ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA က လီယွန်နယ်မက်ဆီနဲ့ ပတ်သက်ပြီး Lionel Messi : What records does he hold? ဆိုတဲ့ articles ထဲမှာ မက်ဆီအနေနဲ့ ဥရောပ ချန်ပီယံပြိုင်ပွဲမှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို (၄)ကြိမ် မဟုတ်ပဲ (၃)ကြိမ်သာ ရရှိထားခဲ့တယ်လို့ အံ့အားသင့်ဖွယ် ဖော်ပြထားခဲ့ပါတယ်။

Photo Credit : FC Barcelona

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၀၆ ၊ ၂၀၀၉ ၊ ၂၀၁၁ နဲ့ ၂၀၁၅ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ထားခဲ့ဖူးပြီး မက်ဆီရဲ့ အကြောင်းအရာတွေကို ဖော်ပြထားတဲ့ နေရာတော်တော်များများမှာလည်း ဒီအတိုင်းသာ ဖော်ပြထားပေမယ့် UEFA ရဲ့ ဖော်ပြထားမှုကတော့ မက်ဆီ ပရိသတ်တွေအပြင် ဘောလုံးပရိသတ်များစွာကိုပါ အံ့အားသင့်စေခဲ့ရပါတယ်။

Photo Credit : Marca

UEFA က မက်ဆီအနေနဲ့ ၂၀၀၉ ၊ ၂၀၀၉နဲ့ ၂၀၁၅ခုနှစ်တွေမှာသာ ဘာစီလ်ိုနာအသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ် ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၂၀၀၆ခုနှစ်မှာတော့ ဘာစီလိုနာက ချန်ပီယံလိဂ်ပြိုင်ပွဲထဲ ဗိုလ်စွဲခဲ့ပေမယ့် အသင်းရဲ့ ဖိုင်နယ် လူစာရင်းမှာ မက်ဆီ ပါဝင်ခြင်း မရှိတာကြောင့် အဲ့ဒီနှစ် ချန်ပီယံလိဂ်ဖလားဟာ မက်ဆီနဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ဖော်ပြထားခဲ့ပါတယ်။

Lionel Messi Regrets Actions After Barcelona's 2006 Champions League Final Win Over Arsenal

Photo Credit : SPORTbible

၂၀၀၅-၂၀၀၆ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ဘာစီလိုနာ နဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာက အီတူး ဘယ်လက်တီတို့ရဲ့့ ဂိုးတွေနဲ့ အာဆင်နယ်ကို (2-1) နဲ့ အနိုင်ရကာ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပွဲရဲ့ ဘာစီလိုနာ ကစားသမားစာရင်းမှာ မက်ဆီ ပါဝင်ခဲ့ခြင်း မရှိပေမယ့် မက်ဆီက အဲ့ဒီ ဘောလုံးရာသီမှာပဲ ချန်ပီယံလိဂ်ပွဲပေါင်း (၆)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး (၁)ဂိုး သွင်း (၂)ဂိုုးဖန်တီးနိုင်ခဲ့ပါတယ်။ ကြွက်သားစုတ်ပြဲ ဒဏ်ရာကြောင့် ဘာစီလိုနာရဲ့ ချန်ပီယံလိဂ် ကွာတားပွဲကနေ ဖိုင်နယ်အထိ လွဲချော်ခဲ့ရတဲ့ မက်ဆီဟာ အသင်းရဲ့ အသင်းရဲ့ ချန်ပီယံလိဂ် ဖိုင်နယ် လူစာရင်းမှာ ပါဝင်နိုင်ခြင်း မရှိလို့ အသင်းရဲ့ ချန်ပီယံလိဂ်ဖလားနဲ့ပါ မသက်ဆိုင်သလို ဖြစ်သွားတာရတာက တရားမျှတမှု မရှိသလို ခံစားမိရပါတယ်။