အာဆင္နယ္အသင္းရဲ့ ကာလရွည္ပစ္မွတ္ ကစားသမားတစ္ဦးျဖစ္တဲ​့ ဘာစီလိုနာအသင္းရဲ့ ေနာက္ခံလူျဖစ္တဲ့ အမ္တီတီဟာ ယေန႔ မနက္ပိုင္းမွာ အမ္းမရိတ္ကြင္းထဲ ယွဥ္ၿပိဳင္ကစားသြားခဲ့တဲ့ အာဆင္နယ္နဲ႔ ယူနိုက္တက္တို႔ရဲ့ပြဲစဥ္ကို လာေရာက္ၾကည့္ရွုသြားခဲ့တယ္လို႔ သိရွိရၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ အမ္တီတီအေနနဲ႔ ဘာ့ေၾကာင့္ အာဆင္နယ္အသင္းရဲ့ အမ္းမရိတ္ကြင္းကို ေရာက္လာသလဲဆိုတဲ့ ေမးခြန္းက ေဘာလုံးပရိတ္သတ္ေတြရဲ့ စိတ္ဝင္စားျခင္းကို ခံေနရပါတယ္။

Photo Credit: Metro.com

အာဆင္နယ္အသင္းက ယူနိုက္တက္အသင္းကို ေတာင္ပံတိုက္စစ္ကစားသမား ေပေပ ၊ ဗဟိုေနာက္ခံလူ ဆိုကေရးတီးစ္တို႔ရဲ့ ပထမပိုင္းသြင္းဂိုးႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးျပတ္ အနိုင္ရရွိခဲ့တဲ့ ပြဲစဥ္မွာ အမ္တီတီဟာ အမ္းမရိတ္ကြင္းရဲ့ အထူးတန္းပြဲၾကည့္စင္မွာ ရွိေနခဲ့တာပါ။ အမ္တီတီ ေရာက္ရွိေနမွုနဲ႔ပတ္သတ္ၿပီး လန္ဒန္ၿမိဳ႕ အေျခစိုက္သတင္းဌာနေတြကေတာ့ ဒါဟာ အေျပာင္းအေရႊ႕အတြက္ ေရာက္လာတာမ်ိဳးျဖစ္နိုင္တယ္လို႔ သုံးသပ္ထားၾကပါတယ္။

Photo Credit: Metro.com

အသက္၂၆ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ အမ္တီတီဟာ လက္ရွိေဘာလုံးရာသီမွာေတာ့ ဘာစီလိုနာအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရၿပီး သူဟာ လာလီဂါၿပိဳင္ပြဲမွာ ငါးႀကိမ္သာ ပြဲထြက္ကစားခြင့္ရရွိထားသူလည္း ျဖစ္ပါတယ္။ တစ္ဖက္မွာလည္း အာဆင္နယ္အသင္းဟာ အမွားအယြင္းမ်ားေနတဲ့ ေနာက္တန္းေနရာကို ျပဳျပင္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ အမ္တီတီနဲ႔ အာဆင္နယ္တို႔ရဲ့ အေနအထားဟာ စိတ္ဝင္စားစရာပါပဲ။

Photo Credit: Metro.com

လတ္တေလာမွာေတာ့ အာဆင္နယ္အသင္းဟာ လစ္ဇက္အသင္းရဲ့ ေနာက္ခံလူ အူပါကာမီနိုကို ေခၚယူနိုင္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ေပမယ့္ အခုလို အမ္တီတီကို အမ္းမရိတ္ကြင္းထဲမွာ ျမင္ခဲ့ရတာေၾကာင့္ အာဆင္နယ္အသင္းရဲ့ ပစ္မွတ္ဟာ အမ္တီတီသာ ျဖစ္နိုင္ေၾကာင္း ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကပါတယ္။ အမ္တီတီရဲ့ လက္ရွိကတန္ေၾကးကေတာ့ ေပါင္၄၀သန္း ဝန္းက်င္ပဲ ျဖစ္ပါတယ္။

အာဆင်နယ်အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမားတစ်ဦးဖြစ်တဲ​့ ဘာစီလိုနာအသင်းရဲ့ နောက်ခံလူဖြစ်တဲ့ အမ်တီတီဟာ ယနေ့ မနက်ပိုင်းမှာ အမ်းမရိတ်ကွင်းထဲ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ရဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုသွားခဲ့တယ်လို့ သိရှိရပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အမ်တီတီအနေနဲ့ ဘာ့ကြောင့် အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းကို ရောက်လာသလဲဆိုတဲ့ မေးခွန်းက ဘောလုံးပရိတ်သတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

Photo Credit: Metro.com

အာဆင်နယ်အသင်းက ယူနိုက်တက်အသင်းကို တောင်ပံတိုက်စစ်ကစားသမား ပေပေ ၊ ဗဟိုနောက်ခံလူ ဆိုကရေးတီးစ်တို့ရဲ့ ပထမပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့ နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အမ်တီတီဟာ အမ်းမရိတ်ကွင်းရဲ့ အထူးတန်းပွဲကြည့်စင်မှာ ရှိနေခဲ့တာပါ။ အမ်တီတီ ရောက်ရှိနေမှုနဲ့ပတ်သတ်ပြီး လန်ဒန်မြို့ အခြေစိုက်သတင်းဌာနတွေကတော့ ဒါဟာ အပြောင်းအရွှေ့အတွက် ရောက်လာတာမျိုးဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Metro.com

အသက်၂၆နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အမ်တီတီဟာ လက်ရှိဘောလုံးရာသီမှာတော့ ဘာစီလိုနာအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး သူဟာ လာလီဂါပြိုင်ပွဲမှာ ငါးကြိမ်သာ ပွဲထွက်ကစားခွင့်ရရှိထားသူလည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ်အသင်းဟာ အမှားအယွင်းများနေတဲ့ နောက်တန်းနေရာကို ပြုပြင်ဖို့ ပြင်ဆင်နေတာကြောင့် အမ်တီတီနဲ့ အာဆင်နယ်တို့ရဲ့ အနေအထားဟာ စိတ်ဝင်စားစရာပါပဲ။

Photo Credit: Metro.com

လတ်တလောမှာတော့ အာဆင်နယ်အသင်းဟာ လစ်ဇက်အသင်းရဲ့ နောက်ခံလူ အူပါကာမီနိုကို ခေါ်ယူနိုင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် အခုလို အမ်တီတီကို အမ်းမရိတ်ကွင်းထဲမှာ မြင်ခဲ့ရတာကြောင့် အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဟာ အမ်တီတီသာ ဖြစ်နိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ အမ်တီတီရဲ့ လက်ရှိကတန်ကြေးကတော့ ပေါင်၄၀သန်း ဝန်းကျင်ပဲ ဖြစ်ပါတယ်။