ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကတော့ သူဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ခေါ်ယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ တိုက်စစ်ပိုင်း အတွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးကိုပါ ခေါ်ယူချင်ခဲ့ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ လူကာကူကို စီးရီးအေကလပ် အင်တာမီလန်အသင်း ကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ပေါင် ၉၇.၅သန်းနဲ့ ခေါ်ယူခဲ့ပြီး ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ လူကာကူဟာ တူချယ်ရဲ့ ချယ်လ်ဆီးအသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍတရပ် ကနေ ကစားခွင့် ရဖို့ ရှိနေပြီး တူချယ်ကတော့ လူကာကူဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် လူကာကူကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်မိကြောင်း ဆိုပါတယ်။

ဒါပေမယ့် တူချယ်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်ပြီး ကျေနပ်နိုင်ခြင်း မရှိသေးပဲ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီဝမ်ဒေါစကီးကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့သေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit: Standard

လီဝမ်ဒေါစကီးကို ခေါ်ယူပေးဖို့ ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့တဲ့ အကြောင်းကို တူချယ်က – “ ကျွန်တော်တို့က ဟာလန်းနဲ့ လူကာကူတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ လီဝမ်ဒေါစကီးကိုလည်း နံပါတ် ၁၀ နေရာမှာ ထားကစားဖို့ အတွက် ခေါ်ယူချင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ဘုတ်အဖွဲ့က ဒီအကြံကို သဘောမတူခဲ့ပါဘူး” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၃၂နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူးတွေထဲက တဦး ဖြစ်ပြီး ချယ်လ်ဆီးအသင်းကသာ သူ့ကို ခေါ်ယူနိုင်ခဲ့ပါက အမှတ်ပေး ချန်ပီယံဆုကို ရရှိဖို့ ပိုမို အခွင့်အလမ်း များလာဖို့ ရှိပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်း ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး။