ေဘာလုံးၿပိဳင္ပြဲေတြအတြင္း ဗီဒီယုိအကူဒုိင္လူႀကီးလုိ႔ေခၚဆုိတဲ႔ VAR စနစ္ ဝင္ေရာက္လာခ်ိန္အတြင္း ဒုိင္ေတြရဲ႕ဆုံးျဖတ္ခ်က္ေတြဟာ ပုိမုိတိက်လာလိမ့္မယ္လုိ႔ ယူဆခဲ႔ေပမယ့္လည္း တကယ္တမ္းမွာေတာ့ VAR ေၾကာင့္ အျငင္းပြားဖြယ္ေတြသာ ျဖစ္ေပၚလာခဲ႔ရၿပီး ပင္နယ္တီပေပးသင့္တာကုိ ေပးလုိက္ရတာေတြ ဂုိးဝင္ၿပီးမွ သြင္းဂုိးပယ္ဖ်က္တာေတြ ျပစ္ဒဏ္ပမာဏႀကီးမားသြားတာေတြလုိ ကိစၥရပ္ေတြ ဆက္တုိက္ျဖစ္ေပၚေနရလုိ႔ ေဘာလုံးပရိသတ္မ်ားစြာက VAR စနစ္အေပၚမွာ စိတ္ပ်က္လ်က္ရွိေနၾကကာ စနစ္အေပၚ ျပန္လည္သုံးသပ္မႈေတြ ျပဳလုပ္ၾကဖုိ႔ တုိက္တြန္းေျပာဆုိလာခဲ႔ၾကပါတယ္။

Photo Credit : The National

အဆုိပါ VAR ကိစၥဟာ ေဘာလုံးနယ္ပယ္မွာသာမပဲ WWE နပန္းၿပိဳင္ပြဲအထိမွာပါ သြားၿပီးသက္ေရာက္ခဲ႔ၿပီး အဂၤလန္ႏုိင္ငံမွာ လာေရာက္က်င္းပခဲ႔တဲ႔ WWE ရဲ႕NXT ၿပိဳင္ပြဲမွာလည္း ပရိသတ္ေပါင္းမ်ားစြာက WWE မွာပါ VAR စနစ္ကုိ သုံးစြဲဖုိ႔ ေအာ္ဟစ္ေတာင္းဆုိခဲ႔ၾကပါတယ္။ ဒီကိစၥရပ္နဲ႔ပတ္သက္ၿပီး WWE ရဲ႕ဝါရင့္နပန္းသမားႀကီးျဖစ္သလုိ NXT ၿပိဳင္ပြဲငယ္ကုိပါ တည္ေထာင္ခဲ႔တဲ႔ Triple H က သူတုိ႔ရဲ႕နပန္းေဖ်ာ္ေျဖမႈပြဲေတြမွာ VAR လုိ စနစ္မ်ိဳးကုိ ဘယ္ေတာ့မွ သုံးစြဲစရာမလုိအပ္ဘူးလုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Cageside Seats

WWE ၿပိဳင္ပြဲဟာ အားကစားေခါင္းစဥ္ေအာက္မွာ ပါဝင္ေနတဲ႔ နပန္းၿပိဳင္ပြဲမ်ိဳးမဟုတ္ပဲ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔သာ ယွဥ္ၿပိဳင္ကစားလုိ႔ေနတဲ႔ ေဖ်ာ္ေျဖေရးအသားေပးၿပိဳင္ပြဲႀကီးသာ ျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ေပါင္းမ်ားစြာ ကမာၻ႕ႏုိင္ငံအသီးသီး လည္ပတ္က်င္းပႏုိင္ခဲ႔တဲ႔အထိ ေအာင္ျမင္လြန္းခဲ႔တဲ႔ ၿပိဳင္ပြဲႀကီးျဖစ္လုိ႔ အခုခ်ိန္ထိကုိ ပရိသတ္ေပါင္းမ်ားစြာရဲ႕ႏွစ္ၿခိဳက္အားေပးမႈကုိ ဆက္တုိက္ရရွိေနတာျဖစ္ပါတယ္။ ဇာတ္ညြန္းေရးသားထားမႈအတုိင္းသာ ရုိက္ကူးတင္ဆက္ထားတဲ႔ နပန္းေဖ်ာ္ေျဖမႈသာျဖစ္လုိ႔ တိက်တဲ႔ဆုံးျဖတ္ခ်က္ေတြ မလုိအပ္တာေၾကာင့္ အခုလုိ VAR နည္းစနစ္ကုိ သုံးစြဲဖို႔ မလုိအပ္ဘူးလုိ႔ ျငင္းဆန္ခဲ႔ရတာပဲျဖစ္ပါတယ္။

Photo Credit : Cageside Seats

NXT ၿပိဳင္ပြဲဆုိတာ WWE ကေန ခြဲထြက္လာတဲ႔ နပန္းၿပိဳင္ပြဲတစ္ခုျဖစ္ၿပီး WWE ရဲ႕ နာမည္ေက်ာ္ Brand ႀကီးႏွစ္ခုျဖစ္တဲ႔ RAW နဲ႔ Smack Down တုိ႔ဆီကုိ တုိက္ရုိက္ဝင္ေရာက္ႏုိင္ျခင္းမရွိတဲ႔ ဂ်ဴနီယာနပန္းသမားေတြ ယွဥ္ၿပိဳင္ကစားရတာျဖစ္ၿပီးကေန အဲ႔ဒီကေနတစ္ဆင့္ နာမည္ေက်ာ္ Brand ေတြဆီကုိ ေရာက္ရွိလာခဲ႔ၾကတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ NXT Champion အျဖစ္ အေမရိကန္နပန္းသမား အဒမ္ကုိးလ္က ဆြတ္ခူးထားနုိင္ခဲ႔ပါတယ္။

