နယူးကာဆယ်ယူနိုက်တက်အသင်းကို ငွေကြေးအင်အား အလွန်တောင့်တင်းတဲ့ စီးပွားရေးသမားကြီးတွေ ဝယ်ယူလိုက်ချိန်မှာ အသင်းပရိသတ်တွေရဲ့ အသင်းအပေါ် မျှော်လင့်ချက်တွေက အလွန်ကြီးမားလာခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အမှတ်ပေးဆုဖလား စိန်ခေါ်နိုင်မယ့် အနေအထားထိပါ ရောက်ရှိလာဖို့ မျှော်လင့်လာကြပေမယ့် အဲ့ဒီလို အနေအထားမျိုး ရောက်လာဖို့က (၅)နှစ်(၆)နှစ်လောက်ကို အချိန်ယူရဦးမယ်လို့ အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Newcastle takeover part of wider £1.1bn 'sport washing programme' report  claimed | Football | Sport | Express.co.uk

Photo Credit : Daily Express

နယူးကာဆယ်အသင်းကို ဆော်ဒီမင်းသား မိုဟာမက်ဘင်ဆယ်လ်မန် ပိုင်ဆိုင်တဲ့ Saudi Arabian Public Investment Fund က အသင်းရဲ့ ရှယ်ယာ (၈၀)%လောက် ဝယ်ယူခဲ့ပြီး ကလပ်အသင်းရဲ့ အစုရှယ်ယာအများဆုံးနဲ့ အသင်းပိုင်ရှင် ဖြစ်လာခဲ့ရချိန်မှာ ဇန်နဝါရီစျေးကွက်အတွင်း အသုံးစရိတ် ပေါင်သန်း(၉၀)ထိ အသုံးပြုပြီး ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒီလို ခေါ်ယူမှုကြောင့် နယူးကာဆယ်ဟာ တန်းဆင်းဇုန်ကနေပါ လုံးဝကို လွတ်မြောက်သွားခဲ့ရသလို လာမယ့်နှစ်မှာပါ ဥရောပဝင်ခွင့်တွေအပြင် ဆုဖလားတွေပါ စိန်ခေါ်လာနိုင်တော့မယ်လို့ အားလုံးက ထင်ကြေးပေးနေကြပေမယ့် ဒီလို ဖြစ်လာဖို့က အချိန်အတိုင်းအတာတစ်ခု လိုအပ်တယ်လို့ ထရစ်ပီယာက ထောက်ပြသွားခဲ့ပါတယ်။

Former Newcastle United favourite claims Kieran Trippier 'set the tone' for  recent success - Chronicle Live

Photo Credit : Chronicle Live

နယူးကာဆယ်က title challenger အသင်းတစ်သင်း အလျင်အမြန်နဲ့ ဖြစ်လာနိုင်မလားလို့ မေးမြန်းလာခဲ့တဲ့ မေးခွန်းအပေါ်ကို ထရစ်ပီယာက “မဖြစ်နိုင်ဘူး။ လုံးဝကို မဖြစ်နိုင်ပါဘူး။ ကျွန်တော် မန်စီးတီးအသင်းမှာ ရှိနေတုန်းက အသင်းကို ငွေကြေးအင်အားကောင်းတဲ့ ပိုင်ရှင်တွေ ပိုင်ဆိုင်သွားချိန်မှာ ကျွန်တော်ရဲ့ ပွဲကစားခွင့်တွေ ရရှိဖို့အတွက် အသင်းကနေ ထွက်ခွာခဲ့ရတယ်။ မန်စီးတီးမှာ ပိုင်ရှင်အပြောင်းအလဲ ဖြစ်သွားပြီးနောက်ပိုင်း တိုးတတ်လာတဲ့ ပုံစံတွေကို မြင်တွေ့လာရတာမို့ အခုလည်း အားလုံးက နယူးကာဆယ်ကို မန်စီးတီးလို ဖြစ်လာမလားဆိုပြီး ကြည့်လာကြတယ်။ ကျွန်တော် ဒီကို စရောက်ချိန်တုန်းက ပြောခဲ့ဖူးသလိုပါပဲ။ ညတွင်းချင်းတော့ ဖြစ်မှာမဟုတ်ပါဘူး။ (၅)နှစ်လောက် ကြာနိုင်တယ်။ (၆)နှစ်လောက်လည်း ကြာနိုင်တယ်။ လူတိုင်းက စိတ်ရှည်ရလိမ့်မယ်။ ဒါပေမယ့် သူတို့က မှန်ကန်တဲ့ ခြေလှမ်းတွေကို လုပ်ဆောင်နေတာဖြစ်သလို ဒါကလည်း သင်တို့မဖြစ်မနေ လုပ်ရမယ့် ကိစ္စတွေပါ။ ကလပ်အသင်း ရှေ့ဆက်ဖို့အတွက် လုပ်ကိုလုပ်ရမယ့် ကိစ္စရပ်တွေကို နယူးကာဆယ်ဘက်က ဆက်တိုက်လုပ်ဆောင်နေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။