ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဗာနာတို့ ဒဏ်ရာပြသာနာတွေကနေ အသီးသီး ပြန်လည်ကောင်းမွန်လာတဲ့အခါမှာ သွင်းဂိုးတွေ ပိုမိုသွင်းယူနိုင်ဖို့အတွက် ဒီကစားသမား(၂)ယောက်ကို တိုက်စစ်နေရာကနေ Wing-back နေရာတွေမှာ ပြောင်းလဲအသုံးပြုရမယ်လို့ နောက်ပြောင်ကျီစယ်ပြီး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ချယ်လ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ဗာနာတို့ဟာ မာလ်မိုအသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဒဏ်ရာပြသာနာကိုယ်စီ ရရှိနေတာကြောင့် အသင်းရဲ့ ပွဲအနည်းငယ်ကို လွဲချော်ထားခဲ့ရပေမယ့်လည်း ဒီရာသီမှာ ခံစစ်တာဝန်အပြင် အသင်းရဲ့ သွင်းဂိုးတာဝန်တွေကိုပါ ပူးတွဲထမ်းဆောင်ပေးနေတဲ့ ချယ်လ်ဆီးခံစစ်သမားတွေကြောင့် ချယ်လ်ဆီးရဲ့ ရလဒ်တွေက ဆက်တိုက်ကောင်းမွန်နေရတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ချယ်လ်ဆီးအသင်းမှာ Wing-back နေရာတွေကို ဝင်ရောက်ကစားနေကြတဲ့ ဘင်ချီဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့ဆီကနေ သွင်းဂိုးတွေကို သွင်းယူနေတာဖြစ်ပြီး ဒီကစားသမား(၂)ယောက်က လိဂ်သွင်းဂိုး(၃)ဂိုးစီ သွင်းယူထားကြပါတယ်။

Photo Credit : The Sun

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ရပ်တည်လျက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်ကစားသမားစစ်စစ် မပါဝင်ပေမယ့်လည်း အသင်းရဲ့ ခံစစ်ကစားသမား ရီးစ်ဂျိမ်းစ်ရဲ့သွင်းဂိုး(၂)ဂိုး ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီဂိုးတွေနဲ့ အပြတ်အသတ်ကို အနိုင်ယူခဲ့ပါတယ်။ ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က “လူကာကူနဲ့ဗာနာတို့ကို Wing-backs ကစားသမားတွေအဖြစ်နဲ့ ကျွန်တော်တို့တွေ စမ်းသပ်ကြည့်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ နယူးကာဆယ်နဲ့ပွဲက တကယ့်ကု ိရှုပ်ထွေးတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရတယ်။ အိုဒွိုင်းအနေနဲ့ ဘောလုံးအလိမ်အခေါက်တွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် ဂျိမ်းစ်လည်း ဂိုးသွင်းနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်မိတယ်။ ဒီလိုပဲ ဘင်ချီဝဲလ်သာ နေရာလွတ်တွေကို မဖွင့်လာနိုင်ဘူးဆိုရင်လည်း အိုဒွိုင်းက အလိမ်အခေါက်တွေကို လုပ်ဆောင်နိုင်မယ် မထင်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီနွေမှာ အသင်းဟောင်း ချယ်လ်ဆီးကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူကာကူာဟာ အသင်းနဲ့ ပွဲဦးထွက်မှာ သွင်းဂိုးတွေ ဆက်တိုက်သွင်းယူထားပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက်ပျောက်နေရသလို ဗာနာကလည်း ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ် (၇)ပွဲ ကစားထားပြီးနောက်မှာ သူရဲ့သွင်းဂိုးက (၁)ဂိုးသာ ရှိနေရကာ တိုက်စစ်ကစားသမား(၂)ယောက်လုံး ရုန်းကန်နေကြရပါတယ်။