ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်သလို လက်ရှိ ဥရောပ ချန်ပီယံလည်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ သူတို့အသင်းက ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ ၂ဂိုးပြတ် အနိုင်ရဖို့ ဆိုတာ မလွယ်ကူကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကို အကြိမ်ရေ အများဆုံး ဆွတ်ခူးထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးတို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြတာ ဖြစ်ပြီး ပထမအကျော့ အဖြစ် ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ် ဘရေ့ချ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့စဉ်က ဧည့်သည် ရီးရဲလ်မက်ဒရစ်ဟာ အဓိက တိုက်စစ်မှူး ဘန်ဇီမာရဲ့ ဟက်ထရစ်နဲ့အတူ ချယ်လ်ဆီးကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။

Photo Credit: Marca

ဒါကြောင့်ပဲ ချယ်လ်ဆီးအနေနဲ့ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ဆိုရင် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဒုတိယအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိမ့်ဆုံး ၂ဂိုးပြတ် အနိုင်ရဖို့ လိုအပ်နေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ကံနဲ့ အတွေ့အကြုံတွေကြောင့် ချယ်လ်ဆီးက အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၂ဂိုးပြတ် အနိုင်ယူဖို့ ဆိုတာ မလွယ်ကူတဲ့ အရာတခုပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးနည်းပြဖြစ်သူ တူဟယ်လ်ကလည်း သူတို့ဟာ အဝေးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၂ဂိုးပြတ် အနိုင်ရဖို့ ဆိုတာ မလွယ်ကူကြောင်း ဖွင့်ဟ ဝန်ခံထားပြီး ရီးရဲလ်မက်ဒရစ်ကို ၂ဂိုးပြတ် အနိုင်ရဖို့ မလွယ်ကူပေမယ့် သူတို့အသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

တူဟယ်လ်က – “ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ဆိုတာ လွယ်ကူတဲ့ စိန်ခေါ်မှု တခု မဟုတ်တာ သေချာပါတယ်။ ပြီးတော့ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရုံနဲ့ မပြီးသေးပါဘူး။ ၂ဂိုးပြတ် နိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ လုပ်ရမယ့် ကိစ္စက မဖြစ်နိုင်တဲ့ ကိစ္စရပ် တခုလိုပါပဲ။ ကျွန်တော်တို့တွေ ရီးရဲလ်မက်ဒရစ်ကို ၂ဂိုးပြတ် အနိုင်ရဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းက ကိုယ့်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်မှပဲ ဒီလိုမျိုး ရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်မှန်းနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ရာနှုန်းပြည့် ထွက်လာအောင် မကြိုးစားဖူးသလို ရီးရဲလ်မက်ဒရစ်ကို ၂ဂိုးပြတ် အနိုင်ရဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ” လို့ ဖွင့်ဟ ဝန်ခံသွားခဲ့တာပဲ ဖြစ်ပါတယ်။