MySport Myanmar

ရပ်ရှ်ဖို့ဒ်ကို ရပ်တန့်အောင် လုပ်ဖို့က မလွယ်ကူဘူးလို့ အာနိုး ဝန်ခံ

လာမဲ့ Super Sunday မှာ ယှဉ်ပြိုင်ကစားသွားကြတော့မဲ့ လီဗာပူးလ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပွဲစဉ်အတွင်းမှာ မန်ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို ရပ်တန်နိုင်အောင် လုပ်ပစ်ဖို့က မလွယ်ကူဘူးလို့ လီဗာပူးလ် ညာနောက်ခံလူ အလက်ဆန်းဒါးအာနိုးက ဝန်ခံ ပြောဆိုလိုက်ပါတယ်။

Photo Credit : Premier League

လက်ရှိမှာ ရလဒ်ပိုင်းတွေ ကောင်းမွန်နေတဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံမဲ့ပွဲ အင်္ဂလန်ရဲ့ ဒါဘီပွဲတစ်ပွဲ ဖြစ်တာနဲ့အညီ အတော်လေးကို အကြိတ်အနယ် ရှိလာမှာ သေချာနေသလို မန်ယူနိုက်တက်ကလည်း ၂၀၁၆ခုနှစ် နောက်ပိုင်းကတည်းက အန်ဖီးလ်မှာ အနိုင်မရတော့ပဲ ဖြစ်နေပါတယ်။ လတ်တလောမှာ ယူနိုက်တက်က Emirates ကွင်းထဲ အာဆင်နယ်အသင်းကို ကစားထားရတဲ့ ပွဲစဉ်မှာပဲ အရှံးပေးထားခဲ့ရတာဖြစ်ပြီး ၂၀၂၃ခုနှစ်ထဲ အဲ့ဒီပွဲတစ်ပွဲတည်းသာ ရှုံးနိမ့်ထားတာ ဖြစ်သလို အသင်းရဲ့ တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကလည်း တားမရ ဆီးမရအောင် အတော်လေး ခြေစွမ်း ပြသလို့နေပါတယ်။

Photo Credit : Manchester Evening News

ဒီလို ပုံစံကောင်းတစ်ခု ပြသထားနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ သူရဲ့အင်္ဂလန်အသင်းဖော် အာနိုးနဲ့ လီဗာပူးလ်နဲ့ပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီလို တွေ့ဆုံမှုနဲ့ ပတ်သတ်လို့ အာနိုးက “တကယ်ပြောင်းလဲသွားတဲ့ တစ်ခုတည်းသောအရာက သူ မကြာသေးခင်ကမှ ဂိုးတွေ အများကြီး သွင်းယူလာနိုင်ခဲ့တာ။ ဒါပေမဲ့ သူက တူညီတဲ့ ကစားသမားပါပဲ။ သူက အမြဲတမ်း အန္တရာယ်ပေးနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီးတော့ တနင်္ဂနွေပွဲစဉ်မှာလည်း ဒီလို ခြိမ်းခြောက်လာပါလိမ့်မယ်။ ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာနိုင်မှာ ဆိုပေမဲ့ ဒါက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပွဲတစ်ပွဲ ဖြစ်နေသလို ကောင်းမွန်တဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာမှာပါ”

Photo Credit : The Sun

“ရပ်ရှ်ဖို့ဒ်ကို ရပ်တန်ဖို့ ခက်ခဲပါတယ်။ သူက လက်နက်တွေ အများကြီး ကိုင်ဆောင်ထားသလိုပါပဲ။ ဒါပေမဲ့လည်း ဒါက အသင်းလိုက် အားထုတ်မှု ပိုမိုသာကြောင့်လို့ ထင်မိပါတယ်။ သူတို့မှာက မားကပ်ပ်စ်တစ်ဦးတည်း ဆိုတာထက် ပိုမိုပြီး ပိုင်ဆိုင်ထားပါသေးတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လတ်တလောမှာ ပရီးမီးယားလိဂ် (၄)ပွဲဆက်တိုက်အထိ ခံစစ်က ပေးဂိုးမရှိအောင် ကစားထားနိုင်ခဲ့တာဖြစ်လို့ ပွဲတိုင်းနီးပါး ဂိုး ရယူနိုင်နေတဲ့ မန်ယူနိုက်တက် တိုက်စစ်ကို အန်ဖီးလ်မှာ ဟန့်တားသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version