UEFA (ဥရောပ ဘောလုံး အဖွဲ့ချုပ်) ဟာ အခုအပတ်မှာ အီတလီအသင်း (၂) သင်းဖြစ်တဲ့ ရိုးမားအသင်း နဲ့ အင်တာမီလန်အသင်းတို့ကို ယူရိုပါလိဂ် ပြိုင်ပွဲက နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အီတလီအသင်း (၂) သင်းက ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဥရောပ ဘောလုံး အဖွဲ့ချုပ်ဟာ ယူရိုပါလိဂ် ပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက် ကျင်းပချင်တာကြောင့် အီတလီနိုင်ငံ အခြေစိုက် အင်တာမီလန်အသင်း နဲ့ ရိုမားအသင်းတို့ကို ယူရိုပါလိဂ် ပြိုင်ပွဲကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အင်တာမီလန်အသင်း နဲ့ ရိုမားအသင်းတို့ဟာ ပြိုင်ဘက်အသင်း အသီးသီးနဲ့ ယူရိုပါလိဂ် (၁၆) အဆင့် ပထမ အကျော့ ပွဲစဉ်ကို ယခုအပတ်မှာ ကစားရမှာ ဖြစ်ပေမဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သူတို့ရဲ့ ပွဲစဉ်တွေကို ရွေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ စပိန်နိုင်ငံ အစိုးရဟာ စပိန်နိုင်ငံ နဲ့ အီတလီနိုင်ငံကြား ခရီးစဉ် သွားလာမှုကို ရပ်နားခဲ့တဲ့ အတွက်ကြောင့် ယနေ့ညမှာ ကစားသွားကြရမယ့် ရိုမားအသင်း နဲ့ ဆီဗီလာအသင်းရဲ့ ပွဲစဉ် နဲ့ အင်တာမီလန်အသင်း နဲ့ ဂီတာဖေးအသင်းတို့ရဲ့ ပွဲစဉ်ကို ရွေ့ဆိုင်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင် (Ceferin) ဟာ (၂၀၂၀) ယူရို ဖလား ပြိုင်ပွဲကို အစီအစဉ် ချမှတ်ထားတဲ့ အတိုင်း ကျင်းပချင်နေတာကြောင့် အင်တာမီလန်အသင်း နဲ့ ရိုမားအသင်းတို့ကို ယူရိုပါလိဂ် ပြိုင်ပွဲက နှုတ်ထွက်ဖို့ ပြောခဲ့တာ ဖြစ်တယ်လို့ II Messaggero က ဖော်ပြပါတယ်။ အီတလီအသင်း နှစ်သင်း ဖြစ်တဲ့ အင်တာမီလန်အသင်း နဲ့ ရိုမားအသင်းဟာ ယူအီအက်ဖ်အေ ဥက္ကဌ ဆီဖရင်ရဲ့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပေမဲ့လည်း စပိန်နိုင်ငံက အီတလီနိုင်ငံနဲ့ ခရီးစဉ် သွားလာမှုကို ပိတ်ပင်ခဲ့တာကြောင့် ယနေ့ည ကစားရမယ့် ပွဲစဉ်တွေကို ရွေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။