ဥရောပဘောလုံးပြိုင်ပွဲ ကလပ်အသင်းတွေရဲ့ ပွဲစဉ်တွေ အကြိတ်အနယ် ယှဉ်ပြိုင်နေစဉ်အတွင်း ဘောလုံးပရိသတ်တိုင်းအတွက် စိတ်အနှောင့်အယှက် ဖြစ်ချင်စရာ International Break နိုင်ငံတကာပွဲစဉ်တွေ ကြားဖြတ်ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ပတ် နိုင်ငံတကာပွဲတွေကြားမှာ ပါဝင်လာမယ့် ပြိုင်ပွဲတစ်ခုကတော့ ဘောလုံးပရိသတ်တွေအတွက် မဖြစ်မနေ ကြည့်သွားရမယ့် UEFA Nations League ဆီမီးဖိုင်နယ်ပွဲစဉ်တွေနဲ့ ဖိုင်နယ်ပွဲစဉ်တွေ ပါဝင်နေတာဖြစ်လို့ ဒီပွဲစဉ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးသွားချင်ပါတယ်။

Photo Credit : UEFA

ဒီတစ်ပတ်မှာ ကျင်းပပသွားမယ့် Nations League ပြိုင်ပွဲကိုတော့ ဆီမီးဖိုင်နယ်အဆင့်ကနေ စတင်ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်အတွင်း ဆုံတွေ့ထားခဲ့ကြတဲ့ အီတလီနဲ့စပိန်တို့ ပြန်လည်တွေ့ဆုံကြမှာဖြစ်ပြီး ဥရောပရဲ့ အင်အားကြီးအသင်းတွေဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ပြင်သစ်တို့ကလည်း ထိပ်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုချန်ပီယံ အီတလီအသင်းနဲ့ ကမ္ဘာ့ဖလား ယူရိုချန်ပီယံဟောင်း စပိန်အသင်းတို့ တွေ့ဆုံကြမယ့် Nations League ဆီမီးဖိုင်နယ်ကို အောက်တိုဘာ(၇)ရက်နေ့ မနက်(၁)နာရီ(၁၅)မိနစ်အချိန်မှာ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ကမ္ဘာ့အဆင့်သတ်မှတ်ချက် နံပါတ်(၁) ဘယ်လ်ဂျီယံအသင်းနဲ့ ကမ္ဘာ့ဖလားချန်ပီယံဟောင်း ပြင်သစ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲကိုတော့ အောက်တိုဘာ(၈)ရက်နေ့ နံနက်(၁)နာရီ(၁၅)မိနစ်မှာပဲ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

Photo Credit : Marca

တကယ့်ကို ပွဲကြီးပွဲကောင်းတွေဖြစ်ပြီး အသင်းတွေအနေနဲ့ကလည်း ပွဲစဉ်(၂)ပွဲကို ကြိုးစားအားထုတ်လိုက်တာနဲ့ UEFA Nations League ရဲ့ ဒုတိယမြောက် ချန်ပီယံအသင်း ဖြစ်လာမှာမို့ အကြိတ်အနယ် ယှဉ်ပြိုင်လာမှာ သေချာပါတယ်။ နောက်ပြီး ဒီတစ်ကြိမ် Nations League ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ တတ်ရောက်လာတဲ့ ကလပ်အသင်းတွေက ပထမတစ်ကြိမ်က အသင်းတွေနဲ့ မတူညီတော့တဲ့ အသင်းတွေ ဖြစ်နေတာကလည်း ပရိသတ်တွေအတွက် ပိုမိုစိတ်ဝင်စားစရာ ဖြစ်ေနေစေမှာပါ။ ဆီမီးဖိုင်နယ် (၄)သင်းကနေ နိုင်လာတဲ့ (၂)သင်းက အောက်တိုဘာ(၁၁)ရက်နေ့မှာ ဖိုင်နယ်ပွဲ ရှုံးလာတဲ့ (၂)သင်းက အောက်တိုဘာ(၁၀)ရက်နေ့မှာ တတိယနေရာလုပွဲတွေကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသင်းတိုင်းအတွက် မျှော်လင့်ချက်ကိုယ်စီ ရှိလို့နေပြီး ယူရိုချန်ပီယံ ဖြစ်ထားခဲ့တဲ့ အီတလီအသင်းအနေနဲ့ Nations League ချန်ပီယံကိုပါ ထပ်မံရယူနိုင်မလားဆိုတာကလည်း တကယ့်စိတ်ဝင်စားစရာပါ။