လက်ရှိ ဥရောပနဲ့ ကမ္ဘာ့ချန်ပီယံ ကလပ်အသင်း တစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း လိုင်လီအသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့ပြီးတဲ့နောက် ဥရောပပြိုင်ပွဲတွေ ပါဝင်ဆင်နွဲထားခဲ့ဖူးတဲ့ အင်္ဂလိပ် ကလပ်အသင်းတွေထဲမှမှာ ဘယ်အသင်းမှ မပိုင်ဆိုင်ဖူးသေးတဲ့ စံချိန်သစ်တစ်ခုကို စိုက်ထူသွားနိုင်ခဲ့ပါတယ်။

The run began last season when the Blues beat Real Madrid in their semi-final second leg

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်မှာပဲ ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်မှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် အခုလက်ရှိချိန်ထိ ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် (၅)ပွဲဆက်တိုက်အထိကို ပေးဂိုးလုံးဝမရှိပဲ (၅)ပွဲလုံးကို Clean Sheet နိုင်ပွဲတွေ ရယူထားနိုင်ခဲ့ပါတယ်။ ဒါဟာ အင်္ဂလိပ် ကလပ်အသင်းတွေထဲမှာ ဘယ်အသင်းမှ မရယူဖူးသေးတဲ့ ခံစစ် စံချိန်ကောင်းတစ်ခုဖြစ်ပြီး ကွာတားဖိုင်နယ်ကို တတ်လှမ်းဖို့ အခြေအနေကောင်းနေတဲ့ ချယ်လ်ဆီး ကွာတားအဆင့် အိမ်ကွင်းပွဲစဉ်မှာရော အခုလို ခံစစ်စွမ်းဆောင်ရည်ကောင်းတွေ ထပ်မံပြသနိုင်ဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။

Thiago Silva was part of the Chelsea defence that kept Lille at bay in the last 16 on Tuesday

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းက ရီးယဲလ်ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီးတဲ့နောက် ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ ရုရှားကလပ် ဇင်းနစ်ကို (၁)ဂိုး ဂိုးမရှိ ဆွီဒင်ကလပ် မာလ်မိုကို (၄)ဂိုး ဂိုးမရှိ အုပ်စုတွင်း အင်အားအတောင့်တင်းဆုံးကလပ် ဂျုဗင်တပ်စ်ကိုပါ (၄)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ ပေးဂိုးမဲ့ အနိုင်ရယူခဲ့တာ ဖြစ်ပါတယ်။ အခုလည်း ပြင်သစ်လီဂူးရဲ့ လက်ရှိချန်ပီယံ လိုင်လီအသင်းကို ဧည့်ခံကစားခဲ့ရတဲ့ ပွဲစဉ်မှာပါ (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်ကို ရယူနိုင်ခဲ့တာကြောင့် အသင်းက နောက်တစ်ဆင့်တတ်လှမ်းဖို့ အခြေအနေ ကောင်းသွားခဲ့ရသလို ပေးဂိုးမရှိသေးတဲ့ ခံစစ်ကလည်း စံချိန်မှတ်တမ်းကောင်းကိုပါ ပိုင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ချယ်လ်ဆိးအသင်းရဲ့ခံစစ်မှာ ရူဒီဂါ သီယာဂိုဆေးလ်ဗား ခရစ္စတန်ဆန်တို့လို ဗဟိုခံစစ်ကစားသမားတွေ အကျစ်လစ်ဆုံး ပုံစံနဲ့ ခြေစွမ်းပြနေကြသလို ခံစစ်အစွန်လူတွေလည်း အသင်းရဲ့ခံစစ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပါတယ်။ နိုင်ပွဲရယူထားတဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့် မတ်လ(၁၆)ရက်နေ့မှာတော့ လိုင်လီအသင်း တည်ရှိရာ ပြင်သစ်မြို့ကိုသွားရောက်ပြီး (၁၆)သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ကို ဆက်လက်ဆင်နွဲရဦးမှာ ဖြစ်ပါတယ်။