အိုေလဂန္နာဆုိးလ္ရွား အသင္းကုိ ကုိင္တြယ္ခ်ိန္ကေနစၿပီး လက္ရွိအခ်ိန္ထိ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ လူစာရင္းမွာမွာ လူငယ္ကစားသမားေလးေတြ စိမ့္ဝင္လာမႈက တျဖည္းျဖည္းမ်ားျပားလာခဲ႔ပါတယ္။ ဒီႏွစ္ေဘာလုံးရာသီမွာဆုိရင္လည္း ကစားသမားသစ္ေခၚယူမႈကုိ ၃ဦးသာ ျပဳလုပ္ခဲ႔ၿပီး အကယ္ဒမီက လူငယ္ကစားသမားေလး ၄ဦးကုိ အသင္းႀကီးစာရင္းသြင္း ေခၚယူျဖစ္ခဲ႔ပါတယ္။ ဒါေပမယ့္ အသင္းမွာက စီနီယာကစားသမားေကာင္းေတြ ရွိေနေသးေတာ့ ခ်က္ခ်င္းႀကီး ေနရာရဖို႔က မလြယ္ကူေသးပဲ အရန္ကစားသမားအျဖစ္နဲ႔ တျဖည္းျဖည္းခ်င္း ကစားခြင့္ေတြကုိ ရရွိလာႏုိင္ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အသင္းက ဒီရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကုိ ၄ပြဲကစားထားၿပီး ၁ပြဲပဲ အႏုိင္ရထားေသးကာ ၂ပြဲသေရက်ၿပီး ၁ပြဲရွုံးနိမ့္ထားခဲ႔ပါတယ္။ ရမွတ္ ၅မွတ္နဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္၈ေနရာမွာ ရပ္တည္ေနရတဲ႔ ယူႏုိက္တက္အသင္းဟာ လာမယ့္ စေနေန႔မွာေတာ့ သူတုိ႔အသင္းကုိ ဒုကၡေပးႏုိင္မယ့္ လက္စတာစီးတီးအသင္းနဲ႔ အိမ္ကြင္းအိုးထရက္ဖုိ႔ဒ္မွာ ကစားရမွာျဖစ္ပါတယ္။ လက္စတာက ပရီးမီးယားလိဂ္မွာ ရွုံးပြဲမရွိေသးပဲ အဆင့္၃ေနရာမွာ ရပ္တည္ေနသလုိ လက္ရွိ ယူႏုိက္တက္အသင္းဆီမွာလည္း ဒဏ္ရာရ ကစားသမားဦးေရက မ်ားျပားေနတာေၾကာင့္ ယူႏုိက္တက္အတြက္ အေတာ္ေလးကုိ အက်ပ္ရုိက္ေစႏုိင္ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္ရဲ႕ ခံစစ္ျပသာနာေတြက အသင္းရဲ႕ အဆုိးဆုံးအေနအထား ျဖစ္လာႏုိင္ပါတယ္။ လက္ရွိ ယူႏုိက္တက္ရဲ႕ ေနာက္တန္းမွာ အဲရစ္ဘုိင္လီ လုခ္ေရွာ ဒါေလာ့ ဖုိဆူမန္ဆာနဲ႔ အာရႊန္ဝမ္ဘစ္ဆာခါတုိ႔ ၅ဦးလုံးက ဒဏ္ရာျပသာနာေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒီ၅ေယာက္ထဲမွာ ဘုိင္လီ မန္ဆာ လုခ္ေရွာတုိ႔က လက္စတာနဲ႔ပြဲကုိ ေသခ်ာေပါက္လြဲေခ်ာ္ရဖုိ႔ ရွိေနၾကၿပီး ဘစ္ဆာခါနဲ႔ ဒါေလာ့တုိ႔အေျခအေနကေတာ့ ေစာင့္ၾကည့္ရဦးမယ့္ အေနအထားမွာသာ ရွိလုိ႔ေနပါတယ္။ ဒါေၾကာင့္ လာမယ့္လက္စတာအသင္းနဲ႔ပြဲမွာ အက္စ္ဇယ္တြမ္ဇီဘီက ယူႏုိက္တက္အသင္းရဲ႕ ပြဲထြက္ကစားသမားအျဖစ္ပါ ပါဝင္လာႏုိင္ပါတယ္။

Photo Credit : Getty Images

ယူႏုိက္တက္အကယ္ဒမီကေန ထြက္ေပၚလာခဲ႔တဲ႔ ေနာက္ခံလူ တြမ္ဇီဘီဟာ မႏွစ္က ေဘာလုံးရာသီမွာ အက္စတြန္ဗီလာအသင္းဆီကုိ တစ္ရာသီအငွားနဲ႔ သြားေရာက္ကစားခဲ႔ၿပီး အသင္းမွာ ပုံမွန္ေနရာရေအာင္ ကစားျပႏုိင္ခဲ႔ပါတယ္။ ဗဟုိခံစစ္ကစားသမားတစ္ေယာက္ျဖစ္ေပမယ့္ ရံဖန္ရံခါ ညာေနာက္ခံလူအျဖစ္ ကစားတတ္သူျဖစ္တာေၾကာင့္ တကယ္လုိ႔မ်ား ဝမ္ဘစ္ဆာခါေရာ ဒါေလာ့ပါ လက္စတာအသင္းနဲ႔ပြဲကုိ လြဲေခ်ာ္ရမယ္ဆုိရင္ေတာ့ တြမ္ဇီဘီက ေနာက္ခံအစြန္လူအျဖစ္နဲ႔ ဝင္ေရာက္ကစားႏုိင္ပါတယ္။ ယူႏိုက္တက္ပရိသတ္ေတြကလည္း တြမ္ဇီဘီကုိ ခံစစ္မွာ အမွားေတြမ်ားေနတဲ႔ လင္ဒီေလာ့ေနရာမွာ ဝင္ကစားခ်င္ေနတာေၾကာင့္ လာမယ့္လက္စတာနဲ႔ပြဲမွာ တြမ္ဇီဘီကုိ ျမင္ေတြ႔ခြင့္ရလာႏုိင္မလားဆုိတာ ေစာင့္ၾကည့္သြားရပါလိမ့္မယ္။

