စတီဗင်ဂျရတ်နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ သူ့နေရာ အာဆင်နယ်ရဲ့ နည်းပြဟောင်းကြီး အူနိုင်းအမ်မရီနဲ့ ပြန်လည် အစားထိုးဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ဗီလာက ပရီးမီးယားလိဂ်မှာ အခြေအနေ ဆိုးရွှားနေပြီး အမ်မရီကတော့ လာလီဂါမှာ ဗီလာရီးယဲလ်အသင်းကို မဆိုးလှတဲ့ အဆင့်တစ်ခုဆီ ပို့ဆောင်ပေးထားပါတယ်။ ဒါပေမယ့် အမ်မရီက ဗီလာရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ပရီးမီးယားလိဂ်ဆီ တစ်ကျော့ပြန် လာခဲ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

Photo Credit : Birmingham Live

လက်ရှိမှာတော့ စပိန်သားကြီး အမ်မရီဟာ ဗီလာအသင်းကို ပြိုင်ပွဲစုံ ပွဲပေါင်း (၂၂)ပွဲ ပရီးမီးယားလိဂ်ပေါင်း (၂၀) ကိုင်တွယ်ထားပြီးချိန်မှာ နိုင်ပွဲ (၁၃)ပွဲ ရှုံးပွဲ (၆)ပွဲ သရေပွဲ (၃)ပွဲ ရရှိအောင် စွမ်းဆောင်ထားခဲ့သလို အခုလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာထိ ရောက်ရှိအောင် လုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အမ်မရီက သူ့အသင်းဟောင်း အာဆင်နယ်ကို ရှံးနိမ့်ထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နောက်ပိုင်းကတည်းက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၁၀)ပွဲဆက်တိုက်အထိ လုံးဝ ရှုံးပွဲမရှိအောင် အကောင်းဆုံး ကိုင်တွယ်ပေးထားခဲ့ပါတယ်။

Photo Credit : Twitter

အူနိုင်း လက်ထက်မှာ လိဂ်ဖလား နဲ့ အက်အေဖလားတို့လို ရှုံးထွက် ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခွာထားခဲ့ရပြီး ပရီးမီးယားလိဂ်ဘက်မှာလည်း လက်စတာ မန်စီးတီး အာဆင်နယ်တို့ကို (၃)ပွဲဆက် ရှုံးခဲ့ရပေမယ့် အသင်းကို လုံးဝ ဟန်ချက်မပျက်သွားအောင် လုပ်ဆောင်ထားသလို လာမယ့်တစ်ပတ်မှာလည်း မန်ယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်သွားရဦးမှာဖြစ်လို့ ဘယ်လို ရလဒ်မျိုးတွေ ထွက်ပေါ်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

Photo Credit : Twitter

အူနိုင်း အမ်မရီဆိုတာ ယူရိုပါလိဂ်ရဲ့ မာစတာကြီးတစ်ဦးဖြစ်ပြီး သူ ကိုင်တွယ်ခဲ့ဖူးတဲ့ ဆီဗီလာ အာဆင်နယ် ဗီလာရီးယဲလ်အသင်းတွေကို ယူရိုပါလိဂ် ဖိုင်နယ်တွေထိ ပို့ဆောင်ထားနိုင်ခဲ့ဖူးသလို ဆီဗီလာနဲ့ ယူရိုပါလိဂ်ဖလား (၃)ရာသီဆက်တိုက် ရယူနိုင်ခဲ့သလို ဗီလာရီးယဲလ်နဲ့လည်း ယူရိုပါလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်မှုကောင်းတွေ ရှိထားခဲ့တဲ့ အမ်မရီက ဗီလာအသင်းကိုပါ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပြီး ဘယ်လို အောင်မြင်မှုတွေ ရယူပေးသွားနိုင်မလဲဆိုတာ…