(Unicode)

WWE နပန်းပြိုင်ပွဲတွေအတွင်းမှာ VAR ကို လုံးဝသုံးစွဲမှာမဟုတ်ဘူးလို့ Triple H ဖွင့်ဟ

ဘောလုံးပြိုင်ပွဲတွေအတွင်း ဗီဒီယိုအကူဒိုင်လူကြီးလို့ခေါ်ဆိုတဲ့ VAR စနစ် ဝင်ရောက်လာချိန်အတွင်း ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေဟာ ပိုမိုတိကျလာလိမ့်မယ်လို့ ယူဆခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ VAR ကြောင့် အငြင်းပွားဖွယ်တွေသာ ဖြစ်ပေါ်လာခဲ့ရပြီး ပင်နယ်တီပပေးသင့်တာကို ပေးလိုက်ရတာတွေ ဂိုးဝင်ပြီးမှ သွင်းဂိုးပယ်ဖျက်တာတွေ ပြစ်ဒဏ်ပမာဏကြီးမားသွားတာတွေလို ကိစ္စရပ်တွေ ဆက်တိုက်ဖြစ်ပေါ်နေရလို့ ဘောလုံးပရိသတ်များစွာက VAR စနစ်အပေါ်မှာ စိတ်ပျက်လျက်ရှိနေကြကာ စနစ်အပေါ် ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ကြဖို့ တိုက်တွန်းပြောဆိုလာခဲ့ကြပါတယ်။

Photo Credit : The National

အဆိုပါ VAR ကိစ္စဟာ ဘောလုံးနယ်ပယ်မှာသာမပဲ WWE နပန်းပြိုင်ပွဲအထိမှာပါ သွားပြီးသက်ရောက်ခဲ့ပြီး အင်္ဂလန်နိုင်ငံမှာ လာရောက်ကျင်းပခဲ့တဲ့ WWE ရဲ့NXT ပြိုင်ပွဲမှာလည်း ပရိသတ်ပေါင်းများစွာက WWE မှာပါ VAR စနစ်ကို သုံးစွဲဖို့ အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး WWE ရဲ့ဝါရင့်နပန်းသမားကြီးဖြစ်သလို NXT ပြိုင်ပွဲငယ်ကိုပါ တည်ထောင်ခဲ့တဲ့ Triple H က သူတို့ရဲ့နပန်းဖျော်ဖြေမှုပွဲတွေမှာ VAR လို စနစ်မျိုးကို ဘယ်တော့မှ သုံးစွဲစရာမလိုအပ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Cageside Seats

WWE ပြိုင်ပွဲဟာ အားကစားခေါင်းစဉ်အောက်မှာ ပါဝင်နေတဲ့ နပန်းပြိုင်ပွဲမျိုးမဟုတ်ပဲ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့သာ ယှဉ်ပြိုင်ကစားလို့နေတဲ့ ဖျော်ဖြေရေးအသားပေးပြိုင်ပွဲကြီးသာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ ကမ္ဘာ့နိုင်ငံအသီးသီး လည်ပတ်ကျင်းပနိုင်ခဲ့တဲ့အထိ အောင်မြင်လွန်းခဲ့တဲ့ ပြိုင်ပွဲကြီးဖြစ်လို့ အခုချိန်ထိကို ပရိသတ်ပေါင်းများစွာရဲ့နှစ်ခြိုက်အားပေးမှုကို ဆက်တိုက်ရရှိနေတာဖြစ်ပါတယ်။ ဇာတ်ညွန်းရေးသားထားမှုအတိုင်းသာ ရိုက်ကူးတင်ဆက်ထားတဲ့ နပန်းဖျော်ဖြေမှုသာဖြစ်လို့ တိကျတဲ့ဆုံးဖြတ်ချက်တွေ မလိုအပ်တာကြောင့် အခုလို VAR နည်းစနစ်ကို သုံးစွဲဖို့ မလိုအပ်ဘူးလို့ ငြင်းဆန်ခဲ့ရတာပဲဖြစ်ပါတယ်။

Photo Credit : Cageside Seats

NXT ပြိုင်ပွဲဆိုတာ WWE ကနေ ခွဲထွက်လာတဲ့ နပန်းပြိုင်ပွဲတစ်ခုဖြစ်ပြီး WWE ရဲ့ နာမည်ကျော် Brand ကြီးနှစ်ခုဖြစ်တဲ့ RAW နဲ့ Smack Down တို့ဆီကို တိုက်ရိုက်ဝင်ရောက်နိုင်ခြင်းမရှိတဲ့ ဂျူနီယာနပန်းသမားတွေ ယှဉ်ပြိုင်ကစားရတာဖြစ်ပြီးကနေ အဲ့ဒီကနေတစ်ဆင့် နာမည်ကျော် Brand တွေဆီကို ရောက်ရှိလာခဲ့ကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ NXT Champion အဖြစ် အမေရိကန်နပန်းသမား အဒမ်ကိုးလ်က ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။