စပိန်လာလီဂါ ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့ရဲ့ လက်ရှိ အသင်းနည်းပြ ကားလို့အန်စလော့တီနဲ့ နောက်တစ်ကြိမ် လက်တွဲဖြုတ်ဖြစ်ခဲ့မယ်ဆိုရင် ဝါရင့်နည်းပြကြီးရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီလူမျိုးနည်းပြ သောမတ်စ်တူဟယ်လ်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ စပိန်မီဒီယာ Sport ကနေ ဖော်ပြသွားခဲ့ပါတယ်။

Carlo Ancelotti to Everton: Italian legend becomes Toffees manager, watches  ugly display - CBSSports.com

Photo Credit : CBS Sports

အတွေ့အကြုံရင့် ဝါရင့် အီတလီလူမျိုးနည်းပြကြီး အန်စလော့တီဟာ ဒီနှစ်ဘောလုံးရာသီအစမှာပဲ အဲဗာတန်ကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းကို လာလီဂါမှာ ချန်ပီယံဆု ရယူပေးဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေသလို ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ထိ တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။ ဒါပေမယ့် ရီးယဲလ်အသင်းရဲ့ လက်ရှိ Form က အားရစရာ အနေအထားမှာ ရှိမနေသေးသလို ဘာစီလိုနာကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အယ်ကလက်စီကိုဒါဘီပွဲမှာလည်း အန်စလော့တီရဲ့ နည်းဗျူဟာအမှားတွေ ရှိခဲ့တာကြောင့် ရီးယဲလ်ဘုတ်အဖွဲ့ဝင်တွေသာ အန်စလော့တီနဲ့ လက်တွဲဖြုတ်ခဲ့မယ်ဆိုရင် ဘယ်နည်းပြ ရောက်လာမလဲဆိုတာ စိတ်ဝင်စားနေပါတယ်။

Thomas Tuchel is top target on Manchester United shortlist ahead of  Mauricio Pochettino and Erik ten Hag – Paper Round - Eurosport

Photo Credit : Eurosport

ဥရောပထိပ်သီး ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အန်စလော့တီဟာ ရီးယဲလ်အသင်းမှာ ရေရှည်ကိုင်တွယ်နိုင်မယ့် နည်းပြမျိုး မဟုတ်တဲ့အတွက် တကယ်လို့ အန်စလော့တီနဲ့ နောက်တစ်ကြိမ် လက်တွဲဖြုတ်မယ်ဆိုရင် အသင်းမှာ အချိန်ကာလကြာကြာ လက်တွဲနိုင်မယ့် နည်းပြမျိုးနဲ့သာ အစားထိုးချင်နေပြီး လက်ရှိမှာ ပီအက်စ်ဂျီအသင်းနည်းပြ မာရီစီယိုပိုချက်တီနိုကို ပစ်မှတ်ထားနေသလို ပီအက်စ်ဂျီရဲ့ နည်းပြဟောင်းလည်းဖြစ် ချယ်လ်ဆီးအသင်းရဲ့ လက်ရှိနည်းပြလည်းဖြစ်တဲ့ တူဟယ်လ်ကိုပါ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းကို ရာသီဝက်ကနေ ကိုင်တွယ်ပြီး ချန်ပီယံလိဂ်ဆုဖလားကြီးပါ ရယူပေးနိုင်ခဲ့တဲ့ နည်းပြတူဟယ်လ်ဟာ ချယ်လ်ဆီးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောဆိုထားပေမယ့်လည်း အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် အသင်း ဘဏ္ဍာရေးပိုင်း ယိုင်နဲ့လာတဲ့အခါ တူဟယ်လ်ပါ အသင်းနဲ့ လမ်းခွဲလာနိုင်ဖွယ် ရှိနေတဲ့အတွက် တူဟယ်လ်ဟာ နည်းပြသစ် ရှာပုံတော်ဖွင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သေးသလို အခုလည်း ချန်ပီယံလိဂ်မှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရသွားဦးမယ့် ရီးယဲလ်နဲ့ပါ သတင်းထွက်နေတာ ဖြစ်ပါတယ်။