မနေ့က ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြသောမတ်စ်တူဟယ်လ်ရဲ့ သတင်းက အတော်လေးကို အံ့သြမှင်သက်စရာ ဖြစ်ခဲ့ရပြီး ဘောလုံးပရိသတ်များစွာကလည်း မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဒီလို ထုတ်ပယ်ခံရမှုနောက်မှာ ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီနဲ့ တူဟယ်လ်တို့ကြားမှာ အဆင်မပြေမှုတွေ များစွာရှိနေရကြောင်းနဲ့ ဒီထဲမှာ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ခဲ့တဲ့ တူဟယ်လ်ရဲ့ ဆုံးဖြတ်ချက်ဟာလည်း အပါအဝင် ဖြစ်နေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းက အင်္ဂါနေ့ညမှာ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရာမှာ အော်ဆစ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ရှင်အသင်းကို အရေးနိမ့်ခဲ့ရပြီး အဲ့ဒီရှံးပွဲပြီးနောက် (၂၄)နာရီ မပြည့်ခင်မှာပဲ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ရုတ်တရက်ကြီး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ တူဟယ်လ်က ချယ်လ်ဆီးကို ရောက်ရှိပြီးနောက်မှာ အသင်းအတွက် ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပြီး တစ်ဆက်တည်းမှာပဲ ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာဖလားတွေကိုပါ တစ်ပါတည်း ယူဆောင်နိုင်ခဲ့တဲ့ အသင်းရဲ့ ပထမဆုံးသော ဂျာမနီလူမျိုး ဘောလုံးနည်းပြတစ်ဦး ဖြစ်သလို sanction ပြသာနာကြောင့် ချန်ပီယံလိဂ် လိုင်လီနဲ့ပွဲကို သွားဖို့အတွက် လေယာဉ်အခက်အခဲ ဖြစ်နေချိန် သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပ်ို့ပေးမယ်လို့ပါ ပြောဆိုထားခဲ့ဖူးတဲ့ ပရိသတ်အချစ်တော် နည်းပြတစ်ဦး ဖြစ်ပါတယ်။

Chelsea owner Todd Boehly wants Cristiano Ronaldo as marquee transfer… but Thomas Tuchel not sold on Man Utd superstar | The Sun

Photo Credit : The Sun

တူဟယ်လ်က ချယ်လ်ဆီးကို ပွဲ(၁၀၀)အတိ ကိုင်တွယ်ခဲ့ပြီးနောက်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲ အပါအဝင် ဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သလို ပြည်တွင်းဖလားတွေကလွဲလို့ ချန်ပီယံလိဂ် စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။ အသင်းက ပိတ်ဆို့မှုတွေနဲ့ ပိုင်ရှင်မဲ့ ဖြစ်နေချိန်မှာလည်း အသင်းအတွက် အကောင်းဆုံး ရပ်တည်ပေးနိုင်ခဲ့သူဖြစ်တဲ့ တူဟယ်လ်ကို ပိုင်ရှင်သစ်ဘိုလီက အားပေးထောက်ခံ့ခဲ့ပြီး ဈေးကွက်ထဲမှာပါ ထိပ်တန်းကစားသမား အများအပြားကို ခေါ်ယူဖြည့်တင်းပေးခဲ့ပါတယ်။ ဒါပေမယ့် ဘိုလီက ဒီနွေမှာ အနာဂတ် အခြေအနေ အတော်လေးကို လှုပ်ခတ်နေခဲ့တဲ့ စူပါစတား ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူဖို့အတွက် ရော်နယ်လ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်နဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း တူဟယ်လ်က ရော်နယ်လ်ဒိုကို အသင်းအတွက် အလိုမရှိကြောင်းနဲ့ ရော်နယ်လ်ဒိုက အသင်းရဲ့ အဝတ်လဲခန်းအတွင်း ကစားသမားတွေရဲ့ စိတ်ဓါတ်ကို ထိခိုက်စေနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ကာ ခေါ်ယူဖို့ကို ပယ်ချခဲ့ပါတယ်။ အဲ့ဒီလို ပယ်ချခဲ့မှုက ချယ်လ်ဆီးပိုင်ရှင် ဘိုလေနဲ့ ချယ်လ်ဆီးနည်းပြဟောင်း တူဟယ်လ်တို့ကြားမှာ မပြေလည်မှုတွေ များစွာ ဖြစ်ပေါ်စေခဲ့ရတယ်လို့ ဂျာမန်နာမည်ကျော် သတင်းထောက် ခရစ္စတီယန်ဖောက်က သူရဲ့တွစ်တာကနေ ဖော်ပြလာပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးဟာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်သွားဖို့အတွက် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။