ကမၻာေပၚမွာ ၿပိဳင္ဆိုင္မွုအျပင္းထန္ဆုံး လိဂ္တစ္ခုအျဖစ္ သတ္မွတ္ခံထားရတဲ့ အဂၤလန္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ ယခုႏွစ္အတြက္ လိဂ္ခ်န္ပီယံဟာ ေစာေစာစီးစီးပဲ အေျဖထြက္ခဲ့ၿပီး လီဗာပူးလ္အသင္းဟာ မၾကာခင္မွာပဲ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို အရယူနိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပရီးမီးယားလိဂ္ဟာ စိတ္ဝင္စားဖို႔ မေကာင္းေတာ့ဘူးလို႔ ေျပာေနသူရွိေပမယ့္ တျခားတစ္ေနရာမွာေတာ့ အေတာ္ေလးကို ျပင္းထန္တဲ့ၿပိဳင္ဆိုင္မွုေတြ ရွိေနတာကို ျမင္ေတြ႕ရမွာပါ။

Photo Credit: Mirror.com

 

အဲ့ဒါကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာစာနဲ႔ ယူရိုပါလိဂ္ဝင္ခြင့္တစ္ေနရာစာအတြက္ ေမၽွာ္လင့္ခ်က္ရွိေနတဲ့အသင္းဟာ ပရီးမီးယားလိဂ္မွာ ဆယ့္တစ္သင္းအထိ ရွိေနခဲ့တာလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္သုံးေနရာအတြက္ လီဗာပူးလ္ ၊ မန္စီးတီးနဲ႔ လက္စတာအသင္းတို႔က ရယူဖို႔ က်ိန္းေသေနတာေၾကာင့္ က်န္အသင္းေတြဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္တစ္ေနရာစာနဲ႔ ယူရိုပါလိဂ္ဝင္ခြင့္တစ္ေနရာစာကိုသာ အဓိကထားၿပီး ယွဥ္ၿပိဳင္ရမွာပါ။

Photo Credit: Mirror.com

အမွတ္ေပးဇယားရဲ့ အဆင့္ေလးေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အေနအထားေကာင္းေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ လက္ရွိအခ်ိန္မွာ ရမွတ္၄၀သာရရွိထားၿပီး အဆင့္၅နဲ႔အဆင့္၆ ေနရာမွာရွိေနတဲ့ မန္ယူနဲ႔ စပါးတို႔ကို ရမွတ္၆မွတ္သာ ျဖတ္ထားနိုင္တဲ့ အေနအထားေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာတဲ့အေနအထားပါ။

Photo Credit: Mirror.com

ယူရိုပါလိဂ္ဝင္ခြင့္ျဖစ္တဲ့ အဆင့္၅အတြက္ လက္ရွိအခ်ိန္မွာ ယူနိုက္တက္ ၊ စပါး ၊ ဝုဗ္တို႔က ရမွတ္ ၃၄မွတ္ရရွိထားၿပီး ရမွတ္တူအေနအထားနဲ႔ ၿပိဳင္ဆိုင္ေနၾကေပမယ့္ သူတို႔ေတြရဲ့ေအာက္မွာ ရွက္ဖီးလ္ယူနိုက္တက္ အသင္းက ရမွတ္၃၃မွတ္နဲ႔ အမွီလိုက္ေနသလို ေဆာက္သမ္တန္အသင္းက ၃၁မွတ္ရရွိထားကာ အာဆင္နယ္ ၊ ခရစၥတယ္ပဲေလ့စ္ ၊ အဲဗာတန္ ၊ ဘန္ေလ ၊ နယူးကာဆယ္အသင္းတို႔က ရမွတ္၃၀စီနဲ႔ ရွိေနတဲ့အေနအထားေၾကာင့္ အသင္းတိုင္းမွာ အခြင့္အေရးေတြ ကိုယ္စီ ရွိေနၾကၿပီး ဘယ္အသင္းက ယူရိုပါလိဂ္ဝင္ခြင့္ကို ရရွိမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။

ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး လိဂ်တစ်ခုအဖြစ် သတ်မှတ်ခံထားရတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ယခုနှစ်အတွက် လိဂ်ချန်ပီယံဟာ စောစောစီးစီးပဲ အဖြေထွက်ခဲ့ပြီး လီဗာပူးလ်အသင်းဟာ မကြာခင်မှာပဲ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို အရယူနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ဟာ စိတ်ဝင်စားဖို့ မကောင်းတော့ဘူးလို့ ပြောနေသူရှိပေမယ့် တခြားတစ်နေရာမှာတော့ အတော်လေးကို ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေ ရှိနေတာကို မြင်တွေ့ရမှာပါ။

Photo Credit: Mirror.com

အဲ့ဒါကတော့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာစာအတွက် မျှော်လင့်ချက်ရှိနေတဲ့အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆယ့်တစ်သင်းအထိ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်သုံးနေရာအတွက် လီဗာပူးလ် ၊ မန်စီးတီးနဲ့ လက်စတာအသင်းတို့က ရယူဖို့ ကျိန်းသေနေတာကြောင့် ကျန်အသင်းတွေဟာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာစာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာစာကိုသာ အဓိကထားပြီး ယှဉ်ပြိုင်ရမှာပါ။

Photo Credit: Mirror.com

 

အမှတ်ပေးဇယားရဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အနေအထားကောင်းနေတဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ရမှတ်၄၀သာရရှိထားပြီး အဆင့်၅နဲ့အဆင့်၆ နေရာမှာရှိနေတဲ့ မန်ယူနဲ့ စပါးတို့ကို ရမှတ်၆မှတ်သာ ဖြတ်ထားနိုင်တဲ့ အနေအထားကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာတဲ့အနေအထားပါ။

Photo Credit: Mirror.com

ယူရိုပါလိဂ်ဝင်ခွင့်ဖြစ်တဲ့ အဆင့်၅အတွက် လက်ရှိအချိန်မှာ ယူနိုက်တက် ၊ စပါး ၊ ဝုဗ်တို့က ရမှတ် ၃၄မှတ်ရရှိထားပြီး ရမှတ်တူအနေအထားနဲ့ ပြိုင်ဆိုင်နေကြပေမယ့် သူတို့တွေရဲ့အောက်မှာ ရှက်ဖီးလ်ယူနိုက်တက် အသင်းက ရမှတ်၃၃မှတ်နဲ့ အမှီလိုက်နေသလို ဆောက်သမ်တန်အသင်းက ၃၁မှတ်ရရှိထားကာ အာဆင်နယ် ၊ ခရစ္စတယ်ပဲလေ့စ် ၊ အဲဗာတန် ၊ ဘန်လေ ၊ နယူးကာဆယ်အသင်းတို့က ရမှတ်၃၀စီနဲ့ ရှိနေတဲ့အနေအထားကြောင့် အသင်းတိုင်းမှာ အခွင့်အရေးတွေ ကိုယ်စီ ရှိနေကြပြီး ဘယ်အသင်းက ယူရိုပါလိဂ်ဝင်ခွင့်ကို ရရှိမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။