ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ သောမတ်စ် တူချယ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဓိက ခံစစ်မှူး ရူဒီဂါကို စာချုပ်သက်တမ်း တိုးနိုင်လိမ့်မယ်လို ယုံကြည်ထားကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမန် လက်ရွေးစင် ဗဟိုခံစစ်မှူး ရူဒီဂါဟာ ချယ်လ်ဆီးအသင်းရဲ့ သက်တော်ရှည် ကစားသမားတွေထဲက တဦး ဖြစ်ပေမယ့် သူ့ရဲ့ လက်ရှိစာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို ရှိပါတယ်။

Photo Credit: Sky Sports

ရူဒီဂါဟာ သောမတ်စ် တူချယ်ရဲ့ လက်အောက်မှာ သီယာဂို ဆေးလ်ဗားနဲ့ တွဲဖက်ပြီး အသင်းရဲ့ အဓိက နောက်ခံလူ အဖြစ် ခြေစွမ်းပြနေတာကြောင့် ချယ်လ်ဆီးအသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေပေမယ့် စာချုပ်သစ် ချုပ်ဆိုနိုင်ဖိုတော့ သဘောတူညီမှု မရသေးပါဘူး။

အထူးသဖြင့် ရူဒီဂါဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သစ်မှာ တနှစ်ကို လုပ်ခလစာ ယူရို ၁၂သန်း အထိ လိုချင်နေပေမယ့် ချယ်လ်ဆီးအသင်း ကတော့ ယူရို ၁၀သန်းသာ ပေးချင်နေတာကြောင့် ချယ်လ်ဆီးအသင်းနဲ့ ရူဒီဂါတိုရဲ့ ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို ကြန့်ကြာနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့် ချယ်လ်ဆီးအသင်းရဲ့ ဘုတ်အဖွဲဝင်တွေနဲ့ နည်းပြအဖွဲဝင်တွေက ရူဒီဂါကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို ယုံကြည်ချက် ရှိနေပြီး ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ တူချယ်ကလည်း သူတိုဟာ ရူဒီဂါကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို အလားအလာ ကောင်းနေကြောင်း ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

တူချယ်က – “ရူဒီဂါရဲ့ စွမ်းဆောင်ရည်က အတော်လေးကို ကောင်းနေပါတယ်။ စာချုပ်သစ်ကိစ္စကလည်း သူ့ရဲ့စိတ်ဓာတ် ၊ သူ့ရဲ့ အရည်အသွေးနဲ့ အသင်းအပေါ် ပေးဆပ်မှုတွေကို မထိခိုက်စေပါဘူး။ သူက အခုချိန်မှာ ချယ်လ်ဆီးအသင်း အတွက်ပဲ အာရုံစိုက်ထားပါတယ်။ ကျွန်တော်ကတော့ သူဟာ အသင်းရဲ့ ယုံကြည်မှု ၊ လေးစားမှုနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတိုကို ခံစား နားလည်နိုင်လိမ့်မယ်လို ထင်ပါတယ်။ သူက ယှဉ်ပြိုင်လိုစိတ် ပြင်းထန်တဲ့ ကစားသမား တဦး ဖြစ်ပြီး မှန်ကန်တဲ့ နေရာကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူက ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလိဂ်ကို ရောက်ရှိနေတာပါ။ ပြီးတော့ သူက သူ့အတွက် အသင့်တော်ဆုံး အသင်းမှာ ရှိနေတာပါ။ ဒါကြောင့် စိတ်ရှည်ပါလိုပဲ ပြောချင်ပါတယ်။ ကျွန်တော်တိုတွေ သူ့ကို စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။