ပီအက်စ်ဂျီနည်းပြဟောင်း လူးဝစ် ဖာနန်ဒက်စ်ကတော့ လက်ရှိ ပီအက်စ်ဂျီ နည်းပြ တူချယ်ဟာ ပီအက်စ်ဂျီအသင်းကို ကွာတာရီအုပ်စုက (၂၀၁၁) ခုနှစ်မှာ ဝယ်ယူခဲ့ပြီးတဲ့နောက် အညံ့ဆုံး PSG နည်းပြပါလို့ ပြောသွားခဲ့ပါတယ်။ Qatar Sports Investments လို့ ခေါ်တဲ့ ကွာတာ အားကစား ရင်းနှီးမြုပ်နှံအဖွဲ့ဟာ (၂၀၁၁) ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ဝယ်ယူပြီးတဲ့နောက် ချန်ပီယံလိဂ် ဖလား ရနိုင်ဖို့အတွက် နေမာ နဲ့ အမ်ဘာပေတို့လို ထိပ်သီး ကစားသမားတွေ ခေါ်ယူခဲ့ပါတယ်။

 

Photo Credit: Goal

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်နိုင်ငံရဲ့ အဓိက ပြည်တွင်းလိဂ် ပြိုင်ပွဲ ဖြစ်တဲ့ လီးဂူးဝမ်းပြိုင်ပွဲကို စိုးမိုးနေနိုင်ပေမဲ့လည်း ဥရောပရဲ့ အကြီးမားဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကိုတော့ တစ်ကြိမ်မှ မရသေးတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်ဖလား ပြိုင်ပွဲမှာ ဒီယွန်းအသင်းကို (၁-၆) နဲ့ အနိုင်ရခဲ့ပေမဲ့လည်း ပီအက်စ်ဂျီ နည်းပြဟောင်း လူးဝစ် ဖာနန်ဒက်စ်ကတော့ တူချယ်ဟာ အညံ့ဆုံး ပီအက်စ်ဂျီ နည်းပြပါလို့ ပြောသွားပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီ နည်းပြဟောင်း လူးဝစ် ဖာနန်ဒက်စ်ဟာ DPA သတင်းနဲ့ အမေးအဖြေ ပြုလုပ်ရာမှာ သူက “ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီအသင်းရဲ့ ရလဒ်အရ ပြောရမယ် ဆိုရင်တော့ တူချယ်က ပီအက်စ်ဂျီအသင်းကို ကွာတာရီအုပ်စုက ဝယ်ယူခဲ့စဉ်ကတည်းက အညံ့ဆုံးနည်းပြပါ။ သူဟာ နည်းပြ ဂျာဂျင် ကလော့ပ်၊ နည်းပြ ပက် ဂွါဒီယိုလာ ဒါမှမဟုတ် နည်းပြ အန်ဆယ်လော့တီတို့ရဲ့ အဆင့်ကို ရောက်နိုင်ဖို့ အဝေးကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်”လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။