ့ပိုးေပးလိုျခင္းသည္ Under Armour ၏ ရည္မွန္းခ်က္ျဖစ္သည္။ RUSH, HOVR, Vanish Seamless, HeatGear ကဲ့သို႔ေသာ အဆင့္ျမင့္ ဆန္းသစ္တီထြင္ထားေသာ Under Armour နည္းပညာသုံး အားကစား အဝတ္အထည္ အမ်ိဳးအစား အစုံအလင္ကို ထုတ္လုပ္ေရာင္းခ်လ်က္႐ွိပါသည္။ Under Armour ၏ ၂၀၂၀ ေႏြဦး/ေႏြရာသီ ဒီဇိုင္းစုစည္းမႈ (Spring/Summer 2020 collection) တြင္ HOVR SONIC 3 ႏွင့္ UA RUSH ဖိနပ္မ်ား၏ ကူ႐ွင္ပိုင္းကို နည္းပညာ အဆင့္ျမင့္ တီထြင္ဆန္းသစ္ထားမႈျဖင့္လည္း မီးေမာင္းထိုးျပခဲ့ပါသည္။ Under Armour ၏ ဖိနပ္အသစ္ HOVR Sonic 3 သည္ အေလးခ်ိန္ေပါ့ပါးကာ ေျခေထာက္ကို ပိုမိုေထာက္ပံ့ေပးၿပီး လႈပ္႐ွားမႈတိုင္းကို ၿပီးျပည့္စုံေစသည့္အတြက္ ေပါ့ပါးၿပီး သက္ေသာင့္သက္သာျဖစ္ေသာ ဖိနပ္အမ်ိဳးအစားကို ႏွစ္သက္သည့္ အေျပးသမားမ်ား အႀကိဳက္ေတြ႕သည့္ ဖိနပ္မ်ိဳးျဖစ္ပါ သည္။ UA RUSH ကမူ Under Armour ၏ စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးေသာ ဖိနပ္မ်ားစာရင္းတြင္ အသစ္ ထပ္တိုးလာေသာ အမ်ိဳးအစားျဖစ္ၿပီး ေခြၽးထြက္မ်ားေသာ ေလ့က်င့္ခန္းမ်ားလုပ္သည့္အခါ ဝတ္ဆင္ရန္ ဒီဇိုင္းဖန္တီးထားျခင္းျဖစ္ပါသည္။ ဤသိပၸံနည္းက်နည္းပညာျမင့္ ဖန္တီးထားေသာ အဝတ္အသားသည္ ဝတ္ဆင္သူ၏ စြမ္းေဆာင္ရည္ကို ပိုမိုေကာင္းမြန္ေစၿပီး စြမ္းအင္ကိုလည္း ျမႇင့္တင္ေပးသည့္အတြက္ UA RUSH သည္ ဝတ္ဆင္သူမ်ားကို အနီေအာက္ေရာင္ျခည္သုံး ေခြၽးထုတ္ခန္းတစ္ခုကဲ့သို႔ အလားတူ အက်ိဳးေက်းဇူးမ်ား ေပးစြမ္းႏိုင္သည္။

Under Armour ၏ စြမ္းေဆာင္ရည္ျမင့္ အရည္အေသြးျမင့္ အဝတ္အထည္မ်ားကို ထုတ္လုပ္ရာတြင္ သဘာဝအတိုင္း ႐ွာေဖြ ေတြ႕႐ွိေသာ သတၳဳဓာတ္မ်ားကို ေျမႀကီးထဲမွ ထုတ္ယူကာ အမႈန္အမႊားမ်ားအျဖစ္သို႔ ၿဖိဳခြဲၿပီး ၎တို႔ကို ျဒပ္ေပါင္းအျဖစ္ ပုံသြင္းကာ ဖိုင္ဘာမ်ားအျဖစ္သို႔ ေပါင္းစပ္ထုတ္လုပ္ကာ ျပန္လည္အသုံးခ်ထားျခင္းျဖစ္ပါသည္။