(Unicode)

အိုလေဂန်နာဆိုးလ်ရှား အသင်းကို ကိုင်တွယ်ချိန်ကနေစပြီး လက်ရှိအချိန်ထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာမှာ လူငယ်ကစားသမားလေးတွေ စိမ့်ဝင်လာမှုက တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း ကစားသမားသစ်ခေါ်ယူမှုကို ၃ဦးသာ ပြုလုပ်ခဲ့ပြီး အကယ်ဒမီက လူငယ်ကစားသမားလေး ၄ဦးကို အသင်းကြီးစာရင်းသွင်း ခေါ်ယူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းမှာက စီနီယာကစားသမားကောင်းတွေ ရှိနေသေးတော့ ချက်ချင်းကြီး နေရာရဖို့က မလွယ်ကူသေးပဲ အရန်ကစားသမားအဖြစ်နဲ့ တဖြည်းဖြည်းချင်း ကစားခွင့်တွေကို ရရှိလာနိုင်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အသင်းက ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၄ပွဲကစားထားပြီး ၁ပွဲပဲ အနိုင်ရထားသေးကာ ၂ပွဲသရေကျပြီး ၁ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ ရမှတ် ၅မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၈နေရာမှာ ရပ်တည်နေရတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် စနေနေ့မှာတော့ သူတို့အသင်းကို ဒုက္ခပေးနိုင်မယ့် လက်စတာစီးတီးအသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ပါတယ်။ လက်စတာက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပဲ အဆင့်၃နေရာမှာ ရပ်တည်နေသလို လက်ရှိ ယူနိုက်တက်အသင်းဆီမှာလည်း ဒဏ်ရာရ ကစားသမားဦးရေက များပြားနေတာကြောင့် ယူနိုက်တက်အတွက် အတော်လေးကို အကျပ်ရိုက်စေနိုင်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်ရဲ့ ခံစစ်ပြသာနာတွေက အသင်းရဲ့ အဆိုးဆုံးအနေအထား ဖြစ်လာနိုင်ပါတယ်။ လက်ရှိ ယူနိုက်တက်ရဲ့ နောက်တန်းမှာ အဲရစ်ဘိုင်လီ လုခ်ရှော ဒါလော့ ဖိုဆူမန်ဆာနဲ့ အာရွှန်ဝမ်ဘစ်ဆာခါတို့ ၅ဦးလုံးက ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီ၅ယောက်ထဲမှာ ဘိုင်လီ မန်ဆာ လုခ်ရှောတို့က လက်စတာနဲ့ပွဲကို သေချာပေါက်လွဲချော်ရဖို့ ရှိနေကြပြီး ဘစ်ဆာခါနဲ့ ဒါလော့တို့အခြေအနေကတော့ စောင့်ကြည့်ရဦးမယ့် အနေအထားမှာသာ ရှိလို့နေပါတယ်။ ဒါကြောင့် လာမယ့်လက်စတာအသင်းနဲ့ပွဲမှာ အက်စ်ဇယ်တွမ်ဇီဘီက ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ်ပါ ပါဝင်လာနိုင်ပါတယ်။

Photo Credit : Getty Images

ယူနိုက်တက်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ နောက်ခံလူ တွမ်ဇီဘီဟာ မနှစ်က ဘောလုံးရာသီမှာ အက်စတွန်ဗီလာအသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ပြီး အသင်းမှာ ပုံမှန်နေရာရအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဗဟိုခံစစ်ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ရံဖန်ရံခါ ညာနောက်ခံလူအဖြစ် ကစားတတ်သူဖြစ်တာကြောင့် တကယ်လို့များ ဝမ်ဘစ်ဆာခါရော ဒါလော့ပါ လက်စတာအသင်းနဲ့ပွဲကို လွဲချော်ရမယ်ဆိုရင်တော့ တွမ်ဇီဘီက နောက်ခံအစွန်လူအဖြစ်နဲ့ ဝင်ရောက်ကစားနိုင်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကလည်း တွမ်ဇီဘီကို ခံစစ်မှာ အမှားတွေများနေတဲ့ လင်ဒီလော့နေရာမှာ ဝင်ကစားချင်နေတာကြောင့် လာမယ့်လက်စတာနဲ့ပွဲမှာ တွမ်ဇီဘီကို မြင်တွေ့ခွင့်ရလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။