“Under Armour အမွတ္တံဆိပ္ကို ျမန္မာႏိုင္ငံ ေဈးကြက္ထဲ အခုလို ယူေဆာင္လာႏိုင္ၿပီး ျမန္မာလူမ်ိဳးေတြကို Under Armour ရဲ႕ စြမ္းေဆာင္ရည္ကို မိတ္ဆက္ေပးႏိုင္တာက ကြၽန္ေတာ္တို႔အတြက္ စိတ္လႈပ္႐ွားစရာပါ။ အားကစားပစၥည္း ထုတ္ကုန္က႑က ျမန္မာႏိုင္ငံမွာ အခုထိ အေစာပိုင္းအဆင့္မွာပဲ ႐ွိေနေသးေပမယ့္ ျမန္မာႏိုင္ငံေဈးကြက္က အေတာ္ေလး အလားအလာ႐ွိတာကို ကြၽန္ေတာ္တို႔ ေတြ႕ရပါတယ္။ Under Armour အမွတ္တံဆိပ္ဟာ ႏိုင္ငံတကာေဈးကြက္မွာလည္း နာမည္ရၿပီးသားျဖစ္တဲ့အျပင္ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္ျမင့္ ထုတ္ကုန္ေတြေၾကာင့္ အခ်ိန္ခဏအတြင္းမွာ ျမန္မာ့ေဈးကြက္ကို ဦးေဆာင္ႏိုင္တဲ့ အားကစားထုတ္ကုန္ အမွတ္တံဆိပ္တစ္ခု ျဖစ္လာႏိုင္တယ္လို႔ ကြၽန္ေတာ္တို႔ အျပည့္အဝ ယုံၾကည္ပါတယ္” ဟု MK Co. Ltd ၏ Group CEO ျဖစ္သူ Paradorn Kunkongkaphan က ေျပာၾကားခဲ့ ပါသည္။

Triple Pte Ltd ၏ Chief Executive Officer ျဖစ္သူ Michael Binger ကလည္း “ Under Armour အမွတ္တံဆိပ္ကို အခုလို ျမန္မာႏိုင္ငံေဈးကြက္ထဲကို သယ္ေဆာင္လာႏိုင္ၿပီး MK Fashion နဲ႔အတူ လက္တြဲကာ ျမန္မာႏိုင္ငံအတြက္ ပထမဆုံး ဆိုင္ခြဲကို ဖြင့္လွစ္ႏိုင္တဲ့အတြက္ ကြၽန္ေတာ္တို႔ တကယ္ဂုဏ္ယူမိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္တစ္ေလ်ာက္ ျမန္မာႏိုင္ငံမွာ အားကစားနဲ႔ ေလ့က်င့္ခန္းအပိုင္းက အေတာ္ေလး တိုးတက္လာေနၿပီး အားကစားလုပ္တဲ့သူ၊ ေလ့က်င့္ခန္းလုပ္ၾကတဲ့သူ၊ ဂ်င္ေဆာ့ၾကတဲ့သူ အေရအတြက္က တျဖည္းျဖည္း မ်ားလာတာကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ခဲ့ရတယ္။ ဒါက ျမန္မာႏိုင္ငံမွာ Fitness Centers ေတြ ၿပီးခဲ့တဲ့ႏွစ္အတြင္း တဟုန္ထိုး တိုးတက္လာရျခင္းရဲ႕ သက္ေသတစ္ခုပါပဲ” ဟု ေျပာၾကားခဲ့ပါသည္။

“Under Armour ဟာ အားကစားသမားေတြ အားလုံးကို ပိုမိုေကာင္းမြန္လာေအာင္ အၿမဲကူညီပံ့ပိုးေပးေနတဲ့အျပင္ ျမန္မာ ႏိုင္ငံက အားကစားသမားေတြနဲ႔ က်န္းမာေရးလိုက္စားတဲ့သူေတြအတြက္ ထူးျခားမႈေတြ၊ ပံ့ပိုးမႈေတြ ေပးႏိုင္တယ္ ဆိုတာကို ျပသႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ Under Armour ဟာ အခုျမန္မာႏိုင္ငံမွာ တရားဝင္ေရာက္႐ွိေနပါၿပီလို႔ပဲ ေျပာၾကားခ်င္ပါ တယ္” ဟု Michael က ထပ္မံျဖည့္စြက္ေျပာၾကားခဲ့ပါသည္။

Under Armour တရားဝင္ဆိုင္ခြဲသည္ ျမန္မာပလာဇာ (အမွတ္ ၁၉၂၊ ကမ႓ာေအးဘုရားလမ္း၊ ဗဟန္းၿမိဳ႕နယ္) ေျမညီထပ္တြင္ တည္႐ွိၿပီး ေန႔စဥ္ နံနက္ ၁၀ နာရီမွ ည ၁၀ နာရီအထိ ပိတ္ရက္မ႐ွိ ဖြင့္လွစ္ေရာင္းခ်ေနၿပီျဖစ္သည